ပြောင်း
ပြောင်းစိုက်တောင်သူဦးကြီးများအတွက် ပြောင်းသက်တမ်းအလိုက်၊ ပိုးမွှားရောဂါအလိုက် အသုံးပြုသင့်သော မြန်မာ့သြဘာ ထုတ်ကုန်များကို အောက်တွင် ရှာဖွေနိုင်ပါသည်။
စိုက်ပျိုးနည်း အပြည့်အစုံ
ကြိုက်နှစ်သက်သော မြေ
မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သော်လည်း မြေစေးမဆန်သော မြေရွ နှင့် သဲမဆန်သော မြေအမျိုးအစား ဖြစ်သင့်သည်။ ရေမဝပ်၊ စိမ့်မစွဲသောမြေ၊ အစိုဓာတ်ထိမ်းနိုင်သောမြေ၊ သစ်ဆွေးဓာတ် ကြွယ်ဝသောမြေ၊ နုံးမြေ၊ နုံးစနယ်မြေ ကြိုက်နှစ်သက်သည်။ မြေချဉ်ငံဓာတ်(၆ – ၆.၈) အတွင်း ကြိုက်နှစ်သက်သည်။
မြေပြုပြင်ခြင်း
ပြောင်းစိုက်မည့် မြေကွက်အား ကြိုတင်ထယ်ရေးပြင်ထားရသည်။ ယခင်သီးနှံအကြွင်းအကျန်များနှင့် ပေါင်းမြက်များ ထယ်စာခဲအောက်မြုပ်စေခြင်းဖြင့် အော်ဂဲနစ်ဓာတ်များရစေပြီး ပေါင်းမြက်ပေါက်မှု သက်သာ စေပါသည်။ ပြောင်းစိုက်ခါနီး ထယ်ရေးမပြင်မီတွင် သစ်ဆွေး၊ နွားချေးဆွေးများ ထည့်ပြီးမှ မြေပြင်ပါ။ ထယ် (၁-၂) စပ် နှင့် ထွန် (၂-၄) စပ် မြေအမျိုးအစား အနေအထားအရ ပြုပြင်ပါ။
စိုက်စနစ်
ပြောင်းသည် လေဖြင့် ဝတ်မှုန်ကူးသောအပင်ဖြစ်၍ အတန်းများအား လေသွားလမ်းကြောင်းကို ကန့်လန့် ဖြတ်၍ ထားသင့်သည်။
အတန်းကြား(၂ ပေခွဲ) ၊ အပင်ကြား (၈ – ၁၀ ) လက်မတွင် (၁) ကျင်း (၁) ပင် ထားပြီး စိုက်ပါ။ မျိုးနှင့်စိုက်စနစ် ကွဲပြားသည်နှင့်အမျှ အတန်းကြား၊ အပင်ကြား ကွာခြားနိုင်ပါသည်။
ရေသွင်းခြင်း
ပြောင်း တစ်ရာသီ အပြည့်အဝကြီးထွား ဖြစ်ထွန်းရန် ရေ (၂၂-၂၅) ဧကလက်မ လိုပါသည်။ (၁) ဧကလက်မ အတွက် ရေ (၂၇,ဝဝဝ) ဂါလန်လိုအပ်၍ ၂၂ ဧကလက်မအတွက် (၅၉၄,ဝဝဝ) ဂါလန်လိုပါသည်။ လုံလောက်သော မိုးရေမရပါက (သို့မဟုတ်) ရေသွင်းစိုက်ပါက ၂ဝ၊ ၄ဝ၊ ၆ဝ၊၈ဝ၊ ၁ဝဝ ရက်သားများတွင် ရေပေးသွင်းပါ။ တစ်ကြိမ် နှင့်တစ်ကြိမ် တိုးပြီး ပေးသွင်းသင့်ပါသည်။
မြေသြဇာကျွေးခြင်း
မြေခံအဖြစ် ကောမက်စွမ်းအား (၁) အိတ် နှင့် ကောမက်ဂျစ်ပ်ဆမ် (၁) အိတ် ရောစပ်၍ တစ်ဧကနှုန်းကျွေးပါ။
၂၀-၂၅ ရက်သားဘောင်လုံးချိန်တွင် ကောမက်သီးစုံ(၁) အိတ်ကို ကောမက် ဂျီ-၄၅ (၁) အိတ်နှင့် ရောစပ်ကျွေးပါ။
၄၀-၄၅ ရက်သားတွင် ကောမက်သီးစုံ(၁) အိတ်ကို ကောမက် ဂျီ-၄၅ (၁) အိတ်နှင့် ရောစပ်ကျွေးပါ။
ပေါင်းမြက်နှိမ်နင်းခြင်း
ပြောင်းထယ်ရေးမပြင်မီ ပေါက်နေသော ပေါင်းမြက်များအား ပေါင်းကေလာ၊ ပရိုင်မာဆေးများဖြင့် ကြိုတင်နှိမ်နင်းပါ။
