ဟေဗင်

မှိုရောဂါမျိုးစုံကာကွယ်ကုသဆေး

ဆေးအမည်
ဟေဗင် ၅ အက်စ်စီ
အစွမ်းရှိပစ္စည်း

Hexaconazole 5%

ဆေးအမျိုးအစား

ပင်လုံးပြန့်မှိုသတ်ဆေး

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

စပါး ၊ မြေပဲ၊ ပဲမျိုးစုံ၊ အာလူး၊ ခရမ်းချဉ်၊ ငရုတ်၊ စပျစ်၊ ကြက်သွန်၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက်။

သုံးစွဲရမည့် အချိန်
  • ရောဂါလက္ခဏာစတင်တွေ့ရှိသည့်အချိန်မှစ၍ ပက်ဖျန်းနိုင်သည်။
  • ရောဂါကျရောက်မှုဆိုးလျှင် ( ၅ ) ရက်ခြား ၂ ကြိမ်ပက်ဖျန်းနိုင်ပါသည်။
ဆေးအာနိသင်ပြန့်နှံ့ပုံ

ပင်လုံးပြန့် အာနိသင်ရှိပြီး အပင်ကိုဖျက်ဆီးသောမှိုများ၏ဆဲလ် နံရံတည်ဆောက်မှုကိုတားဆီးပေးသောဆေးဖြစ်သည်။

နှုန်းထား

ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ၄၀ – ၈၀ စီစီ ထည့်သွင်းပြီး တစ်ဧကလျှင် ၂၀၀ – ၄၀၀ စီစီဖြင့် ၅-၈ ပုံးအသုံးပြုပါ။

သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက်

၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)။

နှိမ်နှင်းနိုင်သော ရောဂါများ

ဖါးဥမှို၊ အကြေးဖတ်ရောဂါ၊ ရွက်ပျောက်ရွက်ခြောက်၊ ရွက်ဖုံးခြောက်၊ စပါးမှိုသီးရောဂါ။

အဓိကအကျိုးကျေးဇူးများ
  • ကာကွယ်မှုနှင့်ကုသမှု ( ၂ )မျိုးလုံးအသုံးပြုနိုင်သောဆေးဖြစ်သည်။
  • အပင်ထဲကိုဆေးဝင်ရောက်မှုမြန်သဖြင့် ရာသီဥတုကြောင့်ဆေးဆုံးရှုံးမှုလျော့နည်းစေပါသည်။
  • အပင်အရောင်စိမ်းစေသည့် အာနိသင်ပါရှိသောကြောင့် ဆေးဖျန်းပြီး အပင်စိမ်းစိုစေ၍ အစာချက်လုပ်မှုအားကောင်းစေကာ သီးနှံပင်ပိုမိုကြီးထွားပြီး အထွက်တိုးစေသည်။