သမားတော်

ဖျူစေရီယမ်နှင့်မြေဆောင်ရောဂါ ကာကွယ်နှိမ်နင်းဆေး

ဆေးအမည်
သမားတော် ၇၀ ဒဗလျူပီ
အစွမ်းရှိပစ္စည်း

Hymexazol 70%

ဆေးအမျိုးအစား

ပင်လုံးပြန့်မှိုသတ်ဆေး

အသုံးပြုရမည့်ပုံစံ

မြေပြင်ဖျန်းဆေးနှင့် ရွက်ဖျန်းဆေး

သုံးစွဲနိုင်သော သီးနှံများ

မတ်ပဲ ၊ ပဲတီစိမ်း၊ မြေပဲ၊ ပဲမျိုးစုံ၊ ခရမ်းချဉ်၊ ငရုတ်၊အာလူး ၊ဂျင်း၊ ကြက်သွန်ဖြူ/နီ၊ ကွမ်း ဖရဲသခွား၊ ပန်းမာန်။

သုံးစွဲရမည့် အချိန်
  • မြေပြင်ဖျန်းဆေးဖြစ်သောကြောင့် မစိုက်မီ စိုက်ဘောင်စိုက်ကျင်း အတွင်း ၁ ကြိမ်၊ စိုက်ပြီး ၁၅ – ၂၀ ရက်အတွင်း ၁ ကြိမ် အနည်းဆုံး ၂ကြိမ် ဖျန်းခြင်းဖြင့် ကာကွယ်နိုင်သည်။
  • မြေဆောင်ရောဂါများ မဖြစ်ပွားစေရန် မြေပေါ်ဖျန်းပေးခြင်းဖြင့် မြေသန့်ဆေးအဖြစ်အသုံးပြုနိုင်သည်။
ဆေးအာနိသင်ပြန့်နှံ့ပုံ

မြေပြင်ဖျန်းထားပါက အမြစ်မှတစ်ဆင့် တစ်ပင်လုံးပြန့်နှံ့နိုင်သည့် ပင်လုံးပြန့်မှိုသတ်ဆေး။

နှုန်းထား

ရေ ၂၀ လီတာ ဝင် ဆေးဖျန်းပုံးတစ်ပုံးတွင် ၁၂၀ – ၁၆၀ ဂရမ် ဖြင့် တစ်ဧကလျှင် ၆၀၀ – ၈၀၀ ဂရမ်ဖြင့် ၅-၈ ပုံးအသုံးပြုပါ။

သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက်

၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)။

နှိမ်နှင်းနိုင်သော ရောဂါများ

ဖျူစေရီယမ်၊ အခြားပင်ညှိုးရောဂါနှင့် မြေဆောင်ရောဂါများ။

အဓိကအကျိုးကျေးဇူးများ
  • ဖျူစေရီယမ်နှင့် မြေဆောင်မှိုရောဂါများကို ကာကွယ်နှိမ်နင်းရာတွင် အခြားမှိုသတ်ဆေးများထက် ပိုမိုအစွမ်းထက်ပါသည်။
  • အပင်ကိုပိုမိုစိမ်းစိုစေပြီး ပင်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေသည်။
  • Oomycete ရောဂါများကိုနှိမ်နင်းရာတွင် တုန့်ပြန်မှုမြန်သည်။
  • Phytophthora မှိုမျိုးစိတ်များ၏ မျိုးပွားမှုနှင့် ကြီးထွားမှုကို တားဆီးပေးပါသည်။