ဟက်ကာ

မြေပဲရွေးချယ်ပေါင်းသတ်ဆေး

ဆေးအမည်
ဟက်ကာ
အစွမ်းရှိပစ္စည်း

Imazethapyr 10%

ဆေးအမျိုးအစား

ပင်လုံးပြန့် ရွေးချယ်ပေါင်းသတ်ဆေး

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်၊ မြေပဲ။

သုံးစွဲရမည့် အချိန်
  • မြေပဲစိုက်ပြီးပြီးခြင်း၊ ကြမ်းတုန်းအုပ်ပြီးပြီးခြင်း၊ မြေပြင်အစိုဓာတ်ရှိနေချိန်တွင် ရေ၂၀လီတာဝင် ဆေးဖျန်းပုံး ၁ပုံးလျှင် မြင်းခေါင်းစတီးဇွန်း ၁၀ ဇွန်းထည့်ပြီး ၁ ဧကကို ၅ ပုံး (၅၀၀ စီစီ/ဧက) ဝင်အောင်ဖျန်းပေးပါ။
  • ပေါင်းပင်များနုစဉ် ၂ – ၄ ရွက်ထွက်ပြီး မြေအစိုဓာတ်ကောင်းချိန်တွင် ရေ ၂၀ လီတာဝင် ဆေး ၁ ပုံးလျှင် ၈ဇွန်း ထည့်ပြီး ၁ ဧကလျှင် ဆေးဖျန်းပုံး ၅ ပုံး (၄၀၀ စီစီ/ဧက) နှုန်းဖြင့်ဖျန်းပေးပါ။
  • ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ် တွင် ပဲပင်ပေါက်ပြီး ၇ – ၁၅ ရက်အတွင်း သုံးနိုင်သည်။
ဆေးအာနိသင်ပြန့်နှံ့ပုံ

ပေါင်းပင်၏ အရွက်နှင့် အမြစ်မှ စုပ်ယူနိုင်ပြီး အစာကြော၊ ရေကြောစီးမှ ပြန့်နှံ့ကာ အပင်ကြီးထွားသည့် အစိတ်အပိုင်းများကို တိုက်ခိုက်ပြီး ပေါင်းပင်ကို သေစေသည်။

နှိမ်နှင်းနိုင်သော ပေါင်းများ

မြက် (ဆင်ငို၊ လက်သဲခွ)၊ မုံညင်းဥနက်၊ သဲမုံညင်း၊ ဟင်းနုနွယ်၊ ဂျိုးခြေထောက် ပေါင်းအားလုံးသတ်ပေးနိုင်သည်။

အဓိကအကျိုးကျေးဇူးများ
  • ပေါင်းအားလုံးကိုနှိမ်နင်းနိုင်သည်။ အထူးသဖြင့် မြက် (ဆင်ငို၊ လက်သဲခွ)၊ မုံညင်း၊ ဟင်းနုနွယ်၊ ဂျိုးခြေထောက် ကိုသတ်ပေးနိုင်သည်။
  • ပေါက်ပြီးသားပေါင်းသာမက မပေါက်သေးသော ပေါင်းများကိုပါ ထိန်းထားနိုင်သည်။
  • လက်ပေါင်းလိုက်ခြင်းနှင့်ယှဉ်လျှင် ကုန်ကျစရိတ်သက်သာသည်။
အကြံပြုချက်

နောက်သီးနှံ (နှမ်း) စိုက်မည်ဆိုလျှင် ဟက်ကာ အစား မက်တယ် ပေါင်းအုပ်ဆေးကို အသုံးပြုပါ။