တင်ပို

ဆေးအမည်
တင်ပို
ဆေးအမျိုးအစား

ရွက်ဖျန်းအားဆေး

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း

ပါဝင်သော အာဟာရဓာတ်များ

Amino Acid 40 %+ အနည်းလိုအာဟာရဓါတ်များ

သုံးစွဲနိုင်သော သီးနှံများ

သီးနှံမျိုးစုံ

သုံးစွဲရမည့် အချိန်

အပင်ငယ်စဉ်မှစတင် ၍ အပွင့် ၊ အသီး ဖြိုင်ချိန်အထိ ၄-၅ ကြိမ် သုံးပါ

ဆေးအာနိသင်ပြန့်နှံ့ပုံ
  • အမိုင်နို အက်ဆစ်သည် အပင် ကြီးထွားမှု နှင့် အထွက်နှုန်းကောင်းစေရန် အတွက် အဓိက လုပ်ဆောင်ပေးသည်။
  • အမိုင်နို အက်ဆစ် နှင့် အနည်းလိုအာဟာရဓါတ်များပါသဖြင့် သီးနှံပင်၏ အဆင့်တိုင်း ကို အားပေး အထောက်အပံဖြစ်စေသည်။
နှုန်းထား
  • ဆေးဖျန်းပုံးတစ်ပုံးလျှင် မြင်းခေါင်းစတီးဇွန်း ၁ ဇွန်းမှ ၂ ဇွန်း
  • တစ်ဧကလျှင် ရေ ၂၀ လီတာ ဝင် ဆေးဖျန်းပုံး ၅ပုံးမှ ၇ ပုံး အသုံးပြုပါ
အဓိကအကျိုးကျေးဇူးများ
  • အမြစ် နှင့် အရွက်မှ အစာစုပ်ယူနိုင်စွမ်း ပိုမိုကောင်းမွန်စေ သောကြောင့် အပင်စိမ်းစို သန်မာစေသည်။
  • ရာသီဥတုဒဏ်၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိစေသည်။
  • ပန်းပွင့်အားကောင်းမွန်စေပြီး ပန်းပွင့်ချိန်ညီညာစေခြင်း ၊သီးကိုင်းထွက်အားကောင်းပြီး အသီးတင်နှုံးကောင်းမွန်စေကာ သီးလုံးညီညာစေသည်။
  • သီးနှံ၏အရည်အသွေး နှင့် အထွက်နှုန်း ပိုမိုကောင်းမွန်စေသည်။