ပရိုဝမ်း

မှိုရောဂါများကာကွယ်ကုသနိုင်သောပင်လုံးပြန့်မှိုသတ်ဆေး

ဆေးအမည်
ပရိုဝမ်း ၂၅၀ အီးစီ
အစွမ်းရှိပစ္စည်း

Propiconazole 25%

ဆေးအမျိုးအစား

ပင်လုံးပြန့်မှိုသတ်ဆေး

သုံးစွဲနိုင်သော သီးနှံများ

ပဲမျိုးစုံ၊ မြေပဲ၊ စပါး၊ ငရုတ်၊ ကြက်သွန်နှင့် အခြားသီးနှံများ။

သုံးစွဲရမည့် အချိန်

ရောဂါစတင်ကျရောက်ချိန်မှာ အသုံးပြုပေးခြင်းဖြင့် ရောဂါ ပြန့်ပွားမှုကို ကာကွယ်ကုသနိုင်သည်။

ဆေးအာနိသင်ပြန့်နှံ့ပုံ

ပင်လုံးပြန့်အာနိသင်ရှိပြီး မှိုမျှင်များ၏ ဆဲလ်နံရံများကို ဖျက်ဆီးပေးကာ ရောဂါဖြစ်ပွားမှုကို ကုသဟန့်တားပေးသည်။

နှုန်းထား

ရေ ၂၀ လီတာ ဝင်ဆေးဖျန်းပုံးတစ်ပုံးတွင် ၁၀ -၄၀ စီစီထည်သွင်းပြီး တစ်ဧကလျှင် ၅၀ – ၂၀၀ စီစီ ဖြင့် ၅-၈ ပုံးအသုံးပြုပါ။

သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက်

၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)။

နှိမ်နှင်းနိုင်သော ရောဂါများ

ဖားဥမှို၊ သံချေး၊ ရွက်ပြောက်၊ မှဲ့ပြောက်စွန်း၊ အော်တာနေးရီးယား၊ စပါးမှိုသီး၊ ရွက်ဖုံးခြောက်။

အဓိကအကျိုးကျေးဇူးများ
  • မှိုရောဂါမျိုးစုံကာကွယ်ရုံမက အမြစ်ပြတ်သုတ်သင်နိုင်ပါသည်။
  • ရောဂါပုံမှန်ကျတတ်သော သီးနှံများတွင် ပုံမှန်သုံးစွဲပေးခြင်းဖြင့် ရောဂါမကျအောင်တားပေးပါသည်။
  • အပင်အစိတ်အပိုင်းတွင်းသို့ လျှင်မြန်စွာဝင်ရောက်နိုင်သည်။
  • အပင်အရောင်စိမ်းစေသည့် အာနိသင် နှင့် အပင်အတွက် လိုအပ်သော ဟော်မုန်း ဓာတ် ပါရှိသောကြောင့် ဆေးဖျန်းပြီး အပင်စိမ်းစိုစေပြီး အစာချက်လုပ်မှုအားကောင်းစေကာ သီးနှံပင်ပိုမိုကြီးထွားပြီး အထွက်တိုးစေသည်။