နှမ်း
နှမ်းစိုက်တောင်သူဦးကြီးများအတွက် နှမ်းသက်တမ်းအလိုက်၊ ပိုးမွှားရောဂါအလိုက် အသုံးပြုသင့်သော မြန်မာ့သြဘာ ထုတ်ကုန်များကို အောက်တွင် ရှာဖွေနိုင်ပါသည်။
စိုက်ပျိုးနည်း အပြည့်အစုံ
မျိုး
အထွက်ကောင်းမျိုးများဖြစ်သည့် ဆင်းရတနာ (၃) (ရေငတ်ဒဏ်ခံနိုင်)၊ ဆင်းရတနာ (၄) (အဖြူရောင်)၊ ဆင်းရတနာ (၅) (အပူဒဏ်ခံ) မျိုးများကိုစိုက်ပါ။ မျိုးစေ့ကို မြန်မာ့သြဘာမျိုးစေ့လူးနယ်ဆေးဖြင့် လူးနယ်ပြီးမှ စိုက်ပါ။
မြေပြင်ခြင်း
မြေကို ထယ်ရေးနက်နက်၊ ထွန်ရေးညက်အောင် ပြင်ပါ။ အမှိုက်ကိုစင်အောင် ကောက်ပါ။ မြေမျက်နှာပြင် ညီညာအောင် ဆောင်ရွက်ပါ။ ရေသွင်းရေထုတ်မြောင်းများ စနစ်တကျ ပြုလုပ်ပေးပါ။
စိုက်စနစ်
စိုက်ချိန်တွင် အပင်ပေါက်ရရှိရန် လုံလောက်သော အစိုဓာတ် ရှိရပါမည်။ အပင်ဦးရေ မှန်ကန်စေရန် တစ်ပင်တိုင် မျိုးများအား တန်းကြား ၁၂လက်မ ကိုင်းဖြာသည့် မျိုးများအား ၁၅ လက်မ ထား၍ စိုက်ပျိုးပါ။ အပင်သက်တမ်း ၂ ပတ်သားတွင် ၄ လက်မခြား၊ တစ်ပင်ချန် စနစ်ဖြင့် သားခွဲပါ။ပန်းစပွင့်ချိန်နှင့် တုံးချိန်တွင် ရေလုံလောက်စွာ ရရှိရပါမည်။
သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ
မြေမပြင်မီ နွားချေး၊ အမှိုက်ဆွေး တစ်ဧက (၅-၁၀) စီး ချပေးပါ၊
မြေခံ ကောမက်စွမ်းအား ၂၅ ကီလို + ဂျစ်ပဆမ် ၂၅ ကီလို အသုံးပြုပါ။ ပင်ပိုင်းကြီးထွားချိန် (၂၅)ရက်သား ရွှေကောမက် ( ၂၅-၅၀) ကီလို နှင့် ကောမက်ထွက်တိုး ဂျီ ၄၅ (၂၅-၅၀) ကီလိုထည့်သွင်းအသုံးပြုပါ။
ပေါင်းသတ်ဆေးအသုံးပြုခြင်း
အပင် ၁-လသားအထိ ပေါင်းမြက်ကင်းစင်ရန် လိုအပ်ပါသည်။ နှမ်းခင်းအတွင်းရှိ ပေါင်းများကိုမက်တယ်၊ ဖော်ကျွန်း ပေါင်းသတ်ဆေးများကိုအသုံးပြု၍ နှိမ်နှင်းနိုင်ပါသည်။
၁။ ဖော်ကျွန်း – နှမ်းစိုက်ပြီး(၃၀)ရက်သားအတွင်း မြက်ပေါင်း သီးသန့် ရွေးသတ်လိုပါက ဖော်ကျွန်း မြက်ရွေးချယ် ပေါင်းသတ်ဆေးကို သုံးပါ။
