အာလူး
အာလူးစိုက်တောင်သူဦးကြီးများအတွက် အာလူးသက်တမ်းအလိုက်၊ ပိုးမွှားရောဂါအလိုက် အသုံးပြုသင့်သော မြန်မာ့သြဘာ ထုတ်ကုန်များကို အောက်တွင် ရှာဖွေနိုင်ပါသည်။
စိုက်ပျိုးနည်း အပြည့်အစုံ
မျိုး
ရောဂါဒဏ်ခံနိုင်သော အထွက်ကောင်းမျိုးကို ရွေးချယ်စိုက်ပျိုးပါ။ ဥပမာ-ဟော်လန်မျိုး၊ မလေးရှားမျိုး။ ပြန်လည်စိုက်ပျိုးရန်အတွက် မျိုးကို ဆွဲသီး၊ ဂေါ်လီအရွယ်ကို ရွေးချယ်ပါ။ တစ်ဧကအတွက် မျိုး ၄၀၀-၅၀၀ ပိဿာ လိုအပ်ပါသည်။
မြေပြုပြင်ခြင်း
သဲနုန်းမြေ၊ မြေနီသဲဝန်းများကို ကြိုက်နှစ်သက်သည်။ ထယ်ရေး၊ ထွန်ရေး ကောင်းကောင်းဆောင်ရွက်ပါ။ ၁ ပေ ၁ ပေခွဲ စိုက်တန်း၊ ထယ်ကြောင်း များ ဆွဲပါ။
စိုက်ချိန်
ရေအာလူး – နိုဝင်ဘာ၊ ဒီဇင်ဘာ။
မိုးအာလူး – မတ်၊ ဧပြီ။
စကအာလူး – ဇူလိုင်၊ သြဂုတ်။
ဆောင်းအာလူး – စက်တင်ဘာ၊ အောက်တိုဘာ။
စိုက်ပျိုးခြင်း
စိုက်တန်း ထယ်ကြောင်းအတွင်း မြေခံမြေသြဇာ၊ လောင်၊ တော်ပီဒို ၃ ဂျီအာ ထည့်ပါ။ အပေါ်မှ နွားချေးမှုန့်များ ထည့်ပါ။ နွားချေးအပေါ်မှ အာလူးမျိုးဥများကို တစ်လုံးနှင့် တစ်လုံး ၄ လက်မ၊ ၆ လက်မခြား၍ ထည့်ပါ။ မျိုးဥများထည့်ပြီးလျှင် မြေပြန်ဖို့ပေးပါ။ မြေပြန့်ဆောင်း အာလူး များ စိုက်ပျိုးရာတွင် စိုက်ကွက်များ ဖော်၍ မြေဆွေးများ ထည့်ပေးပြီး ရေသွင်းမြောင်းများ၊ ကန်သင်းများဖော်၍ စိုက်ပျိုးနိုင်သည်။
အပင်ပြုစုခြင်း
အပင်ပေါက်စုံပြီး ၅-၁၀ ရက်သားတွင် ပေါင်းပေါက်၊ ဘောင်လုံးပေးရပါမည်။ အာလူးပေါင်းရှင်းရန်အတွက် အာလူးပေါင်းသတ်ဆေးအသုံးပြုပေးနိုင်ပါသည်။
သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ
မြေပြင်ချိန်တွင် နွားချေးလှည်း (၇-၁၀) စီး ထည့်ပါ။
စိုက်ကြောင်းအတွင်း မြေခံအဖြစ် ကောမက် စွမ်းအား (၁၅၀-၂၀၀) ကီလို နှင့် ကောမက် ဂျစ်ပ်ဆမ် (၅၀-၇၅)ကီလိုအသုံးပြုပါ။ ဘောင်လုံးချိန် (၂၅-၃၀) ရက်သား တစ်ဧကလျှင် ကောမက်ပရီမိုလိုက် ၅၀ ကီလို + ကောမက်ထွက်တိုးဂျီ-၄၅ (၂၅) ကီလို အသုံးပြုပြီး ဘောင်လုံးပါ။
အပင်ပေါက်ပြီး (၁၅)ရက်သားမှစ၍ အပင်ဟော်မုန်းဆေး ဖြစ်သော မိုရယ်မုန်းနှင့် ကောမက် ထရေစ့်တို့ကို (၇-၁၀) ရက်ခြား တစ်ကြိမ်နှုန်း ဖျန်းပါ။ အာလူးဥများ ကြီးထွား၍ အထွက်နှုန်း မြင့်မားစေရန် ပန်းစပွင့်ချိန်၌ ဂိုးလ် ၅၀ အက်စ်စီနှင့် ကောမက်ထရေစ့်တို့ကိုလည်း သုံးစွဲပေးပါ။
နုတ်သိမ်းခြင်း
အပင်များနွမ်း၍ ကျသွားချိန်တွင် နုတ်သိမ်းနိုင်ပါသည်။ ဈေးကွက်အခြေအနေအရ ဈေးကောင်းပါက အပင်ကျချိန် စောစော နုတ်သိမ်းနိုင် သည်။ (သို့မဟုတ်ပါက ဈေးစောင့်၍ နောက်ကျမှလည်း ရိတ်သိမ်းနိုင်ပါသည်။)
မြေသြဇာ အသုံးပြုရန်အတွက်
