ဂန္ဓမာ
ဂန္ဓမာစိုက် တောင်သူဦးကြီးများအတွက် ပန်းပင်သက်တမ်းအလိုက်၊ ပိုးမွှားရောဂါအလိုက် အသုံးပြုသင့်သော မြန်မာ့သြဘာ ထုတ်ကုန်များကို အောက်တွင် ရှာဖွေနိုင်ပါသည်။
စိုက်ပျိုးနည်း အပြည့်အစုံ
ကြိုက်နှစ်သက်သောမြေအမျိုးအစား
မနက် နေရောင် (၅-၆) နာရီ နေ့စဉ်ရသော နေရာ၊ လေဝင်လေထွက်ကောင်းသောနေရာ၊ မြေဆီထက်သန်ပြီး၊ ရေမဝပ် စိမ့်မစွဲသောနေရာ၊ နုံးမြေ၊ သဲနုံးမြေ ဖြစ်သင့်ပြီး သစ်ဆွေးဓါတ်ကြွယ်ဝ၍ မြေချဉ်ငံဓါတ် (၆.၅-၇.၅) ရှိသောမြေကို ကြိုက်နှစ်သက်သည်။
ကြိုက်နှစ်သက်သော ရာသီဥတု
နေ့တာတိုပြီး၊ ညတာရှည်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နှင်းထူထပ်စွာ ကျတတ်သောဒေသ၊ နေ့တာရှည်ပြီး နေအပူရှိန်ပြင်းထန်သော ဒေသများတွင် မဖြစ်ထွန်းပါ။
နေ့အပူချိန် (၃ဝ) ဒီဂရီစင်တီဂရိတ်ကျော်လျှင် အပင်ကြီးထွားနှုန်း နှေးသွားပါသည်။ အပင်ဖြစ်ထွန်းချိန်တွင် နေ့တာရှည်ပြီး ညတာတိုသောရာသီ ဖြစ်သင့်သည်။ နေအပူချိန် ၂၀-၂၈ ဒီဂရီစင်တီဂရိတ် အတွင်း အပင်ကြီးထွားမှုအတွက် ကြိုက်နှစ်သက်သည်။ နေ့အပူချိန် ၁၅ ဒီဂရီစင်တီဂရိတ် အောက်ဆင်းသွားလျှင် အပင်ကြီးထွားမှု ရပ်တန့်သွားပါသည်။
ပန်းဖူးစတင် ဝင်ချိန်မှစတင်၍ နေ့တာတိုပြီး ညတာရှည်သော ရာသီကို ကြိုက်နှစ်သက်သည်။ နေ့အပူချိန် ၁၀-၂၀ ဒီဂရီစင်တီဂရိတ်အတွင်း ရှိသင့်ပါသည်။ မျိုးအလိုက် အပူချိန် နှင့် နေ့တာ တုံ့ပြန်မှု ကွာခြားနိုင်ပါသည်။ လေထုစိုထိုင်းဆ ၇၅-၉၀% အတွင်း ရှိမှ အပင်ဖြစ်ထွန်းပါသည်။
မြေပြုပြင်ခြင်း
ထယ်နက်နက် (၂-၃) ကြိမ်ထိုးပြီးလျှင် မြေမှုန့်ညက်သည်အထိ ထွန်ဖြင့် မွှေပါ။ ပြီးလျှင် ဘောင်ဖေါ်ပြီး စိုက်နိုင်ပါသည်။ နောက်ဆုံးထယ်ရေး မဝင်မီတွင် နွားချေးမြေဆွေး (၁) ဧကလျှင် (၁ဝ) တန်ခန့် ထည့်သင့်ပါသည်။
စိုက်ပျိုးခြင်း
ဇွန်လဆန်းမှစတင်၍ သားတက်များအား သဲပျိုးဘောင်များတွင် ရွှေ့စိုက်ပြီး အမြစ်ပွားများအာင် ဆောင်ရွက်ပါ။ ဇူလိုင်လဆန်းတွင် အသင့်ပြင်ထားသော စိုက်ဘောင်များသို့ ရွှေ့ပြောင်းစိုက်ပါ။ စိုက်ဘောင် အကျယ် နှင့် အရှည်အား မျိုးနှင့်ဒေသအလိုက် အလျဉ်းသင့်သလို ဂန္ဒမာ စိုက်ပျိုးဖြစ်ထွန်းရန်ဆောင်ရွက်ရမည့် နည်းစနစ်များထားပါ။ ယေဘုယျအားဖြင် ဘောင်အရှည် (၂ဝ-၃ဝ) ပေ နှင့် ဘောင်အကျယ် (၂.