ကာဆူဂါ

ဘက်တီးရီးယားရောဂါ သတ်ဆေး

ဆေးအမည်
ကာဆူဂါ ၂ အက်စ်အယ်လ်
အစွမ်းရှိပစ္စည်း

Kasugamycin 2%

ဆေးအမျိုးအစား

ဘက်တီးရီးယားရောဂါသတ်ဆေး

သုံးစွဲနိုင်သော သီးနှံများ

စပါး၊ ခရမ်းချဉ်၊ ဖရဲ၊ သခွား၊ အာလူး၊ ကြက်သွန်နီ၊ မုန်လာထုပ်၊ ပန်းသီး၊ ပဲမျိုးစုံ။

သုံးစွဲရမည့် အချိန်

ရောဂါစတင်ကျရောက်ချိန်

ဆေးအာနိသင်ပြန့်နှံ့ပုံ

ပရိုတိန်းဖွဲ့စည်းမှု့ကို ဟန့်တားပေးသည်။ ဘက်တီးရီးယားများ၏ ကြီးထွားမှု့နှင့် မျိုးပွားခြင်းကိုလျော့ကျစေသည်။

နှုန်းထား

ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးတွင် ကာဆူဂါ ၈၀-၁၀၀ စီစီ ထည့်သွင်းပြီး တစ်ဧကလျှင် ၄၀၀-၅၀၀စီစီ ဖြင့် ၅-၈ ပုံးဖျန်းပါ။

သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက်

၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)။

နှိမ်နှင်းနိုင်သော ရောဂါများ

ဘက်တီးရီးယားရွက်ခြောက်၊ ဘက်တီးရီးယား ပျော့ပုပ်၊ ဘက်တီးရီးယားပင်ညှိုး၊ ဥပုပ်၊ စပါးဂုတ်ကျိုးရောဂါ။

အဓိကအကျိုးကျေးဇူးများ
  • ဘက်တီးရီးယားရောဂါနှင့် မှိုရောဂါအချို့ကို နှိမ်နှင်းနိုင်သည်။
  • လူနှင့်ပတ်ဝန်းကျင်အတွက် အန္တရာယ်ဖြစ်မှုသက်သာစေသည်။
  • ဆေးယဉ်ပါးမှုသက်သာစေသည်။
  • သီးနှံပင်ထိခိုက်မှုမရှိစေဘဲ အထွက်နှုန်းတိုးစေနိုင်သည်။