မက်တယ်

နှမ်း ၊မြေပဲ ပေါင်းအုပ်ဆေး ( မြေပြင်ဖျန်း ပေါင်းအုပ်ဆေး)

ဆေးအမည်
မက်တယ် Mettle 72 Ec ( မက်တယ် ၇၂ အီးစီ)
အစွမ်းရှိပစ္စည်း

Metalochlor 72 %

ဆေးအမျိုးအစား

နှမ်း ၊မြေပဲ ပေါင်းအုပ်ဆေး ( မြေပြင်ဖျန်း ပေါင်းအုပ်ဆေး)

အသုံးပြုရမည့်ပုံစံ

ပေါင်းမပေါက်မှီ မြေပြင်ဖျန်းဆေး

သုံးစွဲနိုင်သော သီးနှံများ

နှမ်း ၊ မြေပဲ ၊ ဥစိုက်ကြက်သွန်

သုံးစွဲရမည့် အချိန်

နှမ်း ၊ မြေပဲ ကြဲပြီး တုန်းကြမ်းရိုက်ပြီးချိန်နှင့် စိုက်ပြီး ( ၀- ၂ ) ရက်အတွင်း ( မြေအစိုဓာက်ရှိရန်လိုအပ်သည်)။ ကြက်သွန် ဥစိုက်ပြီး (၀-၂ ) ရက်အတွင်း ( မြေအစိုဓာက်ရှိရန်လိုအပ်သည်)။

ဆေးအာနိသင်ပြန့်နှံ့ပုံ

ပင်လုံးပြန့် – ရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပြီး ပေါင်းပင်၏အညွန့်များမှစုပ်ယူ၍ ဆဲလ် ကွဲပြားခြင်း ၊ ပေါင်းမျိုးစေ့မှ အပင်မပေါက်စေခြင်းစသဖြင့် ပေါင်းများကိုကာကွယ်နှိမ်နှင်းသည်။

နှုန်းထား

နှမ်း တစ်ဧက ( ၃၀၀ – ၃၅၀ ) စီစီ ၊ မြေပဲ တစ်ဧက ( ၅၀၀ )စီစီ ၊ ကြက်သွန်ဥစိုက် ( ၃၅၀ – ၅၀၀ ) စီစီထည့်သွင်းပေးရမည်။

နှိမ်နှင်းနိုင်သော ပေါင်းများ

ဝမ်းဘဲစာ ၊ လေးခွ၊ ဆင်ငို၊လက်သဲခွဲ ၊ ကြက်မောက် ၊ ဟင်နုနွယ်၊ ကြိတ်မှန် ၊တပင်ရွေထီး ၊ မုန်ညင်းစီမ်း ၊ မုန်ညင်းဥနက် ၊ မြက်မုံညင်းဝါ။

အဓိကအကျိုးကျေးဇူးများ
  • မြက် ၊ ရွက်ပြန့်ပေါင်းများကို မပေါက်မှီနှင့် ပေါင်းပင်မကြီးထွားခင် နှိမ်နှင်းနိုင်သောကြောင့် ပေါင်းပင်များ သီးနှံပင်နှင့်ယှဉ်ပြိုင်ကြီးထွားခြင်းမှ ကင်းလွတ်စေပြီး သီးနှံကြီးထွားဖွံ့ဖြိုးမှုကောင်းစေကာ အထွက်နှုန်းတိုးစေပါသည်။
  • အမြစ်နှင့်အညွန့်တို့မှ စုပ်ယူကာ သတ်ပေးနိုင်သောကြောင့် အညှောင့်မှပေါက်ခါစ ၊ မြေကြီးမှထွက်စပေါင်းများကို အကောင်းဆုံးကာကွယ်နှိမ်နှင့်နိုင်သည်။
  • ပေါင်းငယ်စဉ်မှစတင်နှိမ်နှင်းနိုင်ပြီး လက်ပေါင်းလိုက်ရခြင်းမှကင်းဝေးစေသည်။
  • အသုံးပြုရလွယ်ကူပြီး ကုန်ကျစရိတ်သက်သာစေသော ပေါင်းသတ်ဆေးဖြစ်သည်။
  • သတ်မှတ်နှုန်းထားအတိုင်း အသုံးပြုပါက သီးနှံပင် ထိခိုက်မှု မရှိစေပါ ။
  • မြေအစိုဓာက်လုံလောက်စွာရှိရန်လိုအပ်ပါသည်။