၅-၃) ပေ ထားကြပါသည်။ ဘောင်ပေါ်တွင် အတန်းကြား၊ အပင်ကြား (၄-၅) လက်မ အကွာအဝေးထား စိုက်သင့်ပါသည်။ အပင်အကွာအဝေးသည် မျိုးအလိုက် အစိတ်အကျဲ ရှိနိုင်ပါသည်။ တစ်ဧကလျှင် အပင်ဦးရေ (၄ဝဝဝဝ-၅ဝဝဝဝ)ခန့် ဝင်ပါသည်။ ရေသွင်းခြင်း ခြောက်သွေ့ရာသီတွင် တစ်ပါတ် (၃-၄) ခါ ရေသွင်းရေဖျန်းပါ။ စိမ့်စွဲအောင်လည်း မသွင်းရပါ။ စိုက်ခင်းမြေကို လက်ဖြင့်နှိုက်စမ်းသပ်ပြီး ခြောက်သွေ့သည် ခံစားရလျှင် ရေပြန်သွင်းပေးပါ။ စိုက်ခင်းမြေအား စိုတစ်လှည့် ခြောက်တစ်လှည့် ထားပြီး သွင်းခြင်းကို ကြိုက်နှစ်သက်သည်။
မြေသြဇာကျွေးမည်ဆိုပါက
မြေခံအဆင့် တစ်ဧကလျှင် ကောမက်စွမ်းအား ၅၀ ကီလို + ကောမက်ဂျစ်ပဆမ် ၂၅ ကီလို အသုံးပြုပါ။
စိုက်ပြီး (၁၅-၂၀) ရက်သား တစ်ဧကလျှင် ကောမက်ပရီမိုလိုက် ၅၀ ကီလို + ကောမက်ထွက်တိုးဂျီ ၄၅ ( ၂၅) ကီလို အသုံးပြုပါ။
အဖူးဝင်ချိန်တစ်ဧကလျှင် ကောမက်ပရီမိုလိုက် ၅၀ ကီလို+ကောမက်ထွက်တိုးဂျီ ၄၅ ( ၂၅) ကီလို အသုံးပြုပါ။
ပန်းပွင့်ချိန် တစ်ဧကလျှင် ကောမက်ပရီမိုလိုက် ၅၀ ကီလို+ကောမက်ထွက်တိုးဂျီ ၄၅ ( ၂၅) ကီလို အသုံးပြုပါ။
ပေါင်းနှိမ်နင်းခြင်း
စိုက်ဘောင်များ ပြင်ပြီး ပြီးခြင်း ပိုလာ ပေါင်းသတ်ဆေးအား ဘောင်များပေါ်ဖျန်းပါ။ ပိုလာဖျန်းပြီး (၃) ရက်ကျော်လျှင် ပျိုးပင်များ ရွှေ့စိုက်ပါ။ မြက်ရွေးချယ်ပေါင်းသတ်ဆေး ဖော်ကျွန်းအား (၁) လသား နှင့် (၂) လသားတွင် တစ်ကြိမ်စီဖျန်းပါ။ မေမြို့ပန်းတွင်မသုံးရပါ။
အပင်အမြင့် (၆) လက်မ အရွယ်ရောက်လျှင် ပင်မအား ထိပ်ဖျားမှ (၃-၄) လက်မအကွာတွင် ဖြတ်ပစ်ပါ။ ဘေးကိုင်းများ ထွက်ရှိစေရန် ဖြစ်ပါသည်။ ဘေးကိုင်းများအား ခေါင်မနှိမ်ပါ။ သို့သော် ထပ်မံထွက်လာသော ဘေးတက်များ ဖဲ့ပေးရသည်။ (တစ်ပွင့်ထိုးမျိုး)
ခူးဆွတ်ခြင်း
ရွေးချယ်စိုက်ပျိုးသည့် မျိုးအလိုက် ပန်းစပွင့်သည်မှ ၂ရက်ခြားတစ်ကြိမ် ခူးဆွတ်နိုင်ပါသည်။ ပန်းပွင့် အနေအထား ဈေးကွက်အနီးအဝေးပေါ် မူတည်၍ မနက်ခင်း အေးသော အချိန်တွင် ခူးဆွတ်သင့်ပါသည်။