မြက်ယားနှင့် အခြားပေါင်းများအတွက် မဟာမိတ်ပေါင်းသတ်ဆေး ကိုဆေးဖျန်းပုံးတစ်ပုံးလျှင် ၅၀ ဂရမ် နှုန်းဖြင့် ပြောင်းပင်စိုက်ပြီးပြီးခြင်း မြေအစိုဓာက်ကောင်းချိန် ၅-၆ ပုံးဖျန်းပါ။ ပေါင်းပင်ငယ်စဉ် စိုက်ပြီး ၁၅ ရက်အောက်ဖျန်းနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ ၁၅ ရက်ထက်ကျော်သွားလျှင် ခေါင်ညွန့်ထဲမဝင်အောင်ဖျန်းရမည်။
ပြောင်းပေါင်းအမြန်သတ်လိုပါက ပြောင်းကောင်းပေါင်းသေ ဆေးဖျန်းပုံးတစ်ပုံးလျှင် 120 -150 စီစီ နှုန်း ဖြင့် တစ်ဧက ၅ -၈ ပုံးဖျန်းပါ။
ပြောင်းတန်းကြားပေါင်းသတ်ဆေး – ဆေးတစ်ပုံးလျှင် ပရိုင်မာ ၁၀၀ စီစီ ကို အုပ်ဆောင်းခေါင်းသုံး၍ ဖျန်းပါ။ ပြောင်းပင်သက်တမ်း ၃၀ ရက်သားနောက်ပိုင်းတွင်သုံးရန် ။ ပရိုင်မာသည် ထိသေရွေးချယ်မဲ့ ပေါင်းသတ်ဆေး ဖြစ်ပြီး ဆေးစက်ထိသော အရွက်များ လောင်းကျွမ်းနိုင်ပေမဲ့ အပင်အတွက် ပြဿနာ မရှိပါ။ ကုန်ကျစရိတ် အလွန် သက်သာသော ပေါင်းသတ်ဆေးဖြစ်သည်။
ရိတ်သိမ်းခြင်း
စိုက်ပြီး ၄ လ ဆိုရင် ရိတ်သိမ်းနိုင်ပြီး ဒေသအလိုက် ကွဲပြားနိုင်သည်။ မြေဩဇာ စနစ်တကျ အသုံးပြုပြီး ပိုးရောဂါ ကင်းစင်ပါက ၂၀၀၀ – ၂၅၀၀ ပိဿာ အထိ ထွက်နိုင်သည်။
မြေသြဇာ အသုံးပြုရန်အတွက်
မြေခံအဆင့်
တစ်ဧကလျှင် ကောမက် စွမ်းအား (၅၀) ကီလို နှင့် ကောမက် ဂျစ်ပ်ဆမ် (၂၅)ကီလို အသုံးပြုနိုင်ပါတယ်။
အသုံးပြုရမည့်ပစ္စည်း – ကောမက် စွမ်းအား , ကောမက် ဂျစ်ပ်ဆမ်
စိုက်ပြီး (၁၅-၂၀)ရက်အတွင်း
တစ်ဧကလျှင် ရွှေကောမက် (၅၀) ကီလို နှင့် ကောမက်ထွက်တိုး ဂျီ-၄၅ (၂၅-၅၀)ကီလို အသုံးပြုနိုင်ပါတယ်။
အသုံးပြုရမည့်ပစ္စည်း – ရွှေကောမက် , ကောမက် ထွက်တိုးဂျီ
ဘောင်လုံးချိန် (၂၅-၃၀) ရက်သား
တစ်ဧကလျှင် ရွှေကောမက် (၅၀) ကီလို နှင့် ကောမက်ထွက်တိုး ဂျီ-၄၅ (၂၅-၅၀)ကီလို အသုံးပြုနိုင်ပါတယ်။
အသုံးပြုရမည့်ပစ္စည်း – ရွှေကောမက် , ကောမက် ထွက်တိုးဂျီ
ပေါင်းသတ်ဆေး အသုံးပြုရန်အတွက်
မြက်ယားနှင့် အခြားပေါင်းများ
မဟာမိတ်ပေါင်းသတ်ဆေး ကိုဆေးဖျန်းပုံးတစ်ပုံးလျှင် ၅၀ ဂရမ် နှုန်းဖြင့် ပြောင်းပင်စိုက်ပြီးပြီးခြင်း မြေအစိုဓာက်ကောင်းချိန် ၅-၆ ပုံးဖျန်းပါ။ ပေါင်းပင်ငယ်စဉ် စိုက်ပြီး ၁၅ ရက်အောက်ဖျန်းနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ ၁၅ ရက်ထက်ကျော်သွားလျှင် ခေါင်ညွန့်ထဲမဝင်အောင်ဖျန်းရမည်။
