ကောမက်အားကောင်း

ဆေးအမည်
ကောမက်အားကောင်း
ဆေးအမျိုးအစား

ရွက်ဖျန်းအားဆေး

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း

ပါဝင်သော အာဟာရဓာတ်များ

N 25% + P2O5 25% +K 0 %

သုံးစွဲနိုင်သော သီးနှံများ

ပဲမျိုးစုံ၊ မြေပဲ၊ နှမ်း ၊ဝါ၊ အာလူး၊ ခရမ်းချဉ်၊ ဖရဲ၊ သခွား၊ ငရုပ်၊ စပါး ၊ ဂေါ်ဖီ ၊ ကွမ်း။

သုံးစွဲရမည့် အချိန်

ပန်းမပွင့်မီ ၁၀ ရက်အလို ၊ ပန်းပွင့်ချိန် ၊ ပန်းပွင့်ချိန်နောက်ပိုင်း အထိ ၃ – ၄ ကြိမ် သုံးပါ။

ဆေးအာနိသင်ပြန့်နှံ့ပုံ
  • သီးနှံ တစ်မျိုးချင်းစီအလိုက် လိုအပ်သော အနည်းလိုအာဟာရဓါတ်များကို တွက်ချက်ထည့်သွင်းထားသည်။
  • အပင်မှလွယ်ကူစွာ စုပ်ယူစားသုံးနိုင်သော ပုံစံဖြင့် ထုတ်လုပ်ထားသည့် အတွက် အပင်မှလိုအပ်သော အာဟာရဓါတ်များကို အမြန်ဆုံးရယူနိုင်သည်။
နှုန်းထား
  • ဆေးဖျန်းပုံးတစ်ပုံးလျှင် မြင်းခေါင်းစတီးဇွန်း ၃ ဇွန်းမှ ၅ ဇွန်း။
  • တစ်ဧကလျှင် ရေ ၂၀ လီတာ ဝင် ဆေးဖျန်းပုံး ၅ပုံးမှ ၇ ပုံး အသုံးပြုပါ။
အဓိကအကျိုးကျေးဇူးများ
  • မိုးခေါင်မှုဒဏ် ၊ ရာသီဥတု ဒဏ် နှင့် ပိုးမွှားရောဂါ ဒဏ် ကို ခံနိုင်ရည်ရှိစေသည်။
  • ပန်းပွင့်ချိန်မတိုင်မှီမှ စ၍ ပန်းပွင့်ချိန်နောက်ပိုင်းအထိ သုံးစွဲပါက အပွင့်အသီးဖြိုင်စေသည်။
  • အဓိကအားဖြင့် အစေ့အဆံပြည့်ဝ၍ သီးနှံ၏အရည်အသွေး ပိုမိုကောင်းမွန်စေသည်။
  • ဆေးပျော်ဝင်မှုအားကောင်းသောကြောင့် သီးနှံပင်စိမ်းစိုစေပြီး အစာချက်လုပ်မှု အားကောင်းစေသည်။
  • တစ်ဧကကုန်ကျစရိတ်သက်သာပြီး အထွက်နှုံးကို တိုးတက်စေသည်။
Relate Crops

သက်ဆိုင်ရာ သီးနှံများအတွက်