ခရမ်းချဉ်
ခရမ်းချဉ်စိုက်တောင်သူဦးကြီးများအတွက် ခရမ်းချဉ်သက်တမ်းအလိုက်၊ ပိုးမွှားရောဂါအလိုက် အသုံးပြုသင့်သော မြန်မာ့သြဘာ ထုတ်ကုန်များကို အောက်တွင် ရှာဖွေနိုင်ပါသည်။
စိုက်ပျိုးနည်း အပြည့်အစုံ
မျိုးရွေးချယ်ခြင်း
ရောဂါပိုးမွှားဒဏ် ခံနိုင်ပြီး အထွက်ကောင်းသည့် Hybrid မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။
(လိုရာ ၉၀၉၊ လိုရာ ၉၈၁၊ ၀၉၇)မြန်မာပြည် အထက်ပိုင်း ဒေသများတွင် အပူဒဏ်နှင့် ရောဂါဒဏ် ခံနိုင်သော (လိုရာ ၉၀၉) ကို စိုက်ပျိုးပါ။အင်းလေးဒေသအတွက် (လိုရာ ၉၈၁)မျိုးများကို စိုက်ပါ။
မြေယာပြုပြင်ခြင်း
ရေသွင်း၊ ရေထုတ် လွယ်ကူပြီး မြေဆီသြဇာ ကောင်းမွန်သည့် မြေမျိုးကို ရွေးချယ်ပါ။ ထယ်ရေးနက်နက်၊ ထွန်ရေးညက်အောင် ဆောင်ရွက်ပါ။
ထွန်ရေးညက်လျှင် ကြမ်းရိုက်ပြီး ၃ လက်မ ကြောင်းများ ဆွဲ၍ ဘောင်များ ပြုလုပ်ပါ။ ရေသွင်း၊ ရေထုတ်လွယ်ရန် ဘောင်များကို ၂၀ လက်မလျှင် ရေကာတုံး တစ်တုံး ဖြတ်ပေးပါ။
ပျိုးထောင်ခြင်း
မျိုးစေ့များကို ဘောင်နှင့် ပျိုးထောင်နိုင်သလို ပျိုးအိတ်များနှင့်လည်း ပျိုးထောင်နိုင်ပါသည်။
ဘောင်နှင့် ပျိုးထောင်ပါက ၃ ပေ ဘောင်များ ပြုလုပ်ပြီး ပျိုးဘောင်တွင် နွားချေးဆွေး၊ မြေဆွေး၊ စက်ဖွဲပြာနှင့် လောင်မှိုသတ်ဆေး၊ တော်ပီဒို ၃ဂျီအာ များထည့်၍ ဘောင်ကို ညီညာအောင် ပြုလုပ်ပါ။ ဘောင်ပေါ်တွင် စိုက်ကြောင်းများ ဆွဲ၍ မျိုးစေ့များကို ညီညာစွာချပါ။ မျိုးစေ့ချပြီးလျှင် စိုက်ကြောင်းများကို မြေဆွေး၊ နွားချေးဆွေးများဖြင့် အပေါ်မှ ဖြူးပေးပါ။ ပျိုးဘောင်များကို ကောက်ရိုး (သို့) မက်ခြောက်များနှင့် ဖုံးအုပ်ပေးပြီး ရေလောင်းပါ။
ပျိုးအိတ်နှင့် ပျိုးထောင်ပါက ၃ လက်မ x ၄ လက်မ ပျိုးအိတ်များကို ဘေးတွင်အပေါက်များ ဖောက်ပြီး စပ်မြေကို ထည့်ပါ။ စပ်မြေကို စက်ဖွဲပြာ ၁ ဆ၊ နုံးမြေ ၂ ဆ၊ မြေဆွေး၊ နွားချေးဆွေး ၁ ဆ လောင်နှင့် တော်ပီဒို ၃ဂျီအာ ရောစပ်ပါ။ မြေထည့်ပြီး ပျိုးအိတ်များကို ရေလောင်း၍ နှပ်ထားပါ။ ပျိုးအိတ်များအတွင်း မျိုးစေတစ်စေ့ချင်းစီကို အ စေ့မြုပ်ရုံထည့်ပြီး မြေဆွေးဖြင့် ဖုံးအုပ်ပေးပါ။ ပျိုးအိတ်များကို ရေလောင်း၍ အပေါ်မှကောက်ရိုးဖြင့် ဖုံးအုပ်ပေးပါ။
