မြန်မာ့သြဘာ
ကျွန်တော်တို့အကြောင်း
Who We Are
မြန်မာ့ဩဘာ အကြောင်း
၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာ့သြဘာလုပ်ငန်းစု သည် သီးနှံကာကွယ်ရေး၊ သီးနှံအာဟာရနှင့် အရည်အသွေးမြင့် မျိုးစေ့များကို အဓိကထား၍ စိုက်ပျိုးရေးနည်းပညာများကို အဓိက လုပ်ဆောင်သည့် မြန်မာနိုင်ငံတွင် အကြီးဆုံးထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းစုဖြစ်ပါသည်။ယနေ့အခါတွင် စိုက်ပျိုးရေးတန်ဖိုး ကွင်းဆက်တစ်လျှောက်လုံးအတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ များ၊ ဖြေရှင်းနည်းများကို ပံ့ပိုးပေးခြင်းအား ဖြင့် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိသော ကျေးလက်ဒေသ များရှိ တောင်သူမိသားစု ၃.၅ သန်းအား ဝန်ဆောင်မှုပေးရန်အတွက် စိုက်ပျိုး ရေးပညာရှင် ၁၅၀၀ ကျော်ကိုလည်း ခန့်အပ်ထား ပြီးဖြစ်ပါသည်။
SPECIALIZED IN CROP PROTECTION, NUTRITION, AND HIGH-QUALITY SEEDS
သီးနှံကာကွယ်ရေး၊ သီးနှံအာဟာရ နှင့် အရည်အသွေးမြင့် မျိုးစေ့များအပေါ်တွင် အထူးပြုခြင်း
ခံယူချက်သဘောထား
တောင်သူဦးကြီးများအတွက်အရည်အသွေးမြင့်မားပြီးရေရှည်တည် တံ့မည့် နည်းလမ်းများဖြင့် ဝန်ဆောင်မှုများပေးသွားရန်၊ ၎င်းတို့၏ လူနေမှု အသိုင်းအဝိုင်း ပိုမိုပြည့်စုံမြင့်မားလာစေရန် အခွင့်အလမ်းများဖန်တီးပေးခြင်းတို့ပင်ဖြစ်သည်။
ရည်ရွယ်ချက်
တောင်သူဦးကြီးများ၏ လူနေမှုဘ၀ မြင့်မားစေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာဘက်စုံဖြေရှင်းချက်များဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်စိုက်ပျိုးရေး ကဏ္ဍကိုပုံဖော်သွားရန်ဖြစ်သည်။
ကျွန်ုပ်တို့၏ အရည်အသွေးပြည့်ဝသည့် စိုက်ပျိုးရေးသွင်းအားစုမျိုးစုံနှင့် များပြားလှသောသုံးစွဲသူများဖြင့် အသေးစားချေးငွေလုပ်ငန်း၊ supply chain နှင့် စိုက်ပျိုးရေးနည်းပညာအတွက် ထောက်ပံ့မှုများပေးသွားရန်ဖြစ်သည်။
OUR RESPONSIBILITY
ကျွန်ုပ်တို့၏ တာဝန်များ
တောင်သူလယ်သမားများ၏ လိုအပ်ချက်ကို နားလည်ခြင်း
ကျွန်ုပ်တို့၏ စိုက်ပျိုးရေးပညာရှင်များသည် တောင်သူ တို့၏လိုအပ်ချက်များကို နားလည်ရန်နှင့် အသိပညာ ကွာဟချက်များကို ဖော်ထုတ်ရန်နှင့် စိုက်သီးနှံများ အောင်မြင် ဖြစ်ထွန်းစေရန် တောင်သူဦးကြီးများနှင့် အနီးကပ်လုပ်ဆောင်လျက်ရှိပါသည်။
ဖြေရှင်းချက်များ ဖော်ဆောင်ခြင်း
မြန်မာ့သြဘာ၏ စိုက်ပျိုးရေး ပညာရှင်များ သည် မြန်မာနိုင်ငံ၏ ရေမြေ အခြေအနေများ အတွက် အသင့် တော်ဆုံး ဖြေရှင်းနည်းများကို ပြုစုပျိုး ထောင်ရန် နှစ်ပေါင်းများစွာ စမ်းသပ်မှု များ၊ ကွင်းဆင်းအတွေ့ အကြုံနှင့် လေးနက်သော ဒေသန္တရ ဗဟုသုတများကို အခြေခံပြီး တည်ဆောက်ထား ပါသည်။
ထုတ်ကုန်ဖော်မြူလာများဖန်တီးခြင်း
ကျွန်ုပ်တို့၏ စိုက်ပျိုးရေးပညာရှင်များသည် တောင်သူ တို့၏လိုအပ်ချက်များကို နားလည်ရန်နှင့် အသိပညာ ကွာဟချက်များကို ဖော်ထုတ်ရန်နှင့် စိုက်သီးနှံများ အောင်မြင် ဖြစ်ထွန်းစေရန် တောင်သူဦးကြီးများနှင့် အနီးကပ်လုပ်ဆောင်လျက်ရှိပါသည်။