ပန်းစိုက်တောင်သူကြီးများ အရည်အသွေးပြည့်ဝကောင်းမွန်၍ ကြည်လင်သောပန်းများထွက်ရှိပြီး ဈေးကောင်းရကြပါစေ။
မြေသြဇာ အသုံးပြုရန်အတွက်
မြေခံ
တစ်ဧကလျှင် ကောမက်စွမ်းအား ၅၀ ကီလို + ကောမက်ဂျစ်ပဆမ် ၂၅ ကီလို အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ကောမက် စွမ်းအား , ကောမက် ဂျစ်ပ်ဆမ်
စိုက်ပြီး (၁၅-၂၀) ရက်သား
တစ်ဧကလျှင် ကောမက်ပရီမိုလိုက် ၅၀ ကီလို+ကောမက်ထွက်တိုးဂျီ ၄၅ ( ၂၅) ကီလို အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ကောမက်ပရီမိုလိုက် , ကောမက်ထွက်တိုး
အဖူးဝင်ချိန်
တစ်ဧကလျှင် ကောမက်ပရီမိုလိုက် ၅၀ ကီလို+ကောမက်ထွက်တိုးဂျီ ၄၅ ( ၂၅) ကီလို အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ကောမက်ပရီမိုလိုက်, ကောမက်ထွက်တိုး
ပန်းပွင့်ချိန်
တစ်ဧကလျှင် ကောမက်ပရီမိုလိုက် ၅၀ ကီလို+ကောမက်ထွက်တိုးဂျီ ၄၅ ( ၂၅) ကီလို အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ကောမက်ပရီမိုလိုက်, ကောမက်ထွက်တိုး
ပေါင်းသတ်ဆေး အသုံးပြုရန်အတွက်
မြက်
ဆေးတစ်ပုံးလျှင် ဖော်ကျွန်း ၃၀ စီစီနှုန်းဖျန်းပါ။ မေမြို့ပန်းတွင်မသုံးရပါ။
အသုံးပြုရမည့်ပစ္စည်း – ဖော်ကျွန်း
မြက် ရွက်ပြန့် ပေါင်းအုပ်ဆေး
ပန်းပင်မရွှေ့စိုက်မီ သို့ စိုက်ပြီးပြီးခြင်း ဆေးတစ်ပုံးလျှင် ပင်စီ ၂၀၀ စီစီနှုန်းဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ပင်စီ
မှိုသတ်ဆေး အသုံးပြုရန်အတွက်
ဂန္ဓမာကျောက်ရောဂါ
ဆေးတစ်ပုံးလျှင် နီဗို စူပါ ၂၀ ဂရမ်နှုန်းဖြင့် နှံ့စပ်အောင် ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – နီဗိုစူပါ
ရွက်ပြောက်ရောဂါ
ဆေးတစ်ပုံးလျှင် နီဗို စူပါ ၂၀ ဂရမ်နှုန်းဖြင့် နှံ့စပ်အောင် ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – နီဗိုစူပါ
ဒေါင်းနီးရွက်ခြောက်
ဆေးတစ်ပုံးလျှင် ပရိုပါ ၄၀ စီစီ နှုန်းဖြင့် နှံ့စပ်အောင် ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ပရိုပါ
သံချေးရောဂါ
ဆေးတစ်ပုံးလျှင် ယူနတီ ၂၀ စီစီ နှုန်းဖြင့် နှံ့စပ်အောင် ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ယူနတီ
ပင်ညှိုးရောဂါ
