မတ်ပဲ
မတ်ပဲစိုက်တောင်သူဦးကြီးများအတွက် မတ်ပဲသက်တမ်းအလိုက်၊ ပိုးမွှား ရောဂါအလိုက် အသုံးပြုသင့်သော မြန်မာ့သြဘာ ထုတ်ကုန်များကို အောက်တွင် ရှာဖွေနိုင်ပါသည်။
စိုက်ပျိုးနည်း အပြည့်အစုံ
မျိုး
အထွက်ကောင်းသော ရေဆင်း ၃၊ ရေဆင်း ၄၊ ရေဆင်း ၅ မျိုးများကို စိုက်ပါ။ မြန်မာပြည် အထက်ပိုင်း ရေသွင်း စိုက်ဧကများအတွက် ရေဆင်း(၄) မျိုးကို စိုက်ပျိုးပါ။ အပင်ပေါက်စအချိန်တွင် ရောဂါနှင့် ပိုးမွှားများ ကျရောက်မှု မရှိစေရန် မျိုးစေ့များကို မြန်မာ့သြဘာ မျိုးစေ့လူးနယ်ဆေးဖြင့်လူးနယ်ပြီးမှ စိုက်ပျိုးပါ။စိုက်စနစ်
ကြဲပက်စနစ်၊ စိုက်ကြောင်းစနစ် အမျိုးမျိုးဖြင့် စိုက်ပျိုးနိုင်ပါသည်။ လယ်သီးထပ် အနိမ့်ကွင်းများတွင် အစိုဓာတ်နှင့် စိုက်ချိန်ကို လိုက်၍ရေလိုက်ကြဲစနစ်ကို သုံးပါ။ ကြဲပက်စနစ်တွင် တစ်ဧက အပင်ဦးရေ ၁ သိန်း ၃ သောင်းခန့် ဝင်အောင် လက်ဆညီညီနှင့် ကြဲပက်ရပါမည်။ စိုက်တန်းစနစ်တွင် တန်းကြား ၁ ပေ၊ ပင်ကြား ၄ လက်မ ရအောင်စိုက်ပါ။ မျိုးစေ့များ မြေတွင် ၁ လက်မ ၁.၅ လက်မ အနက်အတွင်း ရအောင်စိုက်ပါ။စိုက်ချိန်
လယ်သီးထပ်အတွက် နိုဝင်ဘာမှ ဒီဇင်ဘာ ဒုတိယပတ်အတွင်း ပြီးအောင် စိုက်ပါ။ ယာသီးထပ်အတွက် စက်တင်ဘာမှ အောက်တိုဘာလစိုက်ပါ။ ရေသွင်းစိုက်ဒေသအတွက် ဧပြီ၊ မေလအတွင်း စိုက်ပါ။သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာသုံးစွဲခြင်း
မြေပြင်ချိန်တွင် ရွှေကောမက် ပဲမျိုးစုံ + ကောမက်ဂျစ်ပ်ဆမ် တစ်ဧကလျှင် (၁) အိတ်နှုန်း ထည့်ပေးခြင်းဖြင့်အထွက်နှုန်း တိုးစေပါသည်။ မတ်ပဲစိုက်ပြီး (၁၀-၁၅) ရက်သားမှစ၍ သီးပွင့်ချိန်အထိ ကောမက် ရွှေမိုးငွေမိုး ကို ၁၀ ရက်ခြား တစ်ကြိမ် ဖျန်းပေးပါ။ မတ်ပဲ ပန်းစတင်ပွင့်ချိန်မှစ၍ တင်ပို + ကောမက်ပီဖိုလန်ကို ဖျန်းပေးပါ။ပိုးမွှား၊ ရောဂါနှင့် ပေါင်းမြက်နှိမ်နင်းခြင်း
အပင်တစ်လသားအတွင် ပေါင်းမြက်ကင်းစင်ရန် လိုအပ်ပါသည်။ ပဲ ၁၅ ရက်သားတွင် ဖော်ကျွန်း + ဖော်ဝမ်း ဖျန်းပေးခြင်းဖြင့် ရွက်ပြန့်နှင့် ရွက်ချွန် ၂ မျိုးလုံးအတွက် နှိမ်နင်းနိုင်သည်။ အပင်ငယ်စဉ်မှစ၍ ပျ၊ လှေး၊ ပင်စည်ထိုးယင်များကို ကာကွယ်ပါ။ အဝါရောင်မိုဇေ့ရောဂါ မဖြစ်ရန် ယင်ဖြူများကို ကာကွယ်ပါ။ရိတ်သိမ်းခြင်း
မတ်ပဲတောင့်များ အစိမ်းရောင်၊ အနက်ရောင်သို့ (၇၅%) အထိ အရောင်ပြောင်းချိန်တွင် ရိတ်သိမ်းပါ။ပေါင်းသတ်ဆေး အသုံးပြုခြင်း
