ဘက်တား

ပင်လုံးပြန့်နှင့် ထိသေ စားသေအာနိသင်ရှိသော စုပ်စားပိုးသတ်ဆေး

ဆေးအမည်
ဘက်တား ၂၅ ဒဗလျူပီ
အစွမ်းရှိပစ္စည်း

Acetamiprid 20% + Lambda cyhalothrin 5%

ဆေးအမျိုးအစား

ပိုးသတ်ဆေး

သုံးစွဲရမည့် အချိန်
  • သီးနှံပင် သက်တမ်းတလျှောက် အသုံးပြုနိုင်သည်။
  • ပိုးကောင် ငယ်ရွယ်စဉ်မှ စတင်၍ ဖျန်းပါ။
ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ထိသေ စားသေ နှင့် ပင်လုံးပြန့်အာနိသင်ရှိသည်။
  • အဆီတာမီပရစ်သည် အဓိကအားဖြင့် ပင်လုံးပြန့် နှင့် ရွက်လွှာကြောအတွင်းထိုးဖောက်စိမ့်ဝင်နိုင်သော အာနိသင်ရှိသည်။
  • လန်ဒါသည် ထိသေစားသေအာနိသင်ရှိသောကြောင့် ထိမိ၊စားမိသည့်ပိုးကောင်များကို လျှင်မြန်စွာသေဆုံးစေသည်။
နှုန်းထား

ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးတွင် ၁၀ – ၂၀ ဂရမ်ထည့်သွင်းပြီး တစ်ဧကလျှင် ၅၀ – ၁၀၀ ဂရမ်ဖြင့် ၅-၈ ပုံ အသုံးပြုပါ။

သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက်

၇ – ၁၀ ရက်။

နှိမ်နှင်းနိုင်သော ဖျက်ပိုးများ

လှေးပိုး၊ ပျ၊ ဖြုတ်၊ ယင်ဖြူ၊ ရွက်ဖေါက်ကျိုင်း၊ ရွက်လိပ် ရွက်ကပ်ပိုး။

အဓိကအကျိုးကျေးဇူးများ
  • သီးနှံစိုက်ခင်းတွင် ကျရောက်သော စုပ်စားပိုးများ ကို ဆေးအဆိပ် ၂ မျိုးဖြင့် အဓိက နှိမ်နှင်းသည်။
  • အပင်သက်တမ်းတစ်လျှောက် ဖျန်းနိုင်သည်။
  • တစ်ကြိမ်ဖျန်းထားပြီးလျှင် (၇ – ၁၀) ရက်ခန့်အထိ စုပ်စားပိုးမကျအောင် ကာကွယ်ပေးသည်။
  • သီးနှံပင်များ စုပ်စား ပိုးဖျက်ဆီးမှုနည်းပြီး အထွက်နှုန်းတိုးစေသည်။
  • တစ်ဧက ဈေးနှုန်း သင့်တင့်သောကြောင့် တောင်သူ များအတွက် တွက်ခြေကိုက်သော စုပ်စားပိုးသတ် ဆေးဖြစ်သည်။