မြေခံ
တစ်ဧကလျှင် ကောမက် စွမ်းအား (၁၅၀-၂၀၀) ကီလို နှင့် ကောမက် ဂျစ်ပ်ဆမ် (၅၀-၇၅)ကီလိုအသုံးပြုပါ
အသုံးပြုရမည့်ပစ္စည်း – ကောမက် စွမ်းအား , ကောမက် ဂျစ်ပ်ဆမ်
ဘောင်လုံးချိန် (၂၅-၃၀) ရက်သား
တစ်ဧကလျှင် ကောမက်ပရီမိုလိုက် ၅၀ ကီလို + ကောမက်ထွက်တိုးဂျီ-၄၅ (၂၅) ကီလို အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ကောမက်ပရီမိုလိုက် , ကောမက် ထွက်တိုးဂျီ
ပေါင်းသတ်ဆေး အသုံးပြုရန်အတွက်
အာလူးပင်မပေါက်မီပေါင်းအုပ်ဆေး
အာလူးစိုက်မည့် အစိုဓာတ်ရှိသောမြေပြင် သို့မဟုတ် ဘောင်ပေါ် ဘောင်အောက်တစ်ခုလုံး ဆေးဖျန်းပုံးတစ်ပုံးလျှင် မက်တယ် ၁၂၀ စီစီနှုန်းဖြင့်ဖျန်းပါ။
မြက်၊ ရွက်ပြန့် နှင့် မုန်ညင်းများကိုမပေါက်လာအောင် ကာကွယ်ထားနိုင်ပါသည်။ မုန်ညင်းများ တစ်နှစ်ထက်တစ်နှစ် ပါးသွားပါမည်။
အသုံးပြုရမည့်ပစ္စည်း – မက်တယ်
မြက်ပေါင်း
စိုက်ပြီး ၇-၄၅ ရက်သားအတွင်း ဆေးဖျန်းပုံးတစ်ပုံးလျှင် ဖော်ကျွန်း ၃၀-၅၀ စီစီနှုန်းဖျန်းနိုင်ပါသည်။
မြက်ပေါင်းအုပ်စုသာနိုင်ပါမည်။
အသုံးပြုရမည့်ပစ္စည်း – ဖော်ကျွန်း
ပေါင်းမျိူးစုံ
ဩဘာ အာလူးပေါင်းသတ်ဆေးကို ဆေးဖျန်းပုံးတစ်ပုံးလျှင် ၁၀၀-၁၅၀ စီစီနှုန်းဖြင့် ဆေးဖျန်းပုံး ၈-၁၀ ပုံးဖျန်းပါ။ စိုက်ပြီး ၇ ရက်အတွင်း အာလူးမပေါက်ခင် အစိုဓာတ်ကောင်းချိန်တွင် ဖျန်းပါ။
မှိုသတ်ဆေး အသုံးပြုရန်အတွက်
ခါးရိရောဂါ
ဆေးတစ်ပုံးလျှင် ရီဗိုက် ၃၀စီစီ + သမားတော် ၁၀၀ ဂရမ် ကို ရောစပ်ပြီး အပင်ခြေထိ နှံ့စပ်အောင် ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ရီဗိုက် , သမားတော်
စောပင်နာကျရောဂါ
ဆေးတစ်ပုံးလျှင် ယူနတီ ၃၀စီစီနှင့် ဩဘာစွယ်စုံ ၆၀ စီစီ ကို တစ်လှည့်စီ ရက်ခြားဖြင့် နှံ့စပ်အောင်ဖျန်းပေးပါ၊၊
အသုံးပြုရမည့်ပစ္စည်း – ယူနတီ, စွယ်စုံ
ဖျူစေရီယမ်ပင်ညှိုးရောဂါ
ဆေးတစ်ပုံးလျှင် သမားတော် ၁၀၀ ဂရမ်ကို အပင်ခြေထိ နှံ့စပ်အောင်ရွှဲရွှဲ ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း –သမားတော်
စက်တိုးရီးယားရွက်ပြောက်ရောဂါ
ဆေးတစ်ပုံးလျှင် ယူနတီ ၃၀စီစီနှင့်စွယ်စုံ ၆၀စီစီ ကို တစ်လှည့်စီ ရက်ခြားဖြင့် နှံ့စပ်အောင်ဖျန်းပေးပါ၊၊
အသုံးပြုရမည့်ပစ္စည်း – ယူနတီ, စွယ်စုံ
ဘက်တီးရီးယားပင်ညှိုးရောဂါ
ဆေးတစ်ပုံးလျှင် ဘီလီယံ၁၀၀ ဂရမ် နှင့် ကာဆူဂါ ၁၀၀စီစီဖြင့် ရက်ခြားအလိုက် တလှည့်စီဖျန်းပါ၊၊
အသုံးပြုရမည့်ပစ္စည်း – ဘီလီယံ, ကာဆူဂါ
နှောင်းပင်နာကျရောဂါ
ဆေးတစ်ပုံးလျှင် ပရိုပါ ၅၀ စီစီနှင့် အိန်ဂျယ် ၄၀ဂရမ် ကို တစ်လှည့်စီ အလှည့်ကျ သုံးပါ။ ပရိုပါ ၊ အိန်ဂျယ် ဖျန်းတိုင်း မန်ကိုမဂ် ၆၀ ဂရမ်ထည့်သုံးပါက ပိုမိုထိရောက်သည်။
