ပရစ်တီး

စပါးရွေးချယ်ပေါင်းအုပ်ဆေး

ဆေးအမည်
ပရစ်တီး
အစွမ်းရှိပစ္စည်း

Pretilachlor 300%

ဆေးအမျိုးအစား

စပါးပေါင်းအုပ်ဆေး

အသုံးပြုရမည့်ပုံစံ

သမန်းပြင်ဖျန်းပေါင်းအုပ်ဆေး

သုံးစွဲနိုင်သော သီးနှံများ

စပါး။

သုံးစွဲရမည့် အချိန်

အညှောင့်ဖောက်ကျဲထားသော စပါးခင်း (၃-၄)ရက်သားခန့်တွင် ရေထုတ်ပြီး ပေါင်းမပေါက်မီ သမန်းပြင်ဖျန်းရန်။

ဆေးအာနိသင်ပြန့်နှံ့ပုံ

ပရီတေလာကလောမှာ ပေါင်းပင်များ၏ဆဲလ်ကွဲပွားမှုကို တားဆီးပေးပြီး ပေါင်းပင်ထွက်မလာနိုင်အောင် တားဆီးပေးသည်။

နှုန်းထား

ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံး ၁ ပုံးလျှင် မြင်းခေါင်း စတီးဇွန်း ၈ ဇွန်း ထည့်ပြီး ၁ ဧကလျှင် ဆေးဖျန်းပုံး ၅ ပုံး (၄၀၀ စီစီ) နှုန်းဖျန်းနိုင်သည်။

နှိမ်နှင်းနိုင်သော ပေါင်းများ

မြက်သီး၊ ဝမ်းဘဲစာ၊ တက်ကွက်၊ မုံညင်းစိမ်း၊ မုံညင်းဝါ၊ ဝက်လာ၊ လယ်ပဒူ၊ ကတောက်ဆတ် ကဲ့သို့သော တစ်ရာသီခံ ပေါင်းပင်များအား ကြိုတင်ကာကွယ်နှိမ်နင်းနိုင်ခြင်း။

အဓိကအကျိုးကျေးဇူးများ
  • စပါးကျဲခင်းရှိပေါင်းများ ကြိုတင်နှိမ်နင်းထားနိုင်သည့်အတွက် စပါးပင်ပိုမိုသန်စွမ်းခြင်း။
  • ကျွေးလိုက်သောမြေသြဇာအား အပင်မှအပြည့်အဝစားသုံးရခြင်း။
  • စပါးပင်လောင်ကျွမ်းမှုမရှိသည့်အပြင် ၁ ဧက ကုန်ကျစရိတ်နည်းပါးစေခြင်း။