အိန်ဂျယ်လ်

မှိုရောများကာကွယ်ကုသနိုင်သော ပင်လုံးပြန့်မှိုသတ်ဆေး

ဆေးအမည်
အိန်ဂျယ်လ် ၅၀၀ ဒဗလျူပီ
အစွမ်းရှိပစ္စည်း

Dimethomorph 50%

ဆေးအမျိုးအစား

ပင်လုံးပြန့်အာနိသင်ရှိပြီး မှိုရောဂါများ အမြစ်ပြတ်သုတ်သင်နိုင်သောမှိုသတ်ဆေး

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

အာလူး၊ ခရမ်းချဉ်၊ စပျစ်၊ ဖရဲသခွား၊ ငရုတ်၊ ကြက်သွန်၊ ပန်းမာန်၊ ဂေါ်ဖီထုပ် နှင့် ဟင်းသီးဟင်းရွက်။

ဆေးအာနိသင်ပြန့်နှံ့ပုံ

ပင်လုံးပြန့်အာနိသင်နှင့် ထိုးဖောက်စိမ့်ဝင်နိုင်သော အာနိသင်ရှိသည်။ မှိုမျှင်ကြီးထွားမှုနှင့် မှိုစပိုးထုတ်လုပ်မှုကို ကာကွယ်တားဆီးပေးသည်။

နှုန်းထား

ရေ ၂၀ လီတာ ဝင် ဆေးဖျန်းပုံးတွင် ၂၀ – ၄၀ ဂရမ် ထည့်ပြီး တစ်ဧကလျှင် ၁၀၀ – ၂၀၀ ဂရမ်ဖြင့် ၅-၈ ပုံးအသုံးပြုပါ။

သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက်

၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)။

နှိမ်နှင်းနိုင်သော ရောဂါများ

ဒေါင်းနီး၊ နှောင်းပင်နာကျ(လောင်မဲ)၊ အခေါက်ပုပ်၊ ကိုင်းဖျားခြောက်။

အဓိကအကျိုးကျေးဇူးများ
  • ကာကွယ်မှုနှင့် ကုသမှုနှစ်မျိုးလုံးအသုံးပြုနိုင်သည်။
  • Oomycete ရောဂါများကို နှိမ်နင်းရာတွင်အကောင်းဆုံးဆေးဖြစ်ပါသည်။
  • အပင်တွင်းသို့ အစာရေကြောစီးမှတစ်ဆင့် ပြန့်နှံ့နိုင်သည်။
  • အပင်တွင်းသို့ဆေးဝင်ရောက်မှုမြန်သဖြင့် ဆေးဆုံးရှုံးမှုလျော့နည်းစေပြီး လျှင်မြန်စွာရောဂါကို ကာကွယ်နိုင်စွမ်းရှိပါသည်။
  • ဆေးယဥ်ပါးမှုမှ ကာကွယ်နိုင်ရန်အတွက် ထိသေမှိုသတ်ဆေး ( ဥပမာ- မန်ကိုမဂ်/ ဇီဖလို) တစ်ခုခုနှင့် နှုန်းထားအတိုင်းတွဲဖျန်းပါ။