အသုံးပြုရမည့်ပစ္စည်း – ပရိုပါ, အိန်ဂျယ်လ်
ပိုးသတ်ဆေး အသုံးပြုရန်အတွက်
ထွာကောင်စိမ်း ၊ ပင်ဖြတ်ပိုး
ဆေးတစ်ပုံးလျှင် အလန်း ၂၀ ဂရမ် ၊ ဇိုင်ကလုံး ၄၀ စီစီ ၊ ငှက်ကြီးတောင် ၂၀ စီစီ တစ်လှည့်စီ အလှည့်ကျသုံးပါ။
အသုံးပြုရမည့်ပစ္စည်း- အလန်း, ဇိုင်ကလုံး, ငှက်ကြီးတောင်
ပင်ဖြတ်ပိုး ၊ ကျောက်ပိုး
တော်ပီဒို ၃ ဂျီအာ အား တစ်ဧက ၄-၅ကီလိုအသုံးပြု၍ စိုက်ကျင်းတစ်လျှောက် မစိုက်မီ ထည့်သွင်းအသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း- တော်ပီဒို ၃ ဂျီအာ
ပျ ၊ ဖြုတ် ၊ ယင်ဖြူ၊ လှေး
ဆေးတစ်ပုံးလျှင် ဘက်တား ၂၀ ဂရမ် ၊ ပိုင်ဒီ ၁၀ ဂရမ် ၊ ဘလိတ် ၂၀ ဂရမ် ကို တစ်လှည့်စီ အလှည့်ကျဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း- ဘက်တား, ပိုင်ဒီ
ရွက်ထွင်းပိုး
ဆေးတစ်ပုံးလျှင် ဒီမွန် ၁.၈ ၂၀ စီစီ + ဆာဗို ၁၀ ဂရမ် ထည့်သွင်းအသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း- ဒီမွန်, ဆာဗို
ရွက်ဖြန်းအားဆေး အသုံးပြုရန်အတွက်
အပင်ကြီးထွားစေရန်
ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ + ကောမက်အားကောင်း (အာလူး ) ၅၀ ဂရမ် သုံးပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်အားကောင်း
အသီး၊အပွင့်များစေရန်
ဆေးတစ်ပုံးလျှင် ကောမက်ပီဖိုလန် ၅၀ ဂရမ် နှင့် တင်ပို ၂၀ စီစီ ရောစပ်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်ပီဖိုလန်
အသီးအောင်စေရန်အတွက်သုံးစွဲရန်
ဆေးတစ်ပုံးလျှင် ကောမက်ပီဖိုလန် ၅၀ ဂရမ် နှင့် တင်ပို ၂၀ စီစီ ရောစပ်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်ပီဖိုလန်
အသီး၊ အပွင့်၊ အပင်၏ အရည်အသွေးကောင်းစေရန်
ဆေးတစ်ပုံးလျှင် ကယ်လ်ဘိုမဂ်စူပါ ၄၀ စီစီ ၊ ကောမက်အားကောင်း (အာလူး) ၅၀ ဂရမ် ၊ ကောမက်ထရေ့စ် ၂၀ ဂရမ် ရောစပ်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း- ကောမက်အားကောင်း , ကောမက်ထရေ့စ်, ကယ်လ်ဘိုမဂ်စူပါ
ရေငတ်ဒဏ်နှင့် ရောဂါဒဏ်ခံ နိုင်ရည်ရှိစေရန်
ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ ၊ ကောမက်အားကောင်း (အာလူး) ၅၀ ဂရမ် ရောစပ်ပက်ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်အားကောင်း
အပင်ဟုန်ခြင်းကိုကာကွယ်၍ အသီး ကြီးထွားမှုကိုအားပေးစေရန်
ဆေးတစ်ပုံးလျှင် ဂိုးလ် ၄၀ စီစီ သုံးပါ။
အသုံးပြုရမည့်ပစ္စည်း- ဂိုးလ်
သုံးစွဲသောဆေးများကို အာနိသင်ပိုကောင်းစေရန်
ဆေးတစ်ပုံးလျှင် ဝမ်းဒါး (ကော်ရည်) ၁၀ စီစီ သုံးပါ။
အသုံးပြုရမည့်ပစ္စည်း- ဝမ်းဒါး