၂။ မက်တယ် – မြေပဲ၊ ကြံ၊ ဝါ၊ ပြောင်း၊ နှမ်း၊ ဆေးရွက်ကြီး စသည့် သီးနှံစိုက်ခင်းများအတွင်းရှိ မြက်၊ ရွက်ပြန့်ပေါင်း၊ မုန်ညင်းများကိုသတ်ပေးနိုင်သော ရွေးချယ် ပေါင်းသတ်ဆေး ဖြစ်သည်။ မျိုးစေ့ချ မြေဖုံးပြီး (၃) ရက်အတွင်း အစိုဓာတ် လုံလောက်ချိန် ဖျန်းပါ(သို့)ရေသွင်းပြီး/မိုးရွာပြီး မြေမခြောက်ခင် ဖျန်းပါ။ မက်တယ်သုံးလျှင် သမန်းညက်မှ ထိရောက်ပါသည်။ မက်တယ်သည် အစေ့သေးမှ ပေါက်သောပေါင်းများအား သေစေနိုင်သော်လည်း အဆစ်၊ အကိုင်း၊ အတက်၊ ဥမှ ပေါက်သော ပေါင်းများကို မသတ်နိုင်ပါ။
ရိတ်သိမ်းခြင်း
ရိတ်သိမ်းချိန်တွင် အလေအလွင့် နည်းစေရန် အောက်သီး စကွဲချိန် အဖျားသီးများကို ခွဲကြည့်၍ အရောင်လိုက်ချိန်တွင် ရိတ်သိမ်းပါ။ နှမ်းအရည်အသွေး ကောင်းရန် ရိတ်သိမ်းပြီး တိုက်ရိုက် စည်းထောင်ပါ။
မြေသြဇာ အသုံးပြုရန်အတွက်
မြေခံ
တစ်ဧကလျှင် ကောမက် စွမ်းအား (၂၅) ကီလို နှင့် ကောမက် ဂျစ်ဆမ် (၂၅)ကီလို အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ကောမက် စွမ်းအား , ကောမက် ဂျစ်ပ်ဆမ်
ပင်ပိုင်းကြီးထွားချိန် (၂၅-၃၀) ရက်သား
တစ်ဧကလျှင် ရွှေကောမက် (၂၅) ကီလို နှင့် ကောမက်ထွက်တိုးဂျီ ၄၅ (၂၅) ကီလို အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ရွှေကောမက် , ကောမက်ထွက်တိုး
ပန်းပွင့်ချိန် (၄၀-၄၅) ရက်သား
တစ်ဧကလျှင် ကောမက်ထွက်တိုးဂျီ ၄၅ (၂၅) ကီလို အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ကောမက် ထွက်တိုး
ပေါင်းသတ်ဆေး အသုံးပြုရန်အတွက်
ပေါင်းမျိူးစုံ
နှမ်းကြဲပြီးပြီးခြင်း ကြမ်းအုပ်ပြီးပြီးခြင်း မြေပြင်ကို ဆေးဖျန်းပုံးတစ်ပုံးလျှင် မက်တယ် ၆၀ စီစီနှုန်းဖြင့် ဖျန်းပါ။ တစ်ဧက ၅ ပုံးဖျန်းပါ။ နှမ်းပင်ပေါက်ပြီးလျှင် မက်တယ် မဖျန်းရပါ။
အသုံးပြုရမည့်ပစ္စည်း – မက်တယ်
မြက်ပေါင်း
နှမ်းပင်ပေါက်ပြီး ၁၀-၄၅ ရက်အတွင်း ဆေးဖျန်းပုံးတစ်ပုံးလျှင် ဖော်ကျွန်းကို ၃၀-၅၀ စီစီနှုန်းဖြင့် ဆေးဖျန်းပုံး ၅ ပုံးဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ဖော်ကျွန်း
မှိုသတ်ဆေး အသုံးပြုရန်အတွက်
နှမ်းရိုးမည်းရောဂါ
ဆေးတစ်ပုံးလျင် ယူနတီ ၂၀စီစီ အား နှံ့စပ်အောင်ဖျန်းပေးပါ၊၊