ပျိုးပင် (၇) ရက်သားစ၍ ကောမက် (စိမ်း)၊ မိုရယ်လ်မုန်းနှင့် ရီဗိုက်ကို ဖျန်းပေးပါ။
စိုက်ပျိုးပြုစုခြင်း
ဘောင်မှနှုတ်သော ပျိုးပင်များကို ရေ (၂) ဂါလန်တွင် ရီဗိုက် ၅ စီစီ + မိုရယ်လ်မုန်း ၁၀ စီစီ ဖျော်ရည်တွင် အမြစ်များကို စိမ်၍စိုက်ပါ။ ပျိုးပင်(၂၅) ရက်သားတွင် စိုက်ခင်းသို့ရွှေ့ပြောင်း စိုက်ပျိုးပါ။
ပင်ကြား ၁ ပေခွဲ စိုက်ကျင်းများ တူး၍ ရေလောင်းစိုက်ပါ။ ရေသွင်းလွယ်ကူသောနေရာများတွင် စိုက်ကြောင်းများအတွင်း ရေသွင်း၍ စိုက်ပါ။ စိုက်ပြီး (၇) ရက်တွင် အပင် ခါးဆွပေးပါ။
တိုင်ထောင်၍ စိုက်လျှင် အပင်သက်တမ်း ၁၀-၁၅ ရက်သားတွင် တိုင်များထောင်ခြင်း၊ တန်းများချည်ခြင်း ပြုလုပ်ပါ။ ပထမတန်းကိုမြေမှ ၁ပေခွဲတွင် ချည်ပါ။ ဒုတိယတန်းကို ပထမတန်းမှ ၁ ပေ ခွာချည်ပါ။
ဝိုင်ခွအောက်ဘက်ရှိ အတက်များကို အပေါ်ဆုံး တစ်တက်ချန်၍ ဖဲ့ပေးပါ။ ဝိုင်ခွမှ ထပ်၍ ထွက်လာသော ကိုင်းများအား တန်းအတွင်း အဆင့်ဆင့် ချည်နှောင်ပေးပါ။
🚫 အပင်သက်တမ်းတစ်လျှောက် ပေါင်းမြက် ကင်းစင်အောင် ဆောင်ရွက်ပေးပါ။
မြေသြဇာအသုံပြုနည်း
မစိုက်ခင်နွားချေးဆွေး သစ်ရွက်ဆွေးများထည့်သွင်းပေးပါ။
မြေသြဇာ အသုံးပြုမည်ဆိုပါက ကောမက်ပရီမိုလိုက်+ ကောမက်ထွက်တိုး ဂျီ ၄၅ မြေသြဇာအသုံးပြုနိုင်ပါတယ်။
ရေသွင်းခြင်း
ခရမ်းချဉ်သည် မြေမစို မခြောက် အနေအထားတွင် ရှိရန် လိုအပ်ပါသည်။
ရေကို ၇ ရက်ခြား တစ်ကြိမ် သွင်းပါ။ ရာသီပူပြင်းပါက ၄-၅ ရက်ခြား တစ်ကြိမ် ရေသွင်းပါ။
🚫ရေသွင်းရာတွင် ဘောင်မြုပ်အောင် ရေမသွင်းသင့်ပါ။ ဘောင်ကြား ရေခပ်ပါးပါးသာ သွင်းသင့်ပါသည်။
သတိထားသင့်သောပိုးရောဂါများ
ခရမ်းချဉ်တွင် ရွက်ထွင်းပိုး ၊ ယင်ဖြူ ၊ မွှားပင့်ကူနီ ၊ သီးလုံးဖောက်ပိုး များအကျများတတ်ပြီး နှောင်းပင်နာကျရောဂါ၊ စောပင်နာကျ ရောဂါ ၊ ခါးရိနှင့် ဘက်တီးရီးယား ပင်ညှိုးရောဂါများကို အထူးသတိထားရပါမည်။
