သြဘာစွယ်စုံ (၁)

မှိုရောဂါမျိုးစုံကာကွယ်ကုသဆေး

ဆေးအမည်
သြဘာစွယ်စုံ (၁) ၅၅၀ အက်စ်စီ
အစွမ်းရှိပစ္စည်း

Chlorothalonil 45% + Hexaconazole 3.5% + Cymoxanil 6.5%

ဆေးအမျိုးအစား

ထိသေနှင့် ပင်လုံးပြန့်မှိုသတ်ဆေး

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

မြေပဲ၊ ပဲမျိုးစုံ၊ နှမ်း၊ စပျစ်၊ ခရမ်းချဥ်၊ အာလူး၊ ငရုတ်၊ ကြက်သွန်၊ ဖရဲ၊ သခွား၊ စပျစ်၊ ဂန္ဓမာ၊ နှင်းဆီ နှင့် သီးနှံစုံ။

ဆေးအာနိသင်ပြန့်နှံ့ပုံ

ထိသေ ကာကွယ်နိုင်စွမ်း မြင့်မားသည့်အပြင် အပင်တွင်း ထိုးဖောက်စိမ့်ဝင်နိုင်သည့် အာနိသင်ရှိသောကြောင့် မှိုရောဂါမျိုးစုံကို ကာကွယ်ကုသနိုင်သော ဆေးဖြစ်သည်။

နှုန်းထား

ရေ ၂၀ လီတာဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် ၄၀ -၆၀ စီစီထည့်သွင်းပြီး ၁ဧကလျှင် ၂၀၀-၃၀၀ စီစီဖြင့် ၅ – ၈ ပုံးအသုံးပြုပါ။

သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက်

၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)။

နှိမ်နှင်းနိုင်သော ရောဂါများ

ရွက်ပြောက်၊ ရွက်ခြောက် နှင့် စောပင်နာကျရောဂါ၊ နှောင်းပင်နာကျ(လောင်မဲ)ရောဂါ၊ ခါးရိရောဂါ၊ စပါးရွက်ဖုံးခြောက်ရောဂါ၊ ရွက်ပြောက်ရောဂါ၊ သံချေးရောဂါ၊ ဖားဥမှိုရောဂါများ။

အဓိကအကျိုးကျေးဇူးများ
  • မှိုရောဂါမျိုးစိတ်ပေါင်း များစွာကိုကာကွယ်နိုင်သော အစွမ်းထက်ဆေး သုံးမျိုးပေါင်းစပ်ထားသဖြင့်ရောဂါ၏ ဆေးယဉ်ပါးမှုဖြစ်စဉ်ကို ကာကွယ်နိုင်သည်။
  • အပင်၏အရွက်၊ အပွင့်၊ အသီးတို့ကို ဆေးလောင်ကျွမ်းခြင်းမရှိသဖြင့် သီးနှံပင်၏ သက်တမ်းတလျှောက်တွင် အသုံးပြုနိုင်သည်။