အသုံးပြုရမည့်ပစ္စည်း – ယူနတီ
နှမ်းဖိုရောဂါ
နှမ်းဖိုရောဂါမှာ ဖြုတ်သယ်ဆောင်လာသော မိုက်ကိုပလပ်စမာ ကြောင့်ဖြစ်သော ရောဂါဖြစ်သောကြောင့် စုပ်စားပိုးသတ်ဆေး (ဘတ်တား၊ဇွန်ဘီ၁၀ ရက်ခြား တစ်လှည့်စီဖျန်းပါ)
အသုံးပြုရမည့်ပစ္စည်း – ဘက်တား, ဇွန်ဘီ
ဖားဥမှိုရောဂါ
ဆေးတစ်ပုံးလျင် ယူနတီ ၂၀စီစီ အား နှံ့စပ်အောင်ဖျန်းပေးပါ၊၊
အသုံးပြုရမည့်ပစ္စည်း – ယူနတီ
ဖိုင်တိုပသော်ရာ ရောဂါ ( နှမ်းပင်နာကျရောဂါ)
ဆေးတစ်ပုံးလျင် ဆင်နာဂျီ ၈၀ဂရမ်ဖြင့်ကာကွယ်၍ ပရိုပါ ၅၀စီစီဖြင့် ရောဂါ နှိမ်နင်းပါ။
အသုံးပြုရမည့်ပစ္စည်း – ဆင်နာဂျီ, ပရိုပါ
နှမ်းပင်ညှိုးရောဂါ
ဆေးတစ်ပုံးလျင် ရီဗိုက် ၃၀စီစီ အားအပင်ခြေထိ နှံ့စပ်အောင် ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ရီဗိုက်
ဘက်တီးရီးယားရွက်ပြောက်ရောဂါ
ဆေးတစ်ပုံးလျင် ကျူပရောက်ဆက် ၆၀စီစီ ဖြင့် နှံ့စပ်အောင် ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ကျူပရောဆက်
ပိုးသတ်ဆေး အသုံးပြုရန်အတွက်
ဖြုတ်၊ လှေးပိုး
ဆေးတစ်ပုံးလျှင် ဘက်တား ၂၀ ဂရမ် ၊ ပိုင်ဒီ ၁၀ ဂရမ် ၊ ဘလိတ် ၂၀ ဂရမ် ကို တစ်လှည့်စီ အလှည့်ကျသုံးပါ။
အသုံးပြုရမည့်ပစ္စည်း- ဘက်တား, ပိုင်ဒီ, ဘလိတ်
ရွက်လိပ်ပိုး
ဆေးတစ်ပုံးလျှင် အလန်း ၂၀ ဂရမ် ၊ ဇိုင်ကလုံး ၄၀ စီစီ ၊ ငှက်ကြီးတောင် ၂၀ စီစီ တစ်လှည့်စီ အလှည့်ကျသုံးပါ။
အသုံးပြုရမည့်ပစ္စည်း – အလန်း, ဇိုင်ကလုံး, ငှက်ကြီးတောင်
ရွက်စုံစားခူဝါ
ဆေးတစ်ပုံးလျှင် အလန်း ၂၀ ဂရမ် ၊ ဇိုင်ကလုံး ၄၀ စီစီ ၊ ငှက်ကြီးတောင် ၂၀ စီစီ တစ်လှည့်စီ အလှည့်ကျသုံးပါ။
အသုံးပြုရမည့်ပစ္စည်း – အလန်း, ဇိုင်ကလုံး, ငှက်ကြီးတောင်
နှမ်းကျိုင်းနက်
ဆေးတစ်ပုံးလျှင် အလန်း ၂၀ ဂရမ် ၊ ဇိုင်ကလုံး ၄၀ စီစီ ၊ ငှက်ကြီးတောင် ၂၀ စီစီ တစ်လှည့်စီ အလှည့်ကျသုံးပါ။
အသုံးပြုရမည့်ပစ္စည်း – အလန်း, ဇိုင်ကလုံး, ငှက်ကြီးတောင်
နှမ်းဖလံ
ဆေးတစ်ပုံးလျှင် အလန်း ၂၀ ဂရမ် ၊ ဇိုင်ကလုံး ၄၀ စီစီ ၊ ငှက်ကြီးတောင် ၂၀ စီစီ တစ်လှည့်စီ အလှည့်ကျသုံးပါ။
အသုံးပြုရမည့်ပစ္စည်း – အလန်း, ဇိုင်ကလုံး, ငှက်ကြီးတောင်