ပေါင်းသတ်ဆေးဖျန်းရာတွင် ပဲခင်းများအတွင်း အစိုဓာတ်အနည်းငယ်ရှိပါက ပိုမိုထိရောက်ပါသည်။ ဆေးမဖျန်းမီနှင့် ဆေးဖျန်ပြီး မြေသြဇာကျွေးခြင်း၊ ရွက်ဖျန်းမြေသြဇာနှင့် ဆေးဖျန်းခြင်းများ မပြုလုပ်သင့်ပါ။ ဆေးဖျော်စပ်ရာတွင် ရေကြည်၊ ရေသန့်ကိုသာ အသုံးပြုသင့်ပါသည်။မြေသြဇာ အသုံးပြုရန်အတွက်
မြေခံ
တစ်ဧကလျှင် ရွှေကောမက် ပဲမျိုးစုံ (၂၅-၅၀) ကီလို နှင့် ကောမက် ဂျစ်ပ်ဆမ်(၂၅-၅၀) ကီလို အသုံးပြုပါ။
ပေါင်းသတ်ဆေး အသုံးပြုရန်အတွက်
မြက်ပေါင်းများပေါက်လျှင်
ပဲ အပင်ပေါက်ပြီး ၇ ရက်မှာ ၃၀ ရက်သားအတွင်းသုံးနိုင်သည်။ ပေါင်းပင် နုစဥ် သုံးနိုင်ပါက အကောင်းဆုံးဖြစ်သည်။ ပဲပင်ပေါက်ကာစ အရွက် ၂ ရွက်စတင်ထွက်ချိန်တွင် ဖော်ကျွန်းပေါင်းသတ်ဆေးကို ဆေးဖျန်းပုံးတစ်ပုံးလျှင် ၃၀ စီစီနှုန်းဖျန်းပါ။ ပေါင်းရင့်လျှင် ၅၀ စီစီနှုန်းဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ဖော်ကျွန်း
ရွက်ပြန့် မုန်ညင်းပေါင်းများပေါက်လျှင်
ပဲ အပင်ပေါက်ပြီး ၇ ရက်မှာ ၃၀ ရက်သားအတွင်းသုံးနိုင်သည်။ ပေါင်းပင်နုစဥ် သုံးနိုင်ပါက အကောင်းဆုံးဖြစ်သည်။ ပဲပင်ပေါက်ကာစ အရွက် ၂ ရွက်စတင်ထွက်ချိန်တွင် ဖော်ဝမ်း ပေါင်းသတ်ဆေး ကို ဆေးဖျန်းပုံးတစ်ပုံးလျှင် ၃၀ စီစီနှုန်းဖျန်းပါ။ပေါင်းရင့်လျှင် ၅၀ စီစီနှုန်းဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ဖော်ဝမ်း
မြက် မုန်ညင်း ရွက်ပြန့် ပေါင်းမျိူးစုံပေါက်လျှင်
ပဲ အပင်ပေါက်ပြီး ၇ ရက်မှာ ၃၀ ရက်သားအတွင်းသုံးနိုင်သည်။ ပေါင်းပင် နုစဥ် သုံးနိုင်ပါက အကောင်းဆုံးဖြစ်သည်။ပဲပင်ပေါက်ကာစ အရွက် ၂ ရွက်စတင်ထွက်ချိန်တွင် ဖော်ကျွန်း+ဖော်ဝမ်း ပေါင်းသတ်ဆေး ကို ဆေးဖျန်းပုံးတစ်ပုံးလျှင် ၃၀ စီစီနှုန်းစီဖြင့်ရောစပ်ဖျန်းပါ။ ပေါင်းရင့်လျှင် ၅၀ စီစီနှုန်းဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ဖော်ကျွန်း , ဖော်ဝမ်း
မှိုသတ်ဆေး အသုံးပြုရန်အတွက်
ရွက်ပြောက်ရောဂါ
ဆေးတစ်ပုံးလျင် ယူနတီ ၂၀ စီစီ နှုန်းဖြင့် တစ်ဧက ၅ ပုံး ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ယူနတီ
ပင်စည်ပုပ်ရောဂါ/ပင်ခြေပုပ်ရောဂါ/ခါးရိ
ဆေးတစ်ပုံးလျင် ရီဗိုက် ၃၀စီစီ အားအပင်ခြေထိ နှံ့စပ်အောင် ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ရီဗိုက်
ဖျူစေရီယမ်ပင်ညှိုးရောဂါ
