စပါး
စပါးစိုက်တောင်သူဦးကြီးများအတွက် စပါးသက်တမ်းအလိုက်၊ ပိုးမွှား ရောဂါအလိုက် အသုံးပြုသင့်သော မြန်မာ့သြဘာ ထုတ်ကုန်များကို အောက်တွင် ရှာဖွေနိုင်ပါသည်။
စိုက်ပျိုးနည်း အပြည့်အစုံ
မျိုးရွေးချယ်ခြင်း
ရေမြေဒေသနှင့် ကိုက်ညီသည့် အထွက်ကောင်းမျိုးသန့်စပါးကို ရွေးချယ်စိုက်ပျိုးပါ။ (၃) နှစ် တစ်ကြိမ် မျိုးသန့်များနှင့် လဲလှယ်စိုက်ပျိုးပါ။
မြေပြုပြင်ခြင်း
နွေထယ်ရေးခံခြင်းကို ဆောင်ရွက်ပါ။ ကန်သင်းများကို ကြိုတင်ပြင်ဆင်၍ ကန်သင်းလုံအောင် ဆောင်ရွက်ပါ။ ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ရန် အရေးကြီးပါသည်။
ပျိုးထောင်ခြင်း
စပါးစိုက်ခင်း (၁၀) ဧကစာအတွက် ပျိုးခင်း တစ်ဧကတွင် ပျိုးထောင်ပါ။ ပျိုးခင်း တစ်ဧကတွင် မျိုးစေ့ (၁၅) တင်း ထက်ပို၍ ပျိုးမထောင်သင့်ပါ။
၎င်းထက်ပိုပါက ပျိုးသေးပျိုးညှင်းများဖြစ်ပြီး ပိုးနှင့်ရောဂါများ ကျရောက်လွယ်ပါသည်။ ပျိုးခင်းများတွင် ပိုးနှင့်ရောဂါများ စတင်ကျရောက်သည်နှင့်ဆေးဖျန်းရန် အရေးကြီးပါသည်။
စိုက်စနစ်
မျိုး၊ စိုက်ပျိုးသည့်စနစ် (ကြဲခင်း၊ ပျိုးစိုက်) စိုက်ပျိုးသည့် ဒေသပေါ်မူတည်၍ စိုက်ချိန်ကွာခြားမှု ရှိပါသည်။ စပါးပျိုးသက် (၂၀-၂၅) ရက်သားတွင်ရွှေ့ပြောင်းစိုက်ပါ။ ကြဲပက်စိုက်ပျိုးပါက လက်ဆညီညီနှင့် ကန်သင်း ကမ်းတိုက်အောင် ကြဲပက်ပါ။ ပျိုးစိုက်ပါက ပျိုးပင်လက်ဆ (၂-၃) ပင်နှင့်ကောက်ပင် တိမ်တိမ်သာ (၁ – ၁.၅) လက်မ စိုက်ရန် ကောက်စိုက်မများကို ကြီးကြပ်ပါ။ ကြဲခင်းဖြစ်စေ၊ စိုက်ခင်းဖြစ်စေ စိုက်ပြီး (၂) ပတ်အကြာတွင် ကောက်ပင်ဖာခြင်းလုပ်ငန်းကို ဆောင်ရွက်ပါ။
ကောက်ကွက်
စပါး အထွက်ကောင်းရန် ကောက်ကွက် တစ်ဧက ဝင်ဆန့်မှုသည် အလွန်အရေးကြီးပါသည်။ စိုက်ပျိုးသည့် စပါးမျိုးအလိုက် အောက်ပါအတိုင်းကောက်ကွက် ပြည့်မီအောင် စိုက်ပါ။
သက်လျင် = (၁) သိန်း (၅) သောင်း မှ (၁) သိန်း (၇) သောင်း
သက်လတ် = (၁) သိန်း (၃) သောင်း မှ (၁) သိန်း (၅) သောင်း
ရေထိန်းသိမ်းမှု
အပင်ပွားချိန်တွင် ရေကို ၂လက်မခန့် ထားပါ။ မှို့ကပ်ချိန်မှ ဖုံးတုန်းလုံးတုန်း အချိန်ထိ ရေကို ၄-၆ လက်မခန့် ထားပါ။ စပါးခင်းအတွင်း ရေအမြဲ မလှောင်ရပါ။ သံဆိပ်သင့်ပြီး အမြစ်ပုပ်ခြင်းများဖြစ်နိုင်ပါတယ်။ စပါးပန်းပွင့်ပြီး (၂)ပတ်အကြာတွင် ရေကို ပြောင်အောင် ထုတ်ပါ။
သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ သုံးစွဲခြင်း
ပျိုးခင်းတွင် နွားချေး၊ စက်ဖွဲပြာများ ထည့်၍ မြေပြင်ပါ။
စိုက်ခင်းတွင် နွားချေး၊ အမှိုက်ဆွေးကို တစ်ဧကလျှင် လှည်း ၅ စီးမှ ၁၀ စီး တိုက်ချပေးပါ။
ရေမစိုသော စက်ဖွဲပြာ ချပေးနိုင်ပါက ပို၍ကောင်းမွန်ပါသည်။
စပါးသီးနှံတွင် မြေသြဇာအသုံးပြုသင့်သောအချိန်
၁။ မြေခံ – ကောမက်စွမ်းအား ၂၅-၅၀ ကီလို + ကောမက်ဂျစ်ဆမ် ၂၅ ကီလို
၂။ ပင်ပွားထွက်ချိန် – ရွှေကောမက် ၂၀ – ၁၂ – ၁၂ ( ၂၅ – ၅၀ )ကီလို + ကောမက်ထွက်တိုး ဂျီ ၄၅ (၂၅-၅၀)ကီလို
၃။ မှို့ကပ်ချိန်(ဗိုက်လုံးချိန်) – ရွှေကောမက် ၂၀ – ၁၂ – ၁၂ ( ၂၅ – ၅၀ )ကီလို + ကောမက်ထွက်တိုး ဂျီ ၄၅ (၂၅-၅၀)ကီလို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
တောင်သူအများစုကတော့ ၁၅ -၂၀ ရက်သားမှာ ပေါင်းသေပြီး စပါးအပင်ပိုကောင်းစေရန်အတွက် ကောမက်စပါးပေါင်းသတ်ဆေးကို အသုံးပြုလေ့ရှိကြပါတယ်။
ပိုးမွှားရောဂါကာကွယ်ခြင်း
ပိုးမွှားနှင့် ရောဂါများမှာ ပျိုးခင်းမှစ၍ကျနိုင်သောကြောင့် ပျိုးခင်းအချိန်မှစိုက်ခင်းအထိ မျက်ခြည်မပြတ် စောင့်ကြည့်ရပါမည်။ ပိုး (သို့) ရောဂါစတင်ကျသည်နှင့် ကြိုတင် ဆေးဖျန်းကာကွယ်ပါ။ အထူးသဖြင့် နှံစုပ်ဂျပိုး ၊ စပါးဆစ်ပိုး ၊ ဖြုတ် ၊ ရွှေခရု နှင့် ဂုတ်ကျိုး၊ ရွက်ညိုပြောက် ဘက်တီးရီးယား ရွက်ခြောက်ရောဂါများကို အထူးဂရုစိုက်ပါ။
ပေါင်းမြက်ကာကွယ်ခြင်း
စပါးခင်းတွင် ပေါင်းမြက်ရှိပါက စပါးအထွက် ၂၆-၄၀ ရာခိုင်နှုန်းအထိ ထိခိုက်နိုင်ပါသည်။ ပေါင်းပေါက်ရောက်မှု နည်းအောင် မြေကို ကောင်းစွာပြင်ပါ။ အမှိုက်ကောက်ပါ။ စိုက်ပြီး ရက်ပေါင်း ၄၀ (သို့) မှို့ကပ်ချိန်ထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ ပေါင်းသတ်ဆေး အသုံးပြုပါက စပါးရွေးချယ်ပေါင်းသတ်ဆေးများကို အသုံးပြုနိုင်ပါသည်။
ရိတ်သိမ်းခြင်း