ရိတ်သိမ်းခြင်း
ခရမ်းချဉ်သီးအတွက် အသီးတင်ချိန်မှ ရင်မှည့်ချိန်အထိ သင့်တော်မည့်အဆင့်တွင် ခူးဆွတ်ရန် လိုအပ်ပါသည်။ ခရမ်းချဉ်သီးအစိမ်းရောင် မှ အစိမ်းဖျော့ ထိုမှတဆင့် အဖြူရောင်များလာချိန်တွင် ခူးဆွတ်ပါက အဝေးဈေးကွက်သို့ တင်ပို့နိုင်ပြီး၊ လမ်းခရီးတွင် အပျက်အစီး အဆုံးအရှုံး သက်သာမည် ဖြစ်ပါသည်။
ဒေသဝန်းကျင်ဈေးတွင် စာပို့ဆောင်ရောင်းချမည်ဆိုပါက ဝမ်းပြင်အဆင့် အဝါရောင်ေပြာင်းစ အသီးများကို ဆွတ်ခူးရောင်းချနိုင်ပါသည်။
မျိုးစေ့ထုတ်ရန်အတွက်မူ အပင်ပေါ်တွင် ကောင်းစွာရင့်မှည့်သည်အထိ ထားရန် လိုအပ်ပါ သည်။
စနစ်တကျစိုက်ပျိုးပါက ကုန်းေမြတွင် အထွက်နှုန်း (၅၀၀၀-၈၀၀၀) ပိဿာ/တစ်ဧက ထွက်နိုင်ပြီး အင်းလေဒေသတွင် တစ်ဧက လျှင် ပိဿာချိန်(၁၀၀၀၀) ထွက်ရှိနိုင်ပါသည်။
မြေသြဇာ အသုံးပြုရန်အတွက်
ရွှေ့စိုက်ပြီး
တစ်ဧကလျှင် ကောမက် စွမ်းအား (၅၀) ကီလို နှင့် ကောမက် ဂျစ်ပ်ဆမ် (၅၀)ကီလိုအသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ကောမက် စွမ်းအား , ကောမက် ဂျစ်ပ်ဆမ်
ပင်ပိုင်းကြီးထွားချိန် (၂၅-၃၀) ရက်သား
တစ်ဧကလျှင် ကောမက် ပရီမိုလိုက် ၅၀ ကီလို + ကောမက်ထွက်တိုးဂျီ-၄၅ (၂၅) ကီလို အသုံးပြုပါ
အသုံးပြုရမည့်ပစ္စည်း – ကောမက် ပရီမိုလိုက် ၅၀ ကီလို, ကောမက်ထွက်တိုးဂျီ-၄၅
ပန်းပွင့်ချိန် (၄၅-၅၀) ရက်သား
တစ်ဧကလျှင် ကောမက်ပရီမိုလိုက် ၂၅ ကီလို + ကောမက်ထွက်တိုးဂျီ-၄၅ (၂၅) ကီလို အသုံးပြုပါ
အသုံးပြုရမည့်ပစ္စည်း – ကောမက် ပရီမိုလိုက် ၅၀ ကီလို, ကောမက်ထွက်တိုးဂျီ-၄၅
အသီးခူးချိန်
တစ်ဧကလျှင် ကောမက်ပရီမိုလိုက် ၂၅ ကီလို + ကောမက်ထွက်တိုးဂျီ-၄၅ (၂၅) ကီလို အသုံးပြုပါ
တစ်ဧကလျှင် အသီးခူးပြီး (၁၅) ရက်တစ်ကြိမ် လိုအပ်သလိုချိန်ဆကျွေးနိုင်ပါသည်။
အသုံးပြုရမည့်ပစ္စည်း – ကောမက် ပရီမိုလိုက် ၅၀ ကီလို, ကောမက်ထွက်တိုးဂျီ-၄၅
