ကော့ပ်ဆိုဒ်

မှိုနှင့်ဘက်တီးရီးယားရောဂါ ကာကွယ်ဆေး

ဆေးအမည်
ကော့ပ်ဆိုဒ် ၇၇ ဒဗလျူပီ
အစွမ်းရှိပစ္စည်း

Copper hydroxide 77%

ဆေးအမျိုးအစား

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

စပျစ်၊ လိမ္မော်၊ အာလူး၊ ခရမ်းချဉ်၊ ပဲမျိုးစုံ၊ ကြက်သွန်နီ/ဖြူ၊ ငရုပ်၊ သံပုရာ၊ ကွမ်း။

သုံးစွဲရမည့် အချိန်

ရောဂါမကျခင် ကြိုတင်ကာကွယ်အသုံးပြုပါက အကောင်းဆုံးဖြစ်သည်။

ဆေးအာနိသင်ပြန့်နှံ့ပုံ

သီးနှံအရွက်မျက်နှာပြင်ပေါ်တွင် ဆေးပြန့်နှံ့မှုကောင်းမွန်ပြီး ရောဂါကိုထိရောက်စွာကာကွယ်နိုင်သည်။

နှုန်းထား

ရေ ၂၀ လီတာ ဝင် ဆေးဖျန်းပုံးတစ်ပုံးတွင် ဆေး ၃၀- ၅၀ ဂရမ် ထည့်ပြီး တစ်ဧကလျှင် ( ၁၅၀-၂၅၀ ဂရမ်) ဖြင့် ၅-၈ ပုံးသုံးပါ။

သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက်

၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)

နှိမ်နှင်းနိုင်သော ရောဂါများ

ဒေါင်းနီးရောဂါ၊ နှောင်းပင်နာကျ(လောင်မဲ) ရောဂါ၊ ရွက်ပြောက်ရောဂါ၊ မှည့်ပြောက်စွန်းရောဂါ၊ စောပင်နာကျရောဂါ၊ ဘက်တီးရီးယားရွက်ခြောက်ရောဂါ။

အဓိကအကျိုးကျေးဇူးများ
  • မှိုရောဂါနှင့် ဘက်တီးရီးယားရောဂါများကို ကာကွယ်နိုင်သည်။
  • ဆေးယဉ်ပါးမှုပြသနာ နည်းစေသဖြင့် သီးနှံတစ်ရာသီအတွင် ၃-၄ ကြိမ်အသုံးပြုနိုင်သည်။
  • ဒေါင်းနီးရောဂါ၊ နှောင်းပင်နာကျ ရောဂါများကို ကောင်းစွာကြိုတင်ကာကွယ်နိုင်သည်။