ယက္ခ

ဈေးနှုန်းသင့်တင့်ပြီးဖျက်ပိုးမျိုးစုံ ကာကွယ်နှိမ်နင်းနိုင်သော ပိုးသတ်ဆေး

ဆေးအမည်
ယက္ခ ၃၇.၅ အီးစီ
အစွမ်းရှိပစ္စည်း

Profenofos 36% + Lambda – cyhalothrin 1.5%

ဆေးအမျိုးအစား

ထိသေစားသေပိုးသတ်ဆေး

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

သီးနှံစုံ။

သုံးစွဲရမည့် အချိန်
  • အပင်ငယ်စဥ်မှစ၍ အပင်သက်တမ်းတစ်လျှောက်၊ ပိုးကောင် ငယ်ရွယ်စဥ်မှ စတင်၍ ဖျန်းပါ။
  • ၅ – ၇ ရက်ခြား၍ သီးနှံတစ်ရာသီ ၃ – ၄ ကြိမ်အသုံးပြုနိုင်သည်။
ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ပိုးကောင်မှ ဆေးထိမိ စားမိသည် နှင့် တစ်ပြိုင်နက် အကြောဆွဲကာ လျှင်မြန်စွာသေစေသည်။
  • အရွက်၏ တစ်ရှူးကို ထိုးဖောက်နိုင်သော ကြောင့် အရွက်အောက်ခြေမျက်နှာပြင်တွင်ရှိနေသော စုပ်စားပိုးများကိုပါ သေစေသည်။
နှုန်းထား
  • ရေ၂၀လီတာဝင်ဆေးတစ်ပုံးလျှင် ၄၀ – ၅၀ စီစီထည့်ပြီး တစ်ဧကလျှင် ၂၀၀ – ၂၅၀ စီစီနှုန်းဖြင့် ၅ – ၈ ပုံးအသုံးပြုပါ။
  • သတိပြုရန်မှာ ပန်းမန်များမှလွဲ၍ သီးနှံအများစုတွင်အသုံးပြုနိုင်သည်။
နှိမ်နှင်းနိုင်သော ဖျက်ပိုးများ

ရွက်လိပ်ရွက်ကပ်ပိုး၊ ငမြောင်တောင်၊ ပွင့်ထွေးနှင့် ခူမွှေးရှည်၊ လှေး၊ အကြေးပိုး၊ ပျ၊ မွှားပင့်ကူ နှင့် ရွက်ထွင်းပိုး။

အဓိကအကျိုးကျေးဇူးများ
  • ဖျက်ပိုးအမျိုးအစား မျိုးစုံ အား ကောင်းစွာနှိမ်နှင်းနိုင်ခြင်း (ကိုက်စားပိုး ၊ စုပ်စားပိုး ၂ မျိုးလုံးအား တစ်ပြိုင်နက် နှိမ်နှင်းနိုင်ခြင်း)။
  • ဆေးထိရောက်မှု နှင့် ထိသေ အာနိသင်ကောင်းမွန်ခြင်း။
  • ပိုးကောင်၏ ဥ များကိုပါ နှိမ်နှင်းနိုင်သောကြောင့် ပိုးကောင်ဖျက်ဆီးမှု လျော့နည်းစေခြင်း စသည့်အကျိုးကျေးဇူးများရရှိစေသည်။
  • ဈေးနှုန်းသင့်တင့်ပြီး အသုံးပြုရလွယ်ကူသော ပိုးသတ်ဆေးဖြစ်သည်။