ပင်စီ

ကြက်သွန်၊ မြေပဲ၊ ငရုတ်၊ စပါး ရွေးချယ်ပေါင်းအုပ်ဆေး

ဆေးအမည်
ပင်စီ ပင်စီ ၃၃ အီးစီ
အစွမ်းရှိပစ္စည်း

Pendimethalin 33%

ဆေးအမျိုးအစား

မြေပြင်ဖျန်း ပေါင်းအုပ်ဆေး

အသုံးပြုရမည့်ပုံစံ

ပေါင်းမပေါက်မီ မြေပြင်ဖျန်းဆေး

သုံးစွဲနိုင်သော သီးနှံများ

ကြက်သွန်၊ အာလူး၊ ငရုတ်၊ မြေပဲ၊ ဂန္ဓမာ၊ ပြောင်း စသောသီးနှံများ။

သုံးစွဲရမည့် အချိန်

မစိုက်ခင်နှင့် စိုက်ပြီး ( ဝ – ၂ ) ရက် အတွင်းအသုံးပြုနိုင်သည်။

ဆေးအာနိသင်ပြန့်နှံ့ပုံ

ထိသေနှင့်ပင်လုံးပြန့် အာနိသင်ရှိပြီးပေါင်းပင်၏ အမြစ်နှင့် အညွန့်တို့မှစုပ်ယူပြီး တစ်ပင်လုံးကိုပြန့်နှံ့သည်(Translocate by Shoot & Roots )။

နှုန်းထား

ရေ ၂၀လီတာ ဝင်ဆေးဖျန်းပုံး ၁ ပုံးလျှင် မြင်းခေါင်း စတီးဇွန်း ၂၀ -၂၅ ဇွန်း ( ၁၀၀၀ – ၁၂၅၀ စီစီ/ဧက) နှုန်းဖြင့် ၁ ဧက လျှင် ဆေးဖျန်းပုံး ၅- ၁၀ ပုံး အသုံးပြုပါ။

နှိမ်နှင်းနိုင်သော ပေါင်းများ

ရွက်ပြန့် နှင့် မြက်ပေါင်းများ။

အဓိကအကျိုးကျေးဇူးများ
  • ပေါင်းများကို မပေါက်မီနှင့် ပေါင်းပင်မကြီးထွားခင် နှိမ်နှင်းနိုင်သောကြောင့် ပေါင်းပင်များ သီးနှံပင်နှင့်ယှဉ်ပြိုင်ကြီးထွားခြင်းမှ ကင်းလွတ်စေပြီး သီးနှံကြီးထွားဖွံ့ဖြိုးမှုကောင်းစေကာ အထွက်နှုန်းတိုးစေသည်။
  • အမြစ်နှင့်အညွန့်တို့မှ စုပ်ယူကာ သတ်ပေးနိုင်သောကြောင့် အညှောင့်မှ ပေါက်ခါစ၊ မြေကြီးမှထွက်စ ပေါင်းများကို အကောင်းဆုံးကာကွယ်နှိမ်နင်းနိုင်သည်။
  • အသုံးပြုရလွယ်ကူပြီး ကုန်ကျစရိတ်သက်သာစေသော ပေါင်းသတ်ဆေးဖြစ်သည်။