ပေါင်းသတ်ဆေး အသုံးပြုရန်အတွက်
ရွှေ့မစိုက်မီ
အစိုဓာက်ရှိသောမြေပြင် သို့မဟုတ် ဘောင်ပေါ် ဘောင်အောက်တစ်ခုလုံး ဆေးဖျန်းပုံးတစ်ပုံးလျှင် ပိုလာ ၁၀ စီစီနှုန်းဖြင့်ဖျန်းပါ။ သီးနှံမစိုက်မီ ၁-၃ ရက်ကြိုတင်ဖျန်းပါ။အပင်စိုက်ပြီးမှလုံးဝမဖျန်းရပါ။
အသုံးပြုရမည့်ပစ္စည်း – ပိုလာ
ရွှေ့စိုက်ပြီး (ပေါင်း)
စိုက်ပြီး ၇-၂၅ ရက်သားအတွင်း ဆေးဖျန်းပုံးတစ်ပုံးလျှင် ဖော်ကျွန်း ၃၀ စီစီနှုန်းဖျန်းနိုင်ပါသည်။ မြက်ပေါင်းအုပ်စုသာနိုင်ပါသည်။
အသုံးပြုရမည့်ပစ္စည်း – ဖော်ကျွန်း
ဘောင်းကြားတန်းကြားရှိ ပေါင်းအားလုံးရှင်းရန်
ဆေးဖျန်းပုံးတစ်ပုံးလျှင် ပရိုင်မာ ၁၀၀ စီစီ ကို အုပ်ဆောင်းခေါင်း နှင့်ဖျန်းပါ။ ပရိုင်မာသည် ထိသေရွေးချယ်မဲ့ ပေါင်းသတ်ဆေး ဖြစ်ပြီး ဆေးစက်ထိသော အရွက်များ လောင်းကျွမ်းနိုင်ပေမဲ့ အပင်အတွက် ပြဿနာ မရှိပါ။ ကုန်ကျစရိတ် အလွန် သက်သာသော ပေါင်းသတ်ဆေးဖြစ်သည်။
အသုံးပြုရမည့်ပစ္စည်း – ပရိုင်မာ
မှိုသတ်ဆေး အသုံးပြုရန်အတွက်
စောပင်နာကျရောဂါ
ဆေးတစ်ပုံးလျှင် ယူနတီ၂၀ စီစီနှင့်စွယ်စုံ (၅၀)စီစီ အား(၇)ရက်ခြား တစ်ကြိမ် တစ်လှည့်စီဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ယူနတီ, စွယ်စုံ
ဖျူစေရီယမ်ပင်ညှိုးရောဂါ
ဆေးတစ်ပုံးလျှင် သမားတော် ၁၀၀ဂရမ် ဖြင့်စိုရွှဲ သည်အထိဖျန်းပါ။ (မစိုက်ခင်(စိုက်ကျင်း၊ အပင်စိုက်မည့်နေရာတွင်) ၁ ကြိမ်၊ ရွှေ့စိုက်ပြီး ၁၅ ရက်သား ၁ကြိမ် ၊ ၃၀ ရက်သားမှာ ၁ကြိမ် အသုံးပြု နိုင်လျှင် အကောင်းဆုံးဖြစ်သည်။)
အသုံးပြုရမည့်ပစ္စည်း – သမားတော်
စက်တိုးရီးယားရွက်ပြောက်ရောဂါ
ဆေးတစ်ပုံးလျှင် နီဗိုစူပါ ၁၀ ဂရမ် နှင့် ဩဘာစွယ်စုံ ၅၀ စီစီ ကို ရက်ခြားဖြင့်ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – နီဗိုစူပါ, ဩဘာစွယ်စုံ
ဘက်တီးရီးယားရွက်စက်ပြောက်ရောဂါ
ဆေးတစ်ပုံးလျှင် ဘီလီယံ၁၀၀ ဂရမ် နှင့် ကျုပရောက်ဆက် ၅၀စီစီဖြင့် ရက်ခြားအလိုက် တစ်လှည့်စီဖျန်းပါ၊၊
