ဝိုက်

စပါးရွေးချယ်ပေါင်းသတ်ဆေး (ဒေါင်းမြီးပျံအထူး)

ဆေးအမည်
ဝိုက်
အစွမ်းရှိပစ္စည်း

Fenoxaprop P ethyl 7.5 EW

ဆေးအမျိုးအစား

ပေါင်းသတ်ဆေး

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

စပါး။

သုံးစွဲရမည့် အချိန်

ပေါင်းပင် အရွက် (၅-၇) ထွက်ချိန် စပါးသက်တမ်း (၁၅-၂၀) ရက်သားတွင် ဖျန်းပါက အကောင်းဆုံးဖြစ်သည်။

ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ပင်လုံးပြန့် နှင့် ထိသေ အာနိသင်ရှိသော ရွေးချယ် ပေါင်းသတ်ဆေး ဖြစ်သည်။
  • Fenoxaprop-p-ethyl 7.5 EW % မှာ ပေါင်းပင်၏ Fatty Acid ဖွဲ့စည်းမူကို တားဆီး၍ သတ်ပေးသည်။
နှုန်းထား
  • စပါးသက်တမ်း (၁၅-၂၅) ရက်သား အတွင်း ဖျန်းပါက ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံး ၁ ပုံးလျှင် ဝိုက် (၂၅) စီစီ ထည့်ပြီး ( ၁၂၅စီစီ/ဧက) နှုန်းဖြင့် ၁ ဧက ၅ ပုံးဖျန်းပါ။
  • စပါးသက်တမ်း (၃၀) ရက်သား အထက် ဖျန်းပါက ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံး ၁ ပုံးလျှင် ဝိုက် (၅၀) စီစီ ထည့်ပြီး ( ၂၅၀စီစီ/ဧက) နှုန်းဖြင့် ၁ ဧက ၅ ပုံးဖျန်းပါ။
နှိမ်နှင်းနိုင်သော ပေါင်းများ

လက်သဲစောင်း၊ ဒေါင်းမြီးပျံ နှင့် သတ်ရခက်ခဲသော ပေါင်းမြက်များအား အဓိက နှိမ်နင်းနိုင်သည်။

အဓိကအကျိုးကျေးဇူးများ
  • စပါးသက်တမ်း (၁၅-၂၅) ရက်သားတွင် ဖျန်းပါက ကုန်ကျစရိတ် သက်သာပြီး အထိရောက်ဆုံး နည်းလမ်း ဖြစ်သည်။
  • ရွက်ပြန့် ၊ မုံညင်းပေါင်းများနှိမ်နှင်းရန်အတွက် ကွန်ပလိ ဖြင့် ရောစပ်အသုံးပြုနိုင်သည်။