ကောမက်ထွက်တိုး ( G-45)

ဆေးအမည်
ကောမက်ထွက်တိုး ( G-45)
အသုံးပြုရမည့်ပုံစံ

ကြဲပက်

ပါဝင်သော အာဟာရဓာတ်များ

နိုက်ထရိုဂျင် (N) 33 % + ဆာလ်ဖာ (S) 12 %

အာဟာရဓာတ် တန်ဖိုးများ

သီးနှံပင်များ ကြီးထွားဖွံ့ဖြိုးစေရန်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ် ၂ မျိုး ပေါင်းစပ်ထုတ်လုပ်ထားသောမြေဩဇာဖြစ်သည်။

သုံးစွဲနိုင်သော သီးနှံများ

စပါး၊ ကြက်သွန်၊ ငရုတ် နှင့် သီးနှံမျိုးစုံ။

သုံးစွဲရမည့် အချိန်

သီးနှံမျိုးစုံ အပင်ကြီးထွားချိန် နှင့် အသီးအနှံများ ကြီးထွားဖွံ့ဖြိုးချိန်တို့တွင် အသုံးပြုနိုင်သည်။

နှုန်းထား

သီးနှံများ၏ လိုအပ်ချက်အရ တစ်ဧက ၅၀ ကီလိုဂရမ် မှ ၁၀၀ ကီလိုဂရမ် အထိ အသုံးပြုနိုင်သည်။

အဓိကအကျိုးကျေးဇူးများ
  • ပျော်ဝင်မှုမြန်ဆန်သော နိုက်ထရိုဂျင်အမျိုးအစားကို အသုံးပြုထားသောကြောင့် သီးနှံပင်များလျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးစေသည်။
  • နိုက်ထရိုဂျင်နှင့် ဆာလ်ဖာဓာတ် ၂ မျိုးလုံးပါဝင်သောကြောင့် သီးနှံပင်များကို တာရှည်စိမ်းလန်းသန်စွမ်းစေသည်။
  • ကန့်(ဆာလ်ဖာ) ဓာတ်ပါဝင်သောကြောင့် သီးနှံပင်များ၏ အစာချက်လုပ်မှု၊ အဆင့်မြင့် ပရိုတိန်း ဖွဲ့စည်းမှုများအတွက် အထောက်အကူဖြစ်စေသည်။
  • သီးနှံပင်များတာရှည်စိမ်းလန်းစေပြီး အမြင့်မားဆုံး အထွက်နှုန်းကို ရရှိစေသည်။
Relate Crops

သက်ဆိုင်ရာ သီးနှံများအတွက်