စပါးကို မောင်းညိုချိန်(သို့) ပန်းပွင့်ပြီး ရက် (၃၀) (သို့မဟုတ်) စပါးစေ့ ၈၀ ရာခိုင်နှုန်း ရင့်မှည့်ချိန်တွင် ရိတ်သိမ်းပါ။ ရိတ်သိမ်းချိန် နောက်ကျပါကစပါးစေ့ (၆၀) ရာခိုင်နှုန်းအထိ လယ်ကွက်အတွင်း လေလွင့်ဆုံးရှုံးနိုင်ပါသည်။ မောင်းညိုချိန်တွင် ရိတ်မှသာ အလေအလွင့်နည်းပြီး ဆန် အရည်အသွေး ကောင်းမည် ဖြစ်ပါသည်။
စပါး ပေါင်းသတ်ဆေး အသုံးပြုခြင်း
စပါးခင်းအတွင်းတွင် ရွက်ပြန့်ပေါင်း၊ မြက်ပေါင်းနှင့် မုန်ညင်းပေါင်းများ ပေါက်ရောက်ပါသည်။ ကတောက်ဆတ်(Monochoria)၊ လယ်လေးညှင်း/ပေါင်းလေးညှင်း (Primrose)၊ လယ်ပတူ (Goose weed)၊ မှိုနတို (Water clover)၊ ရေကညွတ် (Creeping water primrose)၊ ကောက်ရိုးနွယ်(Field bindweed) စသည့် ရွက်ပြန့်ပေါင်း အများဆုံး ပေါက်ရောက်သည်။ မြက်ပေါင်းများအနေဖြင့် မြက်သီး (Barnyard grass)၊ ဒေါင်းမြီးပျံ/မြက်ခါး (Red sprangletop)၊ တက်ကွပ် (Wrinkled Grass)၊ စပါးရောင်၊ ဝါးရုံမြက်၊ ဖော့မြက်၊ သမန်းမြက်များ အများဆုံး ပေါက်ရောက်သည်။
မြက်မုန်ညင်းပေါင်းအနေဖြင့် မုန်ညင်းဝါ (Umbrella sedge)၊ မုန်ညင်းစိမ်း(Small flower umbrella plant)၊ မုန်ညင်းအလုံး၊ မြက်ကွမ်းသီးကြီး(Fimbristylis)၊ မြက်ကွမ်းသီးလေး (Lesser fimbristylis)၊ တလိုင်းခေါင်း/ မြက်ကလုံး/ မြက်ကြက်သွန်၊ ဝက်လာ (Greater club rush) စသည့်မုန်ညင်းမြက်ပေါင်းများ ပေါက်လေ့ရှိပါသည်။
စပါးပေါင်းသတ်ဆေး အသုံးပြုရာတွင် လိုက်နာရမည့်အချက်များ
- ပေါင်းသတ်ဆေးမဖျန်းမီ စိုက်ခင်းအတွင်း ရေထုတ်ခြင်း၊ ဆေးဖျန်းပြီးနောက် ၄-၅ ရက် ကြာမှ ရေပြန်သွင်းခြင်းကို သေချာစွာ ပြုလုပ်ပါ။
- ပေါင်းသတ်ဆေးများ ဖျော်စပ်ရာတွင် သန့်ရှင်းကြည်လင်၍ ရွံ့၊ နွံ၊ နုံး အနယ်အမှုန်များ ကင်းစင်သော ရေကို သုံးပါ။
- ပေါင်းသတ်ဆေးမဖျန်းမီ (၇) ရက်နှင့် ဆေးဖျန်းပြီး (၇) ရက်အတွင်း ဓာတ်မြေသြဇာ ကျွေးခြင်း၊ အပင်အားဆေး ဖျန်းခြင်းကို ရှောင်ပါ။
- ဆေးအာနိသင် ထိရောက်စေရန် တွယ်ကပ်ပြန့်နှံ့ဆေး (ဝမ်းဒါး) နှင့် တွဲဖက်သုံးသင့်သည်။
မြေသြဇာ အသုံးပြုရန်အတွက်
မြေခံအဆင့်
တစ်ဧကလျှင် ကောမက်စွမ်းအား ၅၀ ကီလို + ကောမက်ဂျစ်ပ်ဆမ် ၂၅ ကီလို အသုံးပြုနိုင်ပါတယ်။