မြေတွင်းအောင်းပိုး
တော်ပီဒို ၃ ဂျီအာ အား တစ်ဧက ၄-၅ကီလိုအသုံးပြု၍ စိုက်ကျင်းတစ်လျှောက် မစိုက်မီ ထည့်သွင်းအသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – တော်ပီဒို ၃ ဂျီအာ
ပိုးစေးနဲ
ဆေးတစ်ပုံးလျှင် ဆပ်ပြာမှုန့် ၂ ဇွန်း + ဒီမွန် ၁.၈ ၂၀ စီစီ + ပိုင်ဒီ ၁၀ ဂရမ် ရောစပ် အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း – ဒီမွန်, ပိုင်ဒီ
ရွက်ဖြန်းအားဆေး အသုံးပြုရန်အတွက်
အပင်ကြီးထွားစေရန်
ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ + ကောမက်အားကောင်း (နှမ်း ) ၅၀ ဂရမ် သုံးပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်အားကောင်း
အသီး၊အပွင့်များစေရန်
ဆေးတစ်ပုံးလျှင် ကောမက်ပီဖိုလန် ၅၀ ဂရမ် နှင့် တင်ပို ၂၀ စီစီ ရောစပ်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်ပီဖိုလန်
အသီးအောင်စေရန်အတွက်သုံးစွဲရန်
ဆေးတစ်ပုံးလျှင် ကောမက်ပီဖိုလန် ၅၀ ဂရမ် နှင့် တင်ပို ၂၀ စီစီ ရောစပ်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်ပီဖိုလန်
အသီး၊ အပွင့်၊ အပင်၏ အရည်အသွေးကောင်းစေရန်
ဆေးတစ်ပုံးလျှင် ကယ်ဘိုမက်စူပါ ၄၀ စီစီ ၊ ကောမက်အားကောင်း (နှမ်း) ၅၀ ဂရမ် ၊ ကောမက်ထရေ့စ် ၂၀ ဂရမ် ရောစပ်အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း- ကောမက်အားကောင်း , ကောမက်ထရေ့စ်, ကယ်လ်ဘိုမဂ်စူပါ
ရေငတ်ဒဏ်နှင့် ရောဂါဒဏ်ခံ နိုင်ရည်ရှိစေရန်
ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ ၊ ကောမက်အားကောင်း (နှမ်း) ၅၀ ဂရမ် ရောစပ်ပက်ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်အားကောင်း
အပင်ဟုန်ခြင်းကိုကာကွယ်၍ အသီး ကြီးထွားမှုကိုအားပေးစေရန်
ဆေးတစ်ပုံးလျှင် ဂိုးလ် ၄၀ စီစီ သုံးပါ။
အသုံးပြုရမည့်ပစ္စည်း- ဂိုးလ်
သုံးစွဲသောဆေးများကို အာနိသင်ပိုကောင်းစေရန် ပိုမိုကောင်းမွန်စေရန်
ဆေးတစ်ပုံးလျှင် ဝမ်းဒါး (ကော်ရည်) ၁၀ စီစီ သုံးပါ။
အသုံးပြုရမည့်ပစ္စည်း- ဝမ်းဒါး
