မြေကောင်း

စပါးဖျက်ပိုးမျိုးစုံကာကွယ်ပေးနိုင်သော ပိုးသတ်ဆေးအခဲ

ဆေးအမည်
မြေကောင်း ၄၆ ဂျီ
အစွမ်းရှိပစ္စည်း

Cartap 4% + Thimethoxam 04%+ Abamectin 0.2%

ဆေးအမျိုးအစား

ပိုးသတ်ဆေးအခဲ

အသုံးပြုရမည့်ပုံစံ

ကြဲပက် ၊ သီးနှံပင်မစိုက်မီ စိုက်ကြောင်းထဲသို့ ထည့်ရန်။

သုံးစွဲနိုင်သော သီးနှံများ

စပါး။

သုံးစွဲရမည့် အချိန်
  • မြေခံနှင့် ပိုးကျရောက်သည့်အချိန်။
  • စပါးတစ်ရာသီအတွက် ၂ ကြိမ်သာ အသုံးပြုရန် လိုသည်။
ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ထိသေ စားသေ၊ ပင်လုံးပြန့် အာနိသင်ရှိသည်။
  • ကာတပ်သည် ပင်လုံးပြန့်၊ ထိသေ၊ စားသေ အာနိသင်ရှိသောကြောင့် စပါးပင်ကို ဖျက်ပိုးများရန်မှ ကာကွယ်ပေးသည်။
  • သိုင်ရာမီသောက်ဇမ်သည် ပင်လုံးပြန့်အာနိသင် အဓိကရှိပြီး စုပ်စားပိုးများကို ကာကွယ်နှိမ်နှင်းသည်။
  • အဘာမက်တင်မှာ အဓိကအားဖြင့် စပါးခင်းအတွင်းကျရောက်သော နီမတုတ်ကို အဓိက ကာကွယ်ပေးသည်။
နှုန်းထား

တစ်ဧကလျှင် ၄- ၆ ကီလို။

နှိမ်နှင်းနိုင်သော ဖျက်ပိုးများ

ဆစ်ပိုး၊ ဖြုတ်ညို၊ ဖြုတ်ကြောဖြူ၊ ရွက်လိပ်ရွက်ကပ်၊ မြစ်ဖုနီမတုတ်၊ လှေး၊ ရွက်ဖျားဖြူနီမတုတ်၊ ကြက်သွန်မြိတ်ပိုး။

အဓိကအကျိုးကျေးဇူးများ
  • စပါးသီးနှံတွင်ကျရောက်သော ဖျက်ပိုးမျိုးစုံကို ကာကွယ် နှိမ်နှင်းပေးသည်။
  • ဆေးအာနိသင် ကြာရှည်ခံသည်။
  • သုံးစွဲရလွယ်ကူစေပြီး ပိုမိုထိရောက်မှုရှိသည်။ မိုးရွာနေချိန် နှင့် စပါးခင်းအတွင်းဆေးဖျန်းရန်ခက်သောအချိန်များတွင် သင့်တော်သော ဆေးဖြစ်သည်။
  • စပါးပင်ပွားများ၊ စိမ်းစိုစေပြီး အထွက်နှုန်းတိုးစေပါသည်။