အာလူးပေါင်းသတ်ဆေး

အာလူးရွေးချယ်ပေါင်းသတ်ဆေး

ဆေးအမည်
အာလူးပေါင်းသတ်ဆေး
အစွမ်းရှိပစ္စည်း

Acetochlor 400 g/L + Metribuzin100 g/L

ဆေးအမျိုးအစား

ပင်လုံးပြန့် ရွေးချယ် ပေါင်းသတ်ဆေး၊ မြေပြင်အုပ်ဆေး။

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း ၊ ပေါင်းမပေါက်မီ မြေပြင် အုပ်ဆေး။

သုံးစွဲနိုင်သော သီးနှံများ

အာလူး

သုံးစွဲရမည့် အချိန်

အာလူးပင်သက်တမ်း တစ်လျှာက်လုံး သုံးစွဲနိုင်သည်။ပေါင်းမပေါက်မီမြေပြင်အုပ်ဆေးအဖြစ်လည်းသုံးနိုင်သည်။

ဆေးအာနိသင်ပြန့်နှံ့ပုံ
  • အမြစ် နှင့် အရွက်မှ စုပ်ယူပြီး အပင်၏ရေကြောစီးအတိုင်း ပြန့်နှံ့ပြီး တစ်ပင်လုံး၏ အရွက်များဆီသို့ ရောက်ရှိသည်။
  • Metribuzin – ရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပြီး  ရွက်ဖျန်းအဖြစ်သော်လည်းကောင်း၊ မြေပြင်သော်လည်းကောင်း ပက်ဖျန်းနိုင်သည်။
  • အရွက်၏အလင်းဖြင့်အစာချက်လုပ်ခြင်းဖြစ်စဉ်ကိုဟန့်တားခြင်းဖြင့် ပေါင်းပင်သည်အာဟာရ မရနိုင်တော့သဖြင့် သေဆုံးသွားသည်။
  • Acetochlor  – ပေါင်းပင်မျိုးစေ့မှ အညှောင့်မပေါက်နိုင်အောင်တားဆီးပေးသည်။ အစေ့မှအပင်ပေါက်ခါစ ပေါင်းပင်ကိုဆက်လက်ကြီးထွားမလာအောင်တားဆီးပေးသည်။
နှုန်းထား
  • ရေ ၂၀လီတာ ဝင် ဆေးဖျန်းပုံး ၁ ပုံးလျှင် မြင်းခေါင်း စတီးဇွန်း ၈ ဇွန်း (၄၀၀စီစီ/ဧက) ၊ မြေပြင်အုပ်ဆေးအဖြစ်ဖျန်းလျင် မြင်းခေါင်းစတီးဇွန်း ၁၀ ဇွန်း (၁ လီတာ /ဧက) အသုံးပြုပါ။
  • ၁ ဧကလျင် ရေ ၂၀ လီတာဝင်ဆေးဖျန်းပုံး ၅ ပုံးမှ ၇ ပုံးသုံးပါ။
သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက်

၄၅ ရက်။

နှိမ်နှင်းနိုင်သော ပေါင်းများ

၁ နှစ်ခံမြက်များနှင့် ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်သည်။

အဓိကအကျိုးကျေးဇူးများ
  • ပေါင်းမပေါက်မီမြေပြင်ပေါင်းအုပ်ဆေးအဖြစ်လည်းအသုံးပြုနိုင်သဖြင့် မြေဩဇာများကိုအာလူးပင်မှ အပြည့်အဝရရှိနိုင်သည်။
  • အပင်ကိုလောင်ကျွမ်းခြင်းမရှိသဖြင့် အာလူးပင်ဘောင်လုံးပြီးချိန်တွင်လည်း အပင်ပေါ်မှဖျန်းနိုင်သည်။
  • ရွေးချယ်ပေါင်းသတ်ဆေးဖြစ်သဖြင့် အာလူးပင်တန်းကြားထဲရှိ ပေါင်းပင်များကိုလည်း ထိရောက်စွာအချိန်မရွေးနှိမ်နင်းနိုင်သည်။