အသုံးပြုရမည့်ပစ္စည်း – ဘီလီယံ, ကျူပရောက်ဆက်
ဘက်တီးရီးယားပင်ညှိုးရောဂါ
ဆေးတစ်ပုံးလျှင် ဘီလီယံ၁၀၀ ဂရမ် နှင့် ကာဆူဂါ ၁၀၀စီစီဖြင့် ရက်ခြားအလိုက် တစ်လှည့်စီဖျန်းပါ၊၊
အသုံးပြုရမည့်ပစ္စည်း – ဘီလီယံ, ကာဆူဂါ
မြစ်ဖုနီမတုတ်ရောဂါ
ဩဘာမြေကောင်း တစ်ဧကလျှင် ၄-၅ ကီလို အား မစိုက်မီ စိုက်ဘောင်ထဲသို့ ကြိုတင်၍ ထည့်ပါ။
အသုံးပြုရမည့်ပစ္စည်း – ဩဘာမြေကောင်း
ဖားဥမှိုရောဂါ
ရောဂါမကျမီ ကလောက်ဒီ ဆေးတစ်ပုံးလျှင် ၄၀ ဂရမ်ဖြင့်ကာကွယ်နိုင်သည်။ ရောဂါ ကျရောက်ပါက ဆေးတစ်ပုံးလျှင် ယူနတီ ၂၀စီစီ အား နှံ့စပ်အောင်ဖျန်းပေးပါ၊၊
အသုံးပြုရမည့်ပစ္စည်း – ကလောက်ဒီ
နှောင်းပင်နာကျ
ဆေးတစ်ပုံးလျှင် ပရိုပါ ၅၀ စီစီနှင့် အိန်ဂျယ် ၄၀ဂရမ် ကို တစ်လှည့်စီ အလှည့်ကျ သုံးပါ။ ပရိုပါ ၊ အိန်ဂျယ် ဖျန်းတိုင်း မန်ကိုမဂ် ၆၀ ဂရမ်ထည့်သုံးပါက ပိုမိုထိရောက်သည်။
အသုံးပြုရမည့်ပစ္စည်း – ပရိုပါ, အိန်ဂျယ်, မန်ကိုမဂ်
ပိုးသတ်ဆေး အသုံးပြုရန်အတွက်
ထွာကောင်စိမ်း
ဆေးတစ်ပုံးလျှင် အလန်း ၂၀ ဂရမ် ၊ ဇိုင်ကလုံး ၄၀ စီစီ ၊ ငှက်ကြီးတောင် ၂၀ စီစီ ကိုတစ်လှည့်စီ အလှည့်ကျသုံးပါ။
အသုံးပြုရမည့်ပစ္စည်း – အလန်း, ဇိုင်ကလုံး, ငှက်ကြီးတောင်
သီးလုံးဖောက်ပိုး
ဆေးတစ်ပုံးလျှင် အလန်း ၂၀ ဂရမ် ၊ ဇိုင်ကလုံး ၄၀ စီစီ ၊ ငှက်ကြီးတောင် ၂၀ စီစီ ကိုတစ်လှည့်စီ အလှည့်ကျသုံးပါ။
အသုံးပြုရမည့်ပစ္စည်း – အလန်း, ဇိုင်ကလုံး, ငှက်ကြီးတောင်
ရွက်ထွင်းပိုး
ဆေးတစ်ပုံးလျှင် ဒီမွန် ၁.၈ ၂၀ စီစီ + ဆာဗို ၁၀ ဂရမ် ထည့်သွင်းအသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ဒီမွန်, ဆာဗို
မွှားပင့်ကူနီ
ဆေးတစ်ပုံးလျှင် ဒီမွန် ၃.၆ ၂၀ စီစီ အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ဒီမွန်
ပျ ၊ ယင်ဖြူ၊ လှေး
ဆေးတစ်ပုံးလျှင် ဘက်တား ၂၀ ဂရမ် ၊ ပိုင်ဒီ ၁၀ ဂရမ် နှင့် ဘလိတ် ၂၀ ဂရမ် ကို တစ်လှည့်စီ အလှည့်ကျသုံးပါ။
အသုံးပြုရမည့်ပစ္စည်း – ဘက်တား, ပိုင်ဒီ, ဘလိတ်
