ထရိုင်းဒန့်

ဂုတ်ကျိုးရောဂါကာကွယ်နှိမ်နင်းဆေး

ဆေးအမည်
ထရိုင်းဒန့် ၄၀ အက်စ်စီ
အစွမ်းရှိပစ္စည်း

Tricyclazole 40%

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

စပါး။

သုံးစွဲရမည့် အချိန်

ရောဂါစတွေ့သည်နှင့် အသုံးပြုနိုင်သည်။

ဆေးအာနိသင်ပြန့်နှံ့ပုံ

ပင်လုံးပြန့်အာနိသင်ရှိ မှိုရောဂါသတ်ဆေး

နှုန်းထား

ရေ ၂၀ လီတာ ဝင်ဆေးဖျန်းပုံးတစ်ပုံးတွင် ဆေး ၄၀ – ၆၀ စီစီ ထည့်သွင်းပြီး တစ်ဧကလျှင် ၂၀၀ – ၃၀၀ စီစီ ဖြင့် ၅ – ၈ ပုံး အသုံးပြုပါ။

သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက်

၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)။

နှိမ်နှင်းနိုင်သော ရောဂါများ

စပါးဂုတ်ကျိုးရောဂါ

အဓိကအကျိုးကျေးဇူးများ
  • ကာကွယ်ခြင်း ကုသခြင်း အာနိသင်၂မျိုးလုံးရနိုင်သည်။
  • စပါးဂုတ်ကျိုးရောဂါအတွက် သီးသန့်ဆေးဖြစ်ရုံသာမက အပင်စိမ်းလန်းသာမာစေပြီး ရောဂါကြီးထွားမှုကိုပါ ရပ်တန့်စေပါသည်။ စပါးအရည်အသွေးပိုမိုကောင်းမွန်စေမည်ဖြစ်ပါသည်။
  • စပါးပင်၏ အရွက်မှ စုပ်ယူနိုင်ရုံသာမက အမြစ်မှလည်း စုပ်ယူနိုင်သော အစွမ်းထက်မှိုသတ်ဆေးဖြစ်ပါသည်။
Relate Crops

သက်ဆိုင်ရာ သီးနှံများအတွက်