ဇီဖလို

မှိုရောဂါမျိုးစုံ ကာကွယ်ကုသဆေး

ဆေးအမည်
ဇီဖလို ၇၆ဒဗလျူဂျီ
အစွမ်းရှိပစ္စည်း

Ziram 76%

ဆေးအမျိုးအစား

မှိုရောဂါကာကွယ်ကုသဆေး

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

အာလူး၊ ခရမ်းချဉ်၊ ငရုတ်၊ ပဲပုပ်၊ သရက်၊ ဖရဲ၊ သခွား၊ စပါး၊ မြေပဲ၊ စပျစ်နှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများ။

သုံးစွဲရမည့် အချိန်

ရောဂါမကျခင် ကြိုတင်အသုံးပြုနိုင်ပြီး ရောဂါကျရောက်ပါက အခြားမှို သတ်ဆေးများဖြင့် တွဲဖက် အသုံးပြုလျှင် အာနိသင်အထိရောက်ဆုံးဖြစ်သည်။

ဆေးအာနိသင်ပြန့်နှံ့ပုံ

သီးနှံအရွက်မျက်နှာပြင်ပေါ်တွင် ဆေးပြန့်နှံ့မှုကောင်းမွန်ပြီး ရောဂါကိုထိရောက်စွာကာကွယ်နိုင်သည်။

နှုန်းထား

ရေ ၂၀ လီတာ ဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် ၆၀ – ၈၀ ဂရမ်ထည့်သွင်းပြီး တစ်ဧကလျှင် ၃၀၀ – ၄၀၀ ဂရမ်ဖြင့် ၅-၈ ပုံး အသုံးပြုပါ။

သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက်

၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)။

နှိမ်နှင်းနိုင်သော ရောဂါများ

ဒေါင်းနီးရောဂါ၊ နှောင်းပင်နှာကျရောဂါ(လောင်မဲ)၊ ရွက်ပြောက်ရောဂါ၊ မှည့်ပြောက်စွန်းရောဂါ၊ စောပင်နှာကျရောဂါ။

အဓိကအကျိုးကျေးဇူးများ
  • မှိုရောဂါမျိုးစုံအတွက် ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်သည်။
  • ကြိုတင်ပက်ဖျန်းခြင်းဖြင့် အခြားဆိုးဝါးသော မှိုရောဂါများ မဖြစ်ပွားနိုင်ပါ။
  • ဆေးယဉ်ပါးမှုပြသနာ နည်းစေသဖြင့် သီးနှံတစ်ရာသီအတွင် ၃-၄ ကြိမ်အသုံးပြုနိုင်သည်။
  • မှည့်ပြောက်စွန်း၊ ဒေါင်းနီးရောဂါ၊ နှောင်းပင်နှာကျရောဂါများကို ကောင်းစွာကြိုတင်ကာကွယ်နိုင်သည်။