ဆာဗို

ဆေးအမည်
ဆာဗို ၇၅ဒဗလျူပီ
အစွမ်းရှိပစ္စည်း

Cyromazine 75%

ဆေးအမျိုးအစား

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

ပဲမျိုးစုံ၊ ပန်းမာန်၊ ဖရဲ၊ သခွားမွှေး၊ ကြက်သွန်နီ၊အာလူး၊ ခရမ်းချဉ်၊ သံပုရာ၊ ရှောက် နှင့် သီးနှံမျိုးစုံ။

သုံးစွဲရမည့် အချိန်

ဖျက်ပိုးနှင့် ဖျက်ပိုးလက္ခဏာ စတင်တွေ့ရှိချိန်

ဆေးအာနိသင်ပြန့်နှံ့ပုံ
  • အင်းဆက်လောက်ကောင်သတ်ဆေးဖြစ်သည်။
  • အဓိကအားဖြင့် ယင်ကောင်မျိုးနွယ်မှပေါက်ပွားသော လောက်ကောင်များကို အဓိကနှိမ်နှင်းနိုင်သည်။
  • ထိသေအာနိသင်ရှိသော ပိုးသတ်ဆေးဖြစ်သည်။
နှုန်းထား

ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ၆ – ၁၀ ဂရမ်ထည့်သွင်းပြီး တစ်ဧကလျှင် ၃၀ – ၅၀ ဂရမ်ဖြင့် ၅ – ၈ ပုံးအသုံးပြုပါ။

နှိမ်နှင်းနိုင်သော ဖျက်ပိုးများ

ရွက်ထွင်းပိုး။

အဓိကအကျိုးကျေးဇူးများ
  • ပင်စည်တွင်း၊ ရွက်လွှာတွင်း ထိုးဖောက်ဝင်ရောက် ဖျက်ဆီးသော လောက်ကောင်များကို အထိရောက်ဆုံးနှိမ်နှင်းနိုင်သည်။
  • အရေခွံမလဲနိုင်ခြင်း၊ ရုပ်ဖုံးမပြုလုပ်နိုင်ခြင်းဖြင့် ဆက်လက်မျိုးပွားနိုင်ခြင်းမရှိအောင် ကာကွယ်နိုင်ပါသည်။