အသုံးပြုရမည့်ပစ္စည်း – ကောမက် စွမ်းအား , ကောမက် ဂျစ်ပ်ဆမ်
စိုက်ပြီး (၇-၁၅) ရက်သား
ပင်ပွားစထွက်ချိန် (၃၀-၄၅)ရက်သား
တစ်ဧကလျှင် ရွှေကောမက် ၂၅-၅၀ ကီလို + ကောမက်ထွက်တိုးဂျီ ၄၅ (၂၅) ကီလို အသုံးပြုနိုင်ပါတယ်။
အသုံးပြုရမည့်ပစ္စည်း – ရွှေကောမက် , ကောမက်ထွက်တိုးဂျီ ၄၅
မှို့ကပ်ချိန်
ပေါင်းသတ်ဆေး အသုံးပြုရန်အတွက်
မြက်သီး+မုန်ညင်း+ရွက်ပြန့်
ဆေးတစ်ပုံးလျှင် ဇောင်းထက် ၈၀ ဂရမ်နှုန်းဖြင့် တစ်ဧကကို ၅ပုံးခန့်အသုံးပြုပါ
အသုံးပြုရမည့်ပစ္စည်း – ဇောင်းထက်
ဒေါင်းမြီးပျံ+မြက်သီ၊းရွက်ပြန့်၊မုန်ညင်း
ဆေးဖျန်းပုံးတစ်ပုံးလျှင် ဝိုက် ၃၀ စီစီနှင့် ကွန်ပလိ ၂၂ စီစီ ၁ ထုပ် နှုန်းဖြင့် တစ်ဧကကို ၅ပုံးခန့်အသုံးပြုပါ
အသုံးပြုရမည့်ပစ္စည်း – ဝိုက် , ကွန်ပလိ
တက်ကွပ်၊ တက်ပွတ်၊ နသယောင်၊ ငသယောင်၊ မုန်ညင်း၊ ရွက်ပြန့်
ဆေးဖျန်းပုံးတစ်ပုံးလျှင် ကွန်ပလိ ၅၀ ဂရမ်(၁)ထုပ် နှင့် သြဂိုး ၁.၅ ဂရမ် (၁-၂)ထုပ်ထည့်၍ တစ်ဧကလျှင် ၅- ၇ ပုံးခန့် အသုံးပြုပါ
အသုံးပြုရမည့်ပစ္စည်း – ကွန်ပလိ , သြဂိုး
ဆင်ငိုမြက်
သုံးတင်ခွ၊ ရေမချိူး
ဆေးဖျန်းပုံးတစ်ပုံးလျှင် ဝိုက် ၃၀ စီစီနှင့် ကွန်ပလိ ၂၂ စီစီ ၁ ထုပ်နှုန်းဖြင့် တစ်ဧကကို ၅ပုံးခန့်အသုံးပြုပါ
အသုံးပြုရမည့်ပစ္စည်း – ဝိုက် , ကွန်ပလိ
ရေညှိရေမှော်
ပင်စီ ၁ ဧက ၁ လီတာ (ဆာဖျူရွန် ၁၅၀ ဂရမ် ၁ ဧက ရောပတ်နိုင်လျှင်ပိုကောင်းသည်)
အသုံးပြုရမည့်ပစ္စည်း – ပင်စီ , ဆာဖျူရွန်
စပါးပေါင်းအုပ်ဆေး
စပါးကြဲပက်ပြီးအစိုဓာတ်ကောင်းချိန် မြက် နှင့် ရွက်ပြန့်ပေါင်းများနှိမ်နင်းရန် ပင်စီ ပေါင်းအုပ်ဆေးကို တစ်ဧကလျှင် ၁လီတာ မှ ၂လီတာ အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ပင်စီ
စပါးအခြောက်ကြဲခင်းပေါင်းအုပ်ဆေး
မှိုသတ်ဆေး အသုံးပြုရန်အတွက်
စပါးမှိုသီး ရောဂါ
ဆေးတစ်ပုံးလျင် သြဘာစပါးမှိုသတ်ဆေး ၃၀-၆၀ စီစီ (သို့မဟုတ်) ယူနတီ၂၀ စီစီ နှုန်းဖြင့် တစ်ဧကကို ၅ပုံးခန့်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – သြဘာစပါးမှိုသတ်ဆေး , ယူနတီ
ဘက်တီးရီးယားရွက် ခြောက်၊ ရွက်စင်းရောဂါ