မြစ်ခြောက်ဆွေးရောဂါ
သံချေးရောဂါ
ဆေးတစ်ပုံးလျင် ယူနတီ၂၀ စီစီ နှုန်းဖြင့် နှံ့စပ်အောင် ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ယူနတီ
ဖားဥမှိုရောဂါ
ကာကွယ်လိုပါက ကလောက်ဒီ ဆေးတစ်ပုံးလျှင် ၄၀ ဂရမ် နှုန်းဖျန်းပါ၊ ရောဂါ ကျရောက်ပါက ဆေးတစ်ပုံးလျင် ယူနတီ ၂၀ စီစီ နှုန်းဖြင့် နှံ့စပ်အောင် ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ယူနတီ
သီးတောင့်ပုပ်ရောဂါ
ဆေးတစ်ပုံးလျင် ယူနတီ ၂၀ စီစီ နှုန်းဖြင့် နှံ့စပ်အောင် ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ယူနတီ
မှဲ့ပြောက်စွန်းရောဂါ
ပိုးသတ်ဆေး အသုံးပြုရန်အတွက်
ငမြောင်တောင်
ပွင့်ထွေးပိုး နှင့် ပဲတောင့်ထိုးပိုး
ပျ ၊ ယင်ဖြူ
ပဲဂျပိုးစိမ်း
လှေးပိုး
ပိုးစေးနဲ
ဆေးတစ်ပုံးလျှင် ဆပ်ပြာမှုန့် ၂ ဇွန်း + ဒီမွန် ၁.၈ ၂၀ စီစီ + ပိုင်ဒီ ၁၀ ဂရမ် ရောစပ် အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း- ဒီမွန်, ပိုင်ဒီ
ရွက်ဖြန်းအားဆေး အသုံးပြုရန်အတွက်
အပင်ကြီးထွားစေရန်
ဆေးတစ်ပုံးလျှင် ကောမက် ရွေမိုး ၂၅စီစီ + ကောမက်ငွေမိုး ၂၅ စီစီ ရောစပ်၍ ၁၅ ရက်သားမှ စတင်၍ ၂ ကြိမ်ပက်ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း- ကောမက် ရွေမိုး, ကောမက်ငွေမိုး
အသီး၊အပွင့်များစေရန်
ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ နှင့် ကောမက်ပီဖိုလန် ၅၀ ဂရမ် ရောစပ်ပက်ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်ပီဖိုလန်
အသီးအောင်စေရန်အတွက်သုံးစွဲရန်
ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ နှင့် ကောမက်ပီဖိုလန် ၅၀ ဂရမ် ရောစပ်ပက်ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်ပီဖိုလန်
ရေငတ်ဒဏ်နှင့် ရောဂါဒဏ်ခံ နိုင်ရည်ရှိစေရန်
ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ နှင့် ကောမက်အားကောင်း (ပဲတီစိမ်း၊ မတ်ပဲ) ၅၀ ဂရမ် ရောစပ်ပက်ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်အားကောင်း
အပင်ဟုန်ခြင်းကိုကာကွယ်၍ အသီး ကြီးထွားမှုကိုအားပေးစေရန်
ဆေးတစ်ပုံးလျှင် ဂိုးလ် ၄၀ စီစီ သုံးပါ။
အသုံးပြုရမည့်ပစ္စည်း- ဂိုးလ်
သုံးစွဲသောဆေးများကို အာနိသင်ပိုကောင်းစေရန်
ဆေးတစ်ပုံးလျှင် ဝမ်းဒါး (ကော်ရည်) ၁၀ စီစီ သုံးပါ။
အသုံးပြုရမည့်ပစ္စည်း- ဝမ်းဒါး
