ကွန်ပလိ

စပါးရွေးချယ်ပေါင်းသတ်ဆေး

ဆေးအမည်
ကွန်ပလိ ကွန်ပလိ ၁၀ ဒဗလျူပီ
အစွမ်းရှိပစ္စည်း

Bispyribac Sodium 10%

ဆေးအမျိုးအစား

စပါးရွေးချယ်ပေါင်းသတ်ဆေး

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

စပါး။

သုံးစွဲရမည့် အချိန်
  • ပေါင်းပင်အရွက် (၃-၅)ရွက် ထွက်ချိန်အတွင်းအသုံးပြုနိုင်သည်။
  • အကောင်းဆုံးအချိန်မှာ စပါးစိုက်ပြီး/ကျဲပြီး (၁၅-၂၀)ရက်သား တွင် အသုံးပြုပါ။
ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ပင်လုံးပြန့်အာနိသင်ရှိပြီး၊ အပင်၏အရွက်၊ အမြစ်ကပါစုပ်ယူပြီး ပေါင်းပင်များကိုသတ်ပေးနိုင်သည်။
  • အပင်၏ Amino Acid ပေါင်းစည်းမှုကိုလည်းတားဆီးပေးနိုင်သည်။
နှုန်းထား

ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံး ၁ ပုံးလျှင် မြင်းခေါင်းစတီးဇွန်း ၅ ဇွန်း ထည့်ပြီး ၁ ဧကကို ၅ ပုံး (၂၅၀ဂရမ်/ဧက) ခန့် ဖျန်းနိုင်သည်။

နှိမ်နှင်းနိုင်သော ပေါင်းများ

မြက်အုပ်စု (စပါးယောင်၊ တက်ကွက်၊ ငသယောင်)၊ မြက်သီး၊ ဝမ်းဘဲစာ၊ ရွက်ပြန့်ပေါင်း၊ ပေါင်းလေးညင်း၊ လယ်ပဒူ၊ ကနဖော့၊ မုံညင်းအုပ်စု မြက်မုံညင်းစိမ်း၊ မြက်မုံညင်းဝါ။

အဓိကအကျိုးကျေးဇူးများ
  • စပါးပင်ငယ်စဉ်တွင်လည်း အပင်ဝါခြင်း၊ လောင်ကျွမ်းမှုလုံးဝမရှိပါ။
  • အစိုဓာတ်ရှိလျှင်အသုံးပြုနိုင်သည်။
  • လက်ပေါင်းလိုက်ခြင်းထက် ကုန်ကျစရိတ်ပိုသက်သာစေသည်။
  • ပေါင်းပင်ငယ်စဉ်အသုံးပြုနိုင်သောကြောင့် သီးနှံအထွက်နှုန်းကိုလည်း မြင့်မားစေသည်။
  • ဒေါင်းမြီးပျံဆိုးသော အခင်းများတွင် ဝိုက်နှင့် တွဲသုံးပါက အာနိသင်အလွန်ကောင်းသည်။