ရွှေကောမက်ကွန်ပလက်

ဆေးအမည်
ရွှေကောမက်ကွန်ပလက်
အသုံးပြုရမည့်ပုံစံ

ကြဲပက်

ပါဝင်သော အာဟာရဓာတ်များ

နိုက်ထရိုဂျင် (N) 20% + ဖော့စဖောရပ် (P) 10% + ပိုတက်ဆီယမ် (K) 10%

အာဟာရဓာတ် တန်ဖိုးများ
  • သာမန်မြေအစိုဓာတ်မှာပင် ပျော်ဝင်လွယ်သည့်အတွက် အာဟာရဓာတ်များကို အလွယ်တကူ လျင်မြန်စွာထောက်ပံ့ပေးနိုင်သည်။
  • သီးနှံပင်များ ကြီးထွားဖွံ့ဖြိုးစေရန်အတွက် အဓိကလိုအပ်သော နိုက်ထရိုဂျင်ဓာတ် မြင့်မားစွာပါဝင်သော မြေဩဇာဖြစ်သည်။
သုံးစွဲနိုင်သော သီးနှံများ

စပါး၊ ကြံ၊ ဂျုံ၊ ပြောင်း၊ နှမ်း၊ ကြက်သွန်၊ ခရမ်းချဉ်၊ ဂေါ်ဖီ ၊ နှင်းဆီစသည့် သီးနှံမျိုးစုံ။

သုံးစွဲရမည့် အချိန်

သီးနှံအဆင့်အလိုက်အပင်ကြီးထွားချိန်၊ ပန်းပွင့်ချိန် နှင့် အသီးအနှံများကြီးထွားဖွံ့ဖြိုးချိန်တွင်လည်း အသုံးပြုနိုင်သည်။

နှုန်းထား

သီးနှံများ၏ လိုအပ်ချက်အရ တစ်ဧက ၅၀ ကီလိုဂရမ် မှ ၁၀၀ ကီလိုဂရမ် အထိ အသုံးပြုနိုင်သည်။

အဓိကအကျိုးကျေးဇူးများ
  • နိုက်ထရိုဂျင်ဓာတ်မြင့်မားစွာ ပါဝင်သောကြောင့် သီးနှံပင်များ လျင်မြန်စွ ကြီးထွားဖွံ့ဖြိုးစေသည်။
  • အဆင့်မြင့် ကွန်ပလပ်ဓာတ်မြေဩဇာဖြစ်သောကြောင့် သီးနှံပင်များ တူညီမျှတသော အာဟာရဓာတ်ကို ရရှိစေသည်။
  • ပင်ပွားနှင့် ကိုင်းတက်များပြားစေသောကြောင့် သီးနှံအထွက်နှုန်းကို တိုးတက်မြင့်မားစေသည်။
  • သီးနှံပင်များ အပင်ပိုင်းနှင့် အသီးအပွင့်များကြီးထွားဖွံ့ဖြိုးစေရန်အတွက် အကောင်းဆုံးမြေဩဇာဖြစ်သည်။