‌‌ကောမက်ရွှေမိုး

ဆေးအမည်
‌‌ကောမက်ရွှေမိုး
ဆေးအမျိုးအစား
  • ရေဖျော်ရွက်ဖျန်းမြေဩဇာ
  • ‌ဖျော်စပ်ပြီး သီးနှံပင်ငယ်စဉ်တွင် ဖျန်းပက်ရန်။
ဆေးအဆိပ်
N-3% : P2O5-6% : B-250ppm, Mg-1250ppm, Mn-1250ppm, Mo-6500ppm, Zn-3500ppm
သုံးစွဲနိုင်သော သီးနှံများ

မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ ပဲမျိုးစုံ။

သုံးစွဲရမည့် အချိန်

ပန်းမပွင့်မီနှင့် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်

ဆေးအာနိသင်ပြန့်နှံ့ပုံ

သီးနှံပင်အရွက်များမှ လျှင်မြန်စွာစုပ်ယူနိုင်ပြီး သီးနှံပင်ကြီးထွားမှုအတွက် ကောင်းစွာအထောက်ကူဖြစ်စေသည်။

နှုန်းထား

ရေ ၂၀ လီတာဝင် ဆေးတစ်ပုံးလျင် ကောမက်ရွှေမိုး ၂၅ စီစီ နှုန်းဖြင့် တစ်ဧက ၅ ပုံး အသုံးပြုနိုင်သည်

အဓိကအကျိုးကျေးဇူးများ
  • အပင်ပိုင်းကြီးထွားမှု အထူးလျှင်မြန်စေပြီး အပွင့်၊ အသီးစောခြင်း၊ များပြားစေခြင်း။
  • အရွက်မှ အလွယ်တကူစုပ်ယူနိုင်သော ပုံစံဖြင့်ထုတ်လုပ်ထားသဖြင့် ဖျန်းပြီးနာရီပိုင်းအတွင်း အာဟာရဓါတ်များ အပင်တွင်းရောက်ရှိနိုင်ခြင်း။
  • သီးနှံပင်အရွက်များ အစိမ်းရောင် ကလိုရိုဖီးဖြစ်ပေါ်မှုလျှင်မြန်စေသဖြင့် အရွက်များစိမ်းစိုတောက်ပပြီး အစာချက်လုပ်မှုမြန်ဆန်စေခြင်း။
  • ကိုင်းဖျာထွက်မှု ကောင်းပြီး အပွင့်၊ အသီးများစေခြင်း။
  • အထွက်နှုန်း တိုးတက်မြင့်မားစေခြင်း။