ကောမက်စပါးပေါင်းသတ်ဆေး

ဆေးအမည်
ကောမက်စပါးပေါင်းသတ်ဆေး
အသုံးပြုရမည့်ပုံစံ

ကြဲပက်

ပါဝင်သော အာဟာရဓာတ်များ

Pyrazosulfuron – ethyl 0.4%

သုံးစွဲနိုင်သော သီးနှံများ

စပါး။

သုံးစွဲရမည့် အချိန်

စပါးကျဲပြီး ၊ စိုက်ပြီး ၇ – ၁၅ ရက်သားနှင့် ပေါင်းပင် ၂-၃ ရွက်ထွက်ချိန် ရေ ၂လက်မ ရှိနေလျှင်အကောင်ဆုံးဖြစ်သည်။

ဆေးအာနိသင်ပြန့်နှံ့ပုံ

ပင်လုံးပြန့် အာနိသင်ရှိ ပေါင်းသတ်ဆေးဖြစ်ပြီး အရွက်နှင့် အမြစ်မှ စုပ်ယူပြီး ဆဲကွဲပွားမှုကို တားပေးသည်။

နှုန်းထား

တစ်ဧကလျှင် ၄၀ကီလိုဂရမ် အသုံးပြုနိုင်သည်။

အဓိကအကျိုးကျေးဇူးများ
  • အသုံးပြုရလွယ်ကူပြီး စပါးတွင် အဓိက ပေါက်ရောက်သော မြက်နှင့် ရွက်ပြန့်မုန်ညင်းအား အပြည့်အဝနှိမ်နင်းနိုင်ခြင်း၊
  • မပေါက်သေးသော မြက်အုပ်စုများကို ကာကွယ်နိုင်ခြင်း။
  • ပင်ပွားကောင်းခြင်း၊ အစိမ်းရောင်ကြာရှည်ခံခြင်း၊ အပင်အရပ်မြင့်ခြင်း။
  • အလုံးညီညာ ပျော်ဝင်အားကောင်း ပြီး အသုံးပြုရလွယ်ကူ၍ အချိန်ကုန်သက်သာစေခြင်း။