ဇွန်ဘီ

ပိုးကောင်ကြီးထွားမှု အဆင့်တိုင်း နှိမ်းနင်းနိုင်သော အစွမ်းထက် ပိုးသတ်ဆေး

ဆေးအမည်
ဇွန်ဘီ ၉၅ အက်စ်ပီ
အစွမ်းရှိပစ္စည်း

Cartap Hydrochloride 95%

ဆေးအမျိုးအစား

ပိုးသတ်ဆေး

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

စပါး၊ ဝါ၊ ခရမ်းချဉ်၊ အာလူး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပဲမျိုးစုံ၊ ခရမ်း။

သုံးစွဲရမည့် အချိန်
  • အပင်သက်တမ်းတစ်လျှောက် အသုံးပြုနိုင်သည်။
  • ပိုးကောင် ငယ်ရွယ်စဥ်မှ စတင်၍ ဖျန်းပါ။
ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ထိသေ စားသေ၊ ပင်လုံးပြန့်အာနိသင်ရှိပြီး ကိုက်စားပိုး ၊ စုပ်စာပိုး ၂ မျိုးလုံးအား နှိမ်နှင်းနိုင်သော အာနိသင်ရှိသည်။
  • ကာတပ် ကြောင့် ဖျက်ပိုးများသည် အစာဆက်လက်မစားတော့ဘဲ အစာငတ်ကာ သေစေနိုင်ပါသည်။
နှုန်းထား

ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ၂၀ – ၃၀ ဂရမ် ထည့်သွင်းပြီး တစ်ဧကလျှင် ၁၀၀ – ၁၅၀ ဂရမ် ဖြင့် ၅ – ၈ ပုံးအသုံးပြုပါ။

နှိမ်နှင်းနိုင်သော ဖျက်ပိုးများ

စပါးဆစ်ပိုး၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ စိန်ကွက်ဖလံ၊ ယင်ဖြူ၊ ရွက်လိပ်ပိုး၊ ခေါင်ညွန့်ထိုးပိုး၊ လှေး၊ ရွက်ထွင်း၊ နီမတုတ်။

အဓိကအကျိုးကျေးဇူးများ
  • စပါးတွင် ကျရောက်သော ဆစ်ပိုး၊ ရွက်လိပ်ရွက်ကပ်နှင့် အခြားသီးနှံမျာ တွင်ကျရောက်သော ပိုးမျိုးစုံ အတွက်အထူးကောင်းမွန်သော ဆေးဖြစ်သည်။
  • အကျိုးပြုမိတ်ဆွေပိုးများအတွက် ထိခိုက်မှုနဲပါးပြီး ပတ်ဝန်းကျင် ထိခိုက်မှုနည်းစေသည်။
  • အခြားပိုးသတ်ဆေးများနှင့်မတူသောအချက်မှာ အပင်တွင် ထိုးဖေါက်ဝင်ရောက်စားသောက်ဖျက်စီးသော ပိုးများကို ပါ ကာကွယ်နှိမ်နှင်းနိုင်သည်။
  • ဆေးနှုန်းထားနည်းနည်းဖြင့် ဖျက်ပိုးများကို နှိမ်နှင်းနိုင်သဖြင့် စီးပွါးရေးအရ တွက်ချေကိုက်သည်။