ပရိုင်မာ

ထိသေရွေးချယ်မဲ့ပေါင်းသတ်ဆေး

ဆေးအမည်
ပရိုင်မာ 27.6 % w/v
အစွမ်းရှိပစ္စည်း

Paraquat dichloride 27.6 % w/v

ဆေးအမျိုးအစား

ရွေးချယ်မဲ့ပေါင်းသတ်ဆေး

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

သီးနှံမရှိသောနေရာ (သို့မဟုတ်) နှစ်ရှည်သီးနှံစိုက်ခင်း အတန်းကြား၊ ပြောင်းခင်းတန်းကြား၊ ငရုတ်ခင်း တန်းကြား။

သုံးစွဲရမည့် အချိန်

ပေါင်းရွက် ၂-၄ ရွက်ထွက်ချိန်သုံးလျှင် ဆေးအနည်းငယ်သာကုန်ပြီး၊ ပေါင်းကြီးလျှင်ဆေးနှုန်းထားအမြင့်သုံးပါက ပေါင်းသေနှုန်းကောင်းသည်။

ဆေးအာနိသင်ပြန့်နှံ့ပုံ

ထိသေ အာနိသင်ရှိသည်။ ပေါင်းမြက်အားလုံး၏ ဆေးထိသောအစိတ်အပိုင်းကိုသာသေစေသည်။

နှုန်းထား

ပေါင်းရွက် ၂-၄ ရွက်ထွက်ချိန်တွင် ရေ၂၀ လီတာဝင် ဆေးဖျန်းပုံး ၁ ပုံးတွင် မြင်းခေါင်းစတီးဇွန်း ၈ဇွန် (၄၀၀ စီစီ/ဧက) နှုန်းအသုံးပြုပြီး၊ပေါင်းကြီးပါက ၁ ဧက ၈၀၀ စီစီနှုန်းသုံးပါ။

နှိမ်နှင်းနိုင်သော ပေါင်းများ

ပေါင်းမြက်အမျိုးမျိုးကိုလျင်မြန်စွာနှိမ်နင်းနိုင်သည်။

အဓိကအကျိုးကျေးဇူးများ
  • အပင်အတွင်းလျင်မြန်စွာ စိမ့်ဝင်သဖြင့် ဆေးဖျန်းပြီး နာရီဝက်ကြာမှ မိုးရွာလျှင် ပြန်ဖျန်းရန်မလိုပါ။
  • ပေါင်းမြက်များကိုအမြန်သေစေသည်။
  • သီးနှံစိုက်တန်းကြားတွင် ပေါက်ရောက်သောပေါင်းများကိုလည်းထိ ရောက်စွာ နှိမ်နင်းနိုင်သည်။မြေတွင်းဓါတ်ကြွင်းအာနိသင်မကျန်ရှိပါ။