လောင်

မှိုရောဂါမျိုးစုံ ကာကွယ်ကုသဆေး

ဆေးအမည်
လောင် ၂၅ ဒဗလျူပီ
အစွမ်းရှိပစ္စည်း

Metalaxyl 25%

ဆေးအမျိုးအစား

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

အာလူး၊ ခရမ်းချည်၊ ငရုတ်၊ ပဲပုပ်၊ သရက်၊ ဖရဲ၊ သခွား၊ ကြက်သွန်နီ/ဖြူ၊ ပန်းမာန်၊ မြေပဲ၊ စပျစ်၊ ဂေါ်ဖီ နှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများ။

သုံးစွဲရမည့် အချိန်

ရောဂါမကျမီနှင့် စတင်ကျရောက်ချိန်တွင် အသုံးပြုနိုင်သည်။

ဆေးအာနိသင်ပြန့်နှံ့ပုံ

သီးနှံတစ်ပင်လုံး ဆေးပြန့်နှံ့မှုကောင်းမွန်ပြီး ရောဂါကိုထိရောက်စွာကာကွယ်နိုင်သည်။

နှုန်းထား

ရေ ၂၀ လီတာ ဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် ၄၀-၆၀ ဂရမ် ထည့်သွင်းပြီး တစ်ဧကလျှင် ၂၀၀ – ၃၀၀ ဂရမ် ဖြင့် ၅ – ၈ ပုံး အသုံးပြုပါ။

သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက်

၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)။

နှိမ်နှင်းနိုင်သော ရောဂါများ

နှောင်းပင်နှာကျ(လောင်မဲ)ရောဂါ၊ ခါးရိ၊ ပင်ခြေပုပ်၊ အမြစ်ပုပ်၊ အသီးပုပ်။

အဓိကအကျိုးကျေးဇူးများ
  • ပင်လုံးပြန့်အာနိသင်ရှိပြီး၊ ကာကွယ်မှုနှင့် ကုသမှု နှစ်မျိုးလုံးအသုံးပြုနိုင်သည်။
  • မှိုစပိုးဖြစ်ပေါ်မှုနှင့် မှိုမျှင်ပွားများမှုကို တားဆီးပေးသည်။
  • ရောဂါစတင်ကျရောက်ပါက မန်ကိုဇက်၊ ဇီဖလို ဆေးများနှင့် တွဲဖျန်းပါက ကာကွယ်ကုသနိုင်မှု အမြင့်ဆုံးဖြစ်သည်။