ဆေးတစ်ပုံးလျင် ဘီလီယံ ၁၀၀ ဂရမ် နှုန်းဖြင့် တစ်ဧကကို ၅ပုံးခန့်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ဘီလီယံ
ရွက်ညိုပြောက်ရောဂါ
ဆေးတစ်ပုံးလျင် သြဘာစပါးမှိုသတ်ဆေး ၃၀-၆၀ စီစီ (သို့မဟုတ်) ဟေဗင် ၆၀ စီစီ နှုန်းဖြင့် တစ်ဧကကို ၅ပုံးခန့်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – သြဘာစပါးမှိုသတ်ဆေး, ဟေဗင်
စပါးရွက်ဖုံးပုပ်ရောဂါ
ဆေးတစ်ပုံးလျင် သြဘာစပါးမှိုသတ်ဆေး ၃၀-၆၀ စီစီ (သို့မဟုတ်) ဟေဗင် ၆၀ စီစီ နှုန်းဖြင့် တစ်ဧကကို ၅ပုံးခန့်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – သြဘာစပါးမှိုသတ်ဆေး , ဟေဗင်
ဂုတ်ကျိူးရောဂါ
ဆေးတစ်ပုံးလျင် သြဘာစပါးမှိုသတ်ဆေး ၃၀-၆၀ စီစီ (သို့မဟုတ်) ထရိုင်းဒန့် ၄၀-၆၀ စီစီ နှုန်းဖြင့် တစ်ဧကကို ၅ပုံးခန့်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – သြဘာစပါးမှိုသတ်ဆေး , ထရိုင်းဒန့်
စပါးပင်စည်ပုပ်ရောဂါ
ဆေးတစ်ပုံးလျင် သြဘာစပါးမှိုသတ်ဆေး ၃၀-၆၀ စီစီ (သို့မဟုတ်) ယူနတီ၂၀ စီစီ နှုန်းဖြင့် တစ်ဧကကို ၅ပုံးခန့်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – သြဘာစပါးမှိုသတ်ဆေး , ယူနတီ
စပါးငါးမြွေထိုးရွက်ခြောက်ရောဂါ
စပါးယူဖရာရောဂါ(သို့)လောင်မီးရောဂါ(နီမတုတ်)
ဩဘာ မြေကောင်း ကို တစ်ဧကကို ၄-၅ ကီလိုခန့် အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – မြေကောင်း
စပါးမြစ်ဖုရောဂါ
ဩဘာ မြေကောင်း ကို တစ်ဧကကို ၄-၅ ကီလိုခန့် အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – မြေကောင်း
စပါးရွက်ဖျားဖြူရောဂါ
ဆေးတစ်ပုံးလျင် သြဘာစပါးမှိုသတ်ဆေး ၃၀-၆၀ စီစီ (သို့မဟုတ်) ဟေဗင် ၆၀ စီစီ နှုန်းဖြင့် တစ်ဧကကို ၅ပုံးခန့်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – သြဘာစပါးမှိုသတ်ဆေး , ဟေဗင်
စပါးပင်ခြေပုပ်ရောဂါ
ဆေးတစ်ပုံးလျင် သြဘာစပါးမှိုသတ်ဆေး ၃၀-၆၀ စီစီ (သို့မဟုတ်) ဟေဗင် ၆၀ စီစီ နှုန်းဖြင့် တစ်ဧကကို ၅ပုံးခန့်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – သြဘာစပါးမှိုသတ်ဆေး , ဟေဗင်
စပါးရွက်ခြောက်ရောဂါ
