ဒိုင်ကာဇော

ထိသေစားသေအာနိသင်ရှိသော လှေး၊ မွှားပင့်ကူ ပိုးသတ်ဆေး

ဆေးအမည်
ဒိုင်ကာဇော ၂၀၀ အက်စ်ပီ
အစွမ်းရှိပစ္စည်း

Formetanate hydrochloride 20%

ဆေးအမျိုးအစား

ထိသေစားသေပိုးသတ်ဆေး

သုံးစွဲနိုင်သော သီးနှံများ

သခွားမွှေး၊ ဖရဲ၊ ခရမ်းချဉ်၊ ငရုတ်၊ ကြက်သွန်၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း။

ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ထိသေနှင့်စားသေအာနိသင်ရှိသောကြောင့် အာရုံကြောနှင့် ကြွက်သားအဖွဲ့အစည်းမှ အင်ဇိုင်းများကို တားဆီးဖျက်ဆီးပေးသည်။
  • လှေးနှင့် မွှားပင့်ကူ အထူးသတ်ဆေးဖြစ်သည်။
နှုန်းထား

ရေ ၂၀လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆေး ၅၀ – ၈၀ ဂရမ်ထည့်သွင်းပြီး တစ်ဧကလျှင် ၃၀၀ – ၄၀၀ ဂရမ်နှုန်းဖြင့် ၅ -၈ ပုံးပက်ဖျန်းပါ။

နှိမ်နှင်းနိုင်သော ဖျက်ပိုးများ

လှေး၊ မွှားပင့်ကူ။

အဓိကအကျိုးကျေးဇူးများ
  • လှေးနှင့်မွှားပင့်ကူကို အထိရောက်ဆုံးကာကွယ်နှိမ်နင်းနိုင်သည်။
  • သီးနှံများတွင် ကျရောက်ဖျက်ဆီးသော လှေးမျိုးစိပ်အားလုံးကို ကာကွယ်နှိမ်နင်းနိုင်သည်။
  • လှေး၊ မွှားပင့်ကူဆိုးရွားစွာကျရောက်လျှင် အခြားဆေးများထက် ထိရောက်မှုစွမ်းအား ပိုမိုကောင်းမွန်ပါသည်။