ဆေးတစ်ပုံးလျှင်ရီဗိုက် ၂၀ စီစီနှင့် သမားတော် ၁၀၀ ဂရမ် အားရောစပ်၍ နှံ့စပ်အောင်ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ရီဗိုက်, သမားတော်
ပိုးသတ်ဆေး အသုံးပြုရန်အတွက်
ယင်ဖြူ၊ ပျ
ဆေးတစ်ပုံးလျှင် ဘက်တား ၂၀ ဂရမ် ၊ ပိုင်ဒီ ၂၀ ဂရမ်၊ ဘလိတ် ၂၀ ဂရမ် ကို တစ်လှည့်စီ အလှည့်ကျသုံးပါ။
အသုံးပြုရမည့်ပစ္စည်း – ဘက်တား, ပိုင်ဒီ, ဘလိတ်
လှေး
ဆေးတစ်ပုံးလျှင် ဘက်တား၂၀ ဂရမ် ၊ တော်ပီဒို ၄၀ စီစီ ၊ ဘလိတ် ၂၀ ဂရမ် ကို တစ်လှည့်စီ အလှည့်ကျသုံးပါ။
အသုံးပြုရမည့်ပစ္စည်း – ဘက်တား, တော်ပီဒို, ဘလိတ်
မွှားပင့်ကူ
ဆေးတစ်ပုံးလျှင် ဒီမွန် ၃.၆ ၂၀ စီစီ အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ဒီမွန်
ငမြှောင်တောင် / အဖူးစားပိုး
ဆေးတစ်ပုံးလျှင် အလန်း ၂၀ ဂရမ် ၊ ငှက်ကြီးတောင် ၂၀ စီစီ ကို နှံ့စပ်အောင်ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – အလန်း, ငှက်ကြီးတောင်
ပိုးစေးနဲ
ဆေးတစ်ပုံးလျှင် ဆပ်ပြာမှုန့် ၂ ဇွန်း + ဒီမွန် ၁.၈ ၂၀ စီစီ + ပိုင်ဒီ ၁၀ ဂရမ် ရောစပ် အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ဒီမွန်, ပိုင်ဒီ
ရွက်ဖြန်းအားဆေး အသုံးပြုရန်အတွက်
အပင်ကြီးထွားစေရန်
ဆေးတစ်ပုံးလျှင် ကောမက်ဇီတာ ၅၀ ဂရမ် နှင့် မော်ရယ်မုန်းအထူး ၅၀ စီစီ ရောစပ်ပက်ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ကောမက်ဇီတာ, မော်ရယ်မုန်းအထူး
အပွင့်လှစေရန်
ဆေးတစ်ပုံးလျှင် ကယ်ဘိုမက်စူပါ ၃၀ စီစီ၊ ကောမက်ထရေ့စ် ၂၀ ဂရမ် ၊ ကောမက်မိုးကေ ၅၀ ဂရမ် ရောစပ်ပက်ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ကယ်ဘိုမက်စူပါ, ကောမက်ထရေ့စ်၊ ကောမက်မိုးကေ
သုံးစွဲသောဆေးများကို အာနိသပိုကောင်းစေရန်
ဆေးတစ်ပုံးလျှင် ဝမ်းဒါး (ကော်ရည်) ၁၀ စီစီ ရောဖျန်းပေးပါ။
အသုံးပြုရမည့်ပစ္စည်း – ဝမ်းဒါး (ကော်ရည်)
အပင်ကြီးထွားပြီးအပွင့်အရည်သွေးကောင်းစေရန်
ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ + ကောမက်လိုရာ ၁၀ စီစီ ရောစပ်ပက်ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – တင်ပို, ကောမက်လိုရာ