ဆေးတစ်ပုံးလျင် သြဘာစပါးမှိုသတ်ဆေး ၃၀-၆၀ စီစီ (သို့မဟုတ်) ဟေဗင် ၆၀ စီစီ နှုန်းဖြင့် တစ်ဧကကို ၅ပုံးခန့်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – သြဘာစပါးမှိုသတ်ဆေး , ဟေဗင်
ရွက်ဖုံးခြောက်ရောဂါ
ဆေးတစ်ပုံးလျင် သြဘာစပါးမှိုသတ်ဆေး ၃၀-၆၀ စီစီ (သို့မဟုတ်) ဟေဗင် ၆၀ စီစီ နှုန်းဖြင့် တစ်ဧကကို ၅ပုံးခန့်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – သြဘာစပါးမှိုသတ်ဆေး , ဟေဗင်
ပိုးသတ်ဆေး အသုံးပြုရန်အတွက်
ရွက်လိပ်အိမ်ပိုး
ဆေးတစ်ပုံးလျှင် ဇွန်ဘီ ၃၀ ဂရမ် နှင့် ဖိုင်းရား၄၀ စီစီ အလှည့်ကျဖျန်းပါ။ ကျဲပက်လိုပါက ဩဘာမြေကောင်း တစ်ဧက ၄-၅ကီလို သုံးစွဲပါ။
အသုံးပြုရမည့်ပစ္စည်း- ဇွန်ဘီ , ဖိုင်းရား , ဩဘာမြေကောင်း
နှံဖြတ်ပိုး
ဆေးတစ်ပုံးလျှင် ဇွန်ဘီ ၃၀ ဂရမ် နှင့် ဖိုင်းရား၄၀ စီစီ အလှည့်ကျဖျန်းပါ။ ကျဲပက်လိုပါက ဩဘာမြေကောင်း တစ်ဧက ၄-၅ကီလို သုံးစွဲပါ။
အသုံးပြုရမည့်ပစ္စည်း- ဇွန်ဘီ , ဖိုင်းရား , ဩဘာမြေကောင်း
ဆစ်ပိုး
ဆေးတစ်ပုံးလျှင် ဇွန်ဘီ ၃၀ ဂရမ် နှင့် ဖိုင်းရား၄၀ စီစီ အလှည့်ကျဖျန်းပါ။ ကျဲပက်လိုပါက ဩဘာမြေကောင်း တစ်ဧက ၄-၅ကီလို သုံးစွဲပါ။
အသုံးပြုရမည့်ပစ္စည်း- ဇွန်ဘီ , ဖိုင်းရား , ဩဘာမြေကောင်း
စပါးရွက်လိပ်၊ ရွက်ကပ်
ဆေးတစ်ပုံးလျှင် ဇွန်ဘီ ၃၀ ဂရမ် နှင့် ဖိုင်းရား၄၀ စီစီ အလှည့်ကျဖျန်းပါ။ ကျဲပက်လိုပါက ဩဘာမြေကောင်း တစ်ဧက ၄-၅ကီလို သုံးစွဲပါ။
အသုံးပြုရမည့်ပစ္စည်း- ဇွန်ဘီ , ဖိုင်းရား , ဩဘာမြေကောင်း
နှံစုပ်ဂျပိုး
ဆေးတစ်ပုံးလျှင် ဇိုင်ကလုံး ၄၀ စီစီ နှင့် ယက္ခ ၄၀ စီစီ အလှည့်ကျဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း- ဇိုင်ကလုံး , ယက္ခ
သရစ်ပိုး
ခရု
ရွက်ဖြန်းအားဆေး အသုံးပြုရန်အတွက်
ပင်ပွားများစေရန် ၊ အထွက်နှုန်းတိုးစေရန်
ဆေးတစ်ပုံးလျှင် ကောမက်အားကောင်း (စပါး) ၄၀-၅၀ ဂရမ် ကို ရက် ၃၀ သား တွင် ၁ကြိမ် နှင့် ဖုံးတုံးလုံးတုံးအချိန် ၁ကြိမ် ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း- ကောမက်အားကောင်း
သုံးစွဲသောဆေးများကို အာနိသင် ပိုကောင်းစေရန်
ဆေးတစ်ပုံးလျှင် ဝမ်းဒါး (ကော်ရည်) ၁၀ စီစီ ရောဖျန်းပေးပါ။
အသုံးပြုရမည့်ပစ္စည်း- ဝမ်းဒါး