ပဲစိုက်ခင်းတွေမှာ ဆိုးရွားစွာ ကျရောက်နေသော ပဲပင်စည်ထိုးယင် (Bean Stem Fly)

ယခုအခါ အောက်မြန်မာပြည်ရှိ ပဲစိုက်ခင်းများတွင် ပဲပင်စည်ထိုးယင်များ ဆိုးရွားစွာ ကျရောက်နေသောကြောင့် ပဲစိုက်တောင်သူများ သတိပြုကာကွယ်နိုင်ရန် ဖော်ပြလိုက်ပါသည်။
🔰 ပဲပင်စည်ထိုးယင်သည် တောက်ပ၍ နက်ပြာရောင်ရှိပြီး သေးငယ်သည်။ လောက်ကောင်ငယ်သည် ဝါဖြူရောင်ရှိသည်။ ရုပ်ဖုံးသည် စည်ပိုင်းပုံ သဏ္ဍာန်ရှိပြီး အစပိုင်းတွင် အဝါရောင်မှနောက်ပိုင်း အညိုရင့်ရောင်သို့ ပြောင်းသွားသည်။ ပဲကြီး၊ ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ၊ ပဲပုပ်စသည့် ပဲများတွင် စားသောက်ဖျက်ဆီးလေ့ရှိသည်။
🔰 ပဲပင်စည်ထိုးယင်၏ ဘဝစက်ဝန်းတွင် ဥ၊ လောက်ကောင်၊ ရုပ်ဖုံးနှင့် အကောင်ကြီးအဆင့်တို့ ပါဝင်သည်။
🔰လောက်ကောင်အဆင့်သည် အပူချိန်ပေါ်မူတည်၍ (၈-၁၀) ရက်ကြာနိုင်သည်။ ရုပ်ဖုံးအဆင့်သည် အခြေအနေပေါ်မူတည်၍ (၇-၂၀) ရက်ထိ ကြာမြင့်နိုင်သည်။ အကောင်ကြီးသည် ရုပ်ဖုံးမှထွက်လာပြီး (၂-၃)ရက်အတွင်း မိတ်လိုက်ကြသည်။
🔰အရွက်၏ အောက်မျက်နှာပြင်မှာရော အပေါ်ဘက်မျက်နှာပြင်မှာပါ ဥ အုနိုင်သည်။ တစ်ခါတစ်ရံ အရွက်ရိုးတံ၏ အလယ်ကြောတွင် အု သည်။
🔰ယင်ကောင် အမသည် ဥပေါင်း ပျမ်းမျှ ၁၀၀ ခန့် ဥနိုင်ပြီး ၂၂ရက်လောက်ထိ ရှင်သန်နိုင်သည်။
📌ဖျက်ဆီးမှုလက္ခဏာ
🔰အစပိုင်းလက္ခဏာများမှာ အကောင်ကြီးများမှ ဥအုခြင်းနှင့် စားသောက်ဖျက်ဆီးခြင်းကြောင့် အရွက်ပေါ်တွင် အဝါဖျော့ရောင်ဧရိယာများ ပေါ်လာသည်။ ပိုးကျရောက်မှုဆိုးရွားပါက အရွက်ကြွေသည်အထိ ဖြစ်နိုင်သည်။
🔰လောက်ကောင်သည် အရွက်နှင့် ပင်စည်တို့၏ အောက်တွင် ဥမင်လိုဏ်ခေါင်းကဲ့သို့ ဖောက်၍ စားသောက်ဖျက်ဆီးသည်။
🔰လောက်ကောင်ငယ်များ ဖျက်ဆီးထားပါက အရွက်ပေါ်တွင် ထွင်းဖောက်စားထားသော အရာများ တွေ့ရသည်။
🔰အဆိုးရွားဆုံးမှာ ပင်စည်ကို စားသောက်ဖျက်ဆီးခြင်းဖြစ်သည်။ ပင်စည်အခြေကို ဖျက်ဆီးသောကြောင့် ပင်စည်များ ဖောင်းပွလာကာ ကွဲထွက်သွားသည်။
🔰ဆိုးရွားစွာကျရောက်လျှင် အပင်သည် ယိုင်လဲပြီး ညှိုးလာကာ နောက်ဆုံး သေသည်အထိ ဖြစ်နိုင်သည်။ အကယ်၍ အပင်မသေသော်လည်း အပင် ကြီးထွားမှုနှင့် အထွက်နှုန်းကို လျော့နည်းစေသည်။
📌ပင်စည်ထိုးယင် ရှိမရှိ စစ်ဆေးနည်း
✅အရွက်ပေါ်တွင် ဥများရှိနေခြင်း
✅လောက်ကောင်ငယ်မှ အရွက်၊ ရိုးတံနှင့် ပင်စည်တွင် ဥမင်လိုဏ်ခေါင်းကဲ့သို့ ဖောက်ထားခြင်း
✅ပင်စည်အခြေတွင် ဖောင်းပြီး အက်ကွဲနေခြင်း
✅ပင်စည်ထဲတွင် ရုပ်ဖုံးများရှိနေခြင်း
✅အကောင်ကြီး ယင်များ ရှိနေခြင်း များကိုကြည့်ရှု့စစ်ဆေးပြီး ကာကွယ်နှိမ်နင်းခြင်းများ ဆောင်ရွက်သင့်ပါသည်။
📌ကာကွယ်နှိမ်နင်းနည်း
✅စောစောစိုက်ပျိုးခြင်း၊ ခံနိုင်ရည်ရှိသောမျိုးများ စိုက်ပျိုးခြင်း၊ လက်ခံပင်မတူသည့် မျိုးများ သီးလှည့်စိုက်ပျိုးခြင်း။
✅စိုက်ခင်းအတွင်း စိုက်ခင်းဘေး ပေါင်းရှင်းပေးခြင်း
✅ဖျက်ဆီးခံရသော အပင်များနှင့် ပင်ကြွင်းပင်ကျန်များကို ရှင်းလင်းဖယ်ရှားပေးခြင်း
✅အကောင်ကြီးများကို ဖမ်းယူနိုင်ရန် စေးကပ်သော ထောက်ချောက်များကို အသုံးပြုနိုင်သည်။
✅ ဓာတုဆေးအသုံးပြုလိုပါက မြန်မာ့ဩဘာမှ ဖိုင်းရား အသုံးပြုနိုင်ပါသည်။
Relate Products

ဆက်စပ် ထုတ်ကုန်များ