ပေါင်းကေလာပလပ်စ်

ရွေးချယ်မဲ့ ပေါင်းအမြန်သတ်ဆေး

ဆေးအမည်
ပေါင်းကေလာပလပ်စ်
အစွမ်းရှိပစ္စည်း

Glyphosate -24% + 2,4-D Amine -12%(SL)

ဆေးအမျိုးအစား

ရွေးချယ်မဲ့ပေါင်းသတ်ဆေး

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

ဥယျာဉ်ခြံ သီးနှံ နှင့် အခြားသီးနှံများ။

သုံးစွဲရမည့် အချိန်
  • ပေါင်းကြမ်များနှိမ်နှင်းရန် ပဲမျိုးစုံ၊ ဝါ၊ ပြောင်း၊စပါးနှင့် အခြားဟင်းသီးဟင်းရွက်သီးနှံ များတွင် သီးနှံ မစိုက်မီ ၂၀ရက် မှ ၃၀ရက်ကြိုတင်ပက်ဖျန်းပါ။
  • ဥယျာဉ်ခြံ သီးနှံ များတွင် (အပင်ကြီး)ပေါင်းပင်ငယ်စဉ် မှ သက်တမ်းတစ်လျောက် အသုံးပြုနိုင်သည်။
ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ပင်လုံးပြန့် အာနိသင် ရှိခြင်းကြောင့် ပေါင်းပင်အမြစ်ထိရောက်ရှိပြီး သေစေနိုင်သည်။
  • Glyphosate -24% သည် ပေါင်းပင်များအားကြီးထွားမှု ရပ်တန့်စေပြီး၊ အမြန်သေစေနိုင်သည့် ပင်လုံးပြန့် အာနိသင်ရှိသည်။
  • 2,4 – D Amine မှာ ပေါင်းပင်များ လျင်မြန်စွာကြီးထွားပြီး သေစေသည့် အာနိသင်ရှိသည်။
နှုန်းထား

ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံး ၁ ပုံးလျှင် ၂၅၀စီစီ မှ ၃၅၀ စီစီ ထည့်ပြီး ( ၁၂၅၀စီစီ – ၁၇၅၀ စီစီ/ဧက) ဆေးဖျန်းပုံး ၅ – ၇ ပုံး အသုံးပြုပါ။

သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက်

၂၀-၃၀ ရက်

နှိမ်နှင်းနိုင်သော ပေါင်းများ

ရွက်ပြန့်၊ မုံညင်း၊ မြက်အုပ်စု၊ နွယ်အုပ်စုဝင် ရွက်ပြန့်ပေါင်းများကိုပါ နှိမ်နင်းနိုင်သည်။

အဓိကအကျိုးကျေးဇူးများ
  • မတူညီသော ဆေးအုပ်စု ၂ မျိုး ပေါင်းစပ်ထားသောကြောင့် ပေါင်းအမျိုးစား မရွေးသေစေနိုင်သည်။
  • အခြား ပေါင်းသတ်ဆေးများနှင့် ရောစပ်စရာ မလို သောကြောင့် အချိန် ကုန်သက်သာစေပြီး ထိရောက်မှု ပိုမိုကောင်းမွန်စေသည်။
  • သီးနှံ မစိုက်မီ ကြိုတင်ပက်ဖျန်းခြင်းအားဖြင့် ပေါင်းပေါက်ရောက်မှု နည်းပြီး လုပ်သား ကုန်ကျစရိတ် သက်သာစေသည်။