အလန်း

သီးနှံပင်သက်တမ်းတစ်လျှောက် ဖျက်ပိုးမျိုးစုံ နှိမ်နင်းနိုင်သော ပိုးသတ်ဆေး

ဆေးအမည်
အလန်း ၁၅ ဒဗလျူပီ
အစွမ်းရှိပစ္စည်း

Emamectin Benzoate 5% + Lambda Cyhalothrin 10%

ဆေးအမျိုးအစား

ပိုးသတ်ဆေး

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ အာလူး၊ ဂေါ် ဖီ၊ ခရမ်း၊ဟင်းသီးဟင်းရွက်၊ စပျစ်၊ ဖရဲ၊ သခွား နှင့် သီးနှံမျိုးစုံ။

သုံးစွဲရမည့် အချိန်

အပင်ငယ်စဉ်မှစ၍ အပင်သက်တမ်းတစ်လျှောက် ပိုးကောင် ငယ်ရွယ်စဉ် မှ စတင်၍ ဖျန်းပါ။

ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ထိသေ စားသေ အာနိသင်ရှိသည်။
  • အီမာမက်တင်ကြောင့် ပိုးကောင်သည် နာရီပိုင်းအတွင်း အစာမစားနိုင်တော့ခြင်း။
  • လမ်ဘဒါ ဆိုင်ဟေလိုသရင်ကြောင့် ဆေးထိမိသည်နှင့် ပိုးကောင် ပြုတ်ကျေ သေဆုံးစေသည်။
  • ဆေး အဆိပ် ၂ မျိုး တွဲထားသောကြောင့် ပိုးကောင်ဖျက်ဆီးမှု လုံးဝရပ်သွားပြီး အပင် ကို လျှင်မြန်စွာ ကာကွယ်ပေးနိုင်သည်။
နှုန်းထား

ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆေး ၁၀ – ၂၀ ဂရမ်ထည့်ပြီး တစ်ဧကလျှင် ၅၀ – ၁၀၀ ဂရမ်ဖြင့် ၅ – ၈ ပုံးအသုံးပြုပါ။

သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက်

၇ ရက်။

နှိမ်နှင်းနိုင်သော ဖျက်ပိုးများ

ငမြှောင်တောင်၊ စိန်ကွက်ဖလံ၊ ပွင့်ထွေးပိုး၊ ရွက်လိပ် ရွက်ကပ်ပိုး၊ ‌လှေးပိုး၊ ပျ၊ ဖြုတ်၊ ယင်ဖြူ။

အဓိကအကျိုးကျေးဇူးများ
  • သီးနှံစိုက်ခင်းတွင် ကျရောက်သော ကိုက်စားပိုးများသာမက စုပ်စားပိုးများကိုပါ နှိမ်နှင်းနိုင်သည်။
  • အပင်သက်တမ်းတစ်လျှောက် ဖျန်းနိုင်သည်။
  • ပိုးကောင် ငယ်စဉ်ဖျန်းနိုင်ပါက ပိုးဆိုးရွားစွာ ကျရောက်မှု နည်းစေသည်။
  • သီးနှံပင် ပိုးဖျက်ဆီးမှုနည်းပြီး အထွက်နှုန်းတိုးစေသည်။
  • တစ်ဧက ဈေးနှုန်း သင့်တင့် ပြီး အစွမ်းထက်သော ပိုးသတ်ဆေး ဖြစ်သည်။