အသုံးပြုရမည့်ပစ္စည်း – မဟာမိတ်
ပြောင်းပေါင်းအမြန်သတ်ဆေး
ပြောင်းကောင်းပေါင်းသေ ဆေးဖျန်းပုံးတစ်ပုံးလျှင် ၁၂၀ – ၁၅၀ စီစီ နှုန်း ဖြင့် တစ်ဧက ၅ -၈ ပုံးဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ပြောင်းကောင်းပေါင်းသေ
ပြောင်းတန်းကြားပေါင်းသတ်ဆေး
ဆေးတစ်ပုံးလျှင် ပရိုင်မာ ၁၀၀ စီစီ ကို အုပ်ဆောင်းခေါင်းသုံး၍ ဖျန်းပါ။ ပြောင်းပင်သက်တမ်း ၃၀ ရက်သားနောက်ပိုင်းတွင်သုံးရန် ။ ပရိုင်မာသည် ထိသေရွေးချယ်မဲ့ ပေါင်းသတ်ဆေး ဖြစ်ပြီး ဆေးစက်ထိသော အရွက်များ လောင်းကျွမ်းနိုင်ပေမဲ့ အပင်အတွက် ပြဿနာ မရှိပါ။ ကုန်ကျစရိတ် အလွန် သက်သာသော ပေါင်းသတ်ဆေးဖြစ်သည်။
အသုံးပြုရမည့်ပစ္စည်း – ပရိုင်မာ
မှိုသတ်ဆေး အသုံးပြုရန်အတွက်
ပြောင်းဖူးပင်စည်ပုပ်ရောဂါ
ဆေးတစ်ပုံးလျင် ရီဗိုက် ၂၀ စီစီ နှုန်းဖြင့် တစ်ဧက ၅ ပုံး အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ရီဗိုက်
အဖူးပုပ်ရောဂါ
ဆေးတစ်ပုံးလျင် ယူနတီ ၂၀ စီစီ နှုန်းဖြင့် တစ်ဧက ၅ ပုံး အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ယူနတီ
ရွက်ခြောက်ရောဂါ
ဆေးတစ်ပုံးလျင် ရီဗိုက် ၂၀ စီစီ နှုန်းဖြင့် တစ်ဧက ၅ ပုံး အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ရီဗိုက်
ရိုင်ဇိုတိုးနီးယားရွက်ခြောက်ရောဂါ
ဆေးတစ်ပုံးလျင် ရီဗိုက် ၂၀ စီစီ နှုန်းဖြင့် တစ်ဧက ၅ ပုံး အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ရီဗိုက်
ပိုးသတ်ဆေး အသုံးပြုရန်အတွက်
ငမြှောင်တောင်
ဆေးတစ်ပုံးလျှင် အလန်း ၂၀ ဂရမ် ၊ ဇိုင်ကလုံး ၅၀ စီစီ ၊ ငှက်ကြီးတောင် ၂၀ စီစီ ကို တစ်ဧက ၅ ပုံး တစ်မျိုးစီ အလှည့်ကျ ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း- အလန်း, ဇိုင်ကလုံး, ငှက်ကြီးတောင်
ရွက်ဖြန်းအားဆေး အသုံးပြုရန်အတွက်
အပင်ကြီးထွားစေရန် ၊ အထွက်နှုန်းတိုးစေရန်
အပင်ငယ်စဥ် ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ + ကောမက်ပီဖိုလန် ၅၀ ဂရမ် ကို အပင်ကြီးထွား မှုလျှင်မြန်စေရန် နှင့် အာဟာရချို့တဲ့မှု ကာကွယ်စေရန်အတွက်သုံးစွဲနိုင်ပါသည်။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်ပီဖိုလန်
သုံးစွဲသောဆေးများကို အာနိသင်ပိုကောင်းစေရန်
ဆေးတစ်ပုံးလျှင် ဝမ်းဒါး (ကော်ရည်) ၁၀ စီစီ ရောဖျန်းပေးပါ။
အသုံးပြုရမည့်ပစ္စည်း- ဝမ်းဒါး