မြေခွေးပုရစ် ၊ ဖိုးလမင်းကျိုင်း ၊ပင်ဖြတ်ပိုး
ဩဘာမြေကောင်း တစ်ဧကလျှင် ၄-၅ ကီလို အား မစိုက်မီ စိုက်ဘောင်ထဲသို့ ကြိုတင်၍ ထည့်ပါ။
အသုံးပြုရမည့်ပစ္စည်း – ဩဘာမြေကောင်း
ပိုးစေးနဲ
ဆေးတစ်ပုံးလျှင် ဆပ်ပြာမှုန့် ၂ ဇွန်း + ဒီမွန် ၁.၈ ၂၀ စီစီ + ပိုင်ဒီ ၁၀ ဂရမ် ရောစပ် အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ဒီမွန်, ပိုင်ဒီ
ရွက်ဖြန်းအားဆေး အသုံးပြုရန်အတွက်
အပင်ကြီးထွားစေရန်
ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ + ကောမက်အားကောင်း (ခရမ်းချဥ် ) ၅၀ ဂရမ် သုံးပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်အားကောင်း
အသီး၊အပွင့်များစေရန်
ဆေးတစ်ပုံးလျှင် ကောမက်ပီဖိုလန် ၅၀ ဂရမ် နှင့် တင်ပို ၂၀ စီစီ ရောစပ်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်ပီဖိုလန်
အသီးအောင်စေရန်အတွက်သုံးစွဲရန်
ဆေးတစ်ပုံးလျှင် ကောမက်ပီဖိုလန် ၅၀ ဂရမ် နှင့် တင်ပို ၂၀ စီစီ ရောစပ်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်ပီဖိုလန်
အသီး၊ အပွင့်၊ အပင်၏ အရည်အသွေးကောင်းစေရန်
ဆေးတစ်ပုံးလျှင် ကယ်ဘိုမဂ်စူပါ ၄၀ စီစီ ၊ ကောမက်အားကောင်း (ခရမ်းချဥ်) ၅၀ ဂရမ် ၊ ကောမက်ထရေ့စ် ၂၀ ဂရမ် ရောစပ်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း- ကောမက်အားကောင်း , ကောမက်ထရေ့စ်, ကယ်လ်ဘိုမဂ်စူပါ
ရေငတ်ဒဏ်နှင့် ရောဂါဒဏ်ခံ နိုင်ရည်ရှိစေရန်
ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ ၊ ကောမက်အားကောင်း (ခရမ်းချဥ်) ၅၀ ဂရမ် ရောစပ်ပက်ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်အားကောင်း
အပင်ဟုန်ခြင်းကိုကာကွယ်၍ အသီး ကြီးထွားမှုကိုအားပေးစေရန်
ဆေးတစ်ပုံးလျှင် ဂိုးလ် ၄၀ စီစီ သုံးပါ။
အသုံးပြုရမည့်ပစ္စည်း- ဂိုးလ်
သုံးစွဲသောဆေးများကို အာနိသင်ပိုကောင်းစေရန်
ဆေးတစ်ပုံးလျှင် ဝမ်းဒါး (ကော်ရည်) ၁၀ စီစီ သုံးပါ။
အသုံးပြုရမည့်ပစ္စည်း- ဝမ်းဒါး
