ဇိုင်ကလုံး

ပိုးကောင်အား အလွန်လျှင်မြန်စွာ ပြုတ်ကျသေစေနိုင်သော ပိုးသတ်ဆေး

ဆေးအမည်
ဇိုင်ကလုံး အိပ်စ် ၅ အီးစီ
အစွမ်းရှိပစ္စည်း

Lambda Cyhalothrin 5%

ဆေးအမျိုးအစား

ထိသေစားသေပိုးသတ်ဆေး

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

သီးနှံမျိုးစုံ။

သုံးစွဲရမည့် အချိန်

သီးနှံသက်တမ်းတစ်လျှောက် ပိုးစတင်တွေ့ရှိသည်နှင့်အသုံးပြုနိုင်သည်။

ဆေးအာနိသင်ပြန့်နှံ့ပုံ

ဇိုင်ကလုန်း၏ ဆေးဖျော်စပ်ပုံအသစ်ကြောင့် ထိသေအာနိသင်ပို၍ ကောင်းမွန်ပြီး ပိုးများကို ဆေးထိသည်နှင့် လျှင်မြန်စွာပြုတ်ကျသေဆုံးစေသည်။

နှုန်းထား
  • ရေ ၂၀လီတာဝင် ဆေးတစ်ပုံးလျှင် ၄၀ – ၅ ၀စီစီ ထည့်ပြီး တစ်ဧကလျှင် ၂၀၀ – ၂၅၀ စီစီနှုန်းဖြင့် ၅ – ၈ ပုံးအသုံးပြုပါ။
  • ၅ – ၇ ရက်ခြား၍ သီးနှံရာသီတစ်လျှောက်လုံး ၂ – ၃ကြိမ်အသုံးပြုနိုင်သည်။
နှိမ်နှင်းနိုင်သော ဖျက်ပိုးများ

ငမြောင်တောင်၊ ပွင့်ထွေးပိုး၊ ရွက်လိပ်ရွက်ကပ်၊ ခူမွေးရှည်နှင့် ပျ၊ လှေး၊ မွှားပင့်ကူကဲ့သို့ စုပ်စားပိုးများ။

အဓိကအကျိုးကျေးဇူးများ
  • ဆေးဖျော်စပ်ပုံ အသစ်ကြောင့် ထိသေအာနိသင် ၂ဆ ပိုမြန်ဆန်လာခြင်း။
  • ပိုးကောင်များ အား လျှင်မြန်စွာနှိမ်နင်းနိုင်သောကြောင့် သီးနှံပျက်စီးမှု လျော့နည်းစေခြင်း။
  • ရောစပ်ရလွယ်ကူခြင်း။
  • သီးနှံသက်တမ်းတစ်လျှောက် အသုံးပြုနိုင်ခြင်း။
  • တစ်ဧကကုန်ကျစရိတ် သက်သာခြင်း စသော အကျိုးကျေးဇူးများ ရရှိစေသည်။
Relate Crops

သက်ဆိုင်ရာ သီးနှံများအတွက်