ရာကျော်

စပါးရွေးချယ်ပေါင်းသတ်ဆေး

ဆေးအမည်
ရာကျော် ၃၂ ဒဗလျူပီ
အစွမ်းရှိပစ္စည်း

Bispyribas sodium 20%+Pyrazosulfuron Ethyl 12%

ဆေးအမျိုးအစား

စပါးယောင်၊ ရွက်ပြန့်နှင့် မြက်မုံညင်းသတ်ဆေး

သုံးစွဲနိုင်သော သီးနှံများ

စပါး။

သုံးစွဲရမည့် အချိန်

စပါးကြဲ/စိုက်ပြီး ၁၀-၁၅ ရက် အတွင်းအသုံးပြုနိုင်သည်။

ဆေးအာနိသင်ပြန့်နှံ့ပုံ

ပင်လုံးပြန့်အာနိသင်ရှိသော ရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။

နှုန်းထား

ရေ ၂၀ လီတာဝင်ဆေးဖျန်းပုံး တစ်ပုံးလျင် ၃၀ စီစီ ထည့်သွင်းပြီး တစ်ဧကလျင် ၁၅၀ စီစီ ထည့်သွင်းအသုံးပြုပါ။

နှိမ်နှင်းနိုင်သော ပေါင်းများ

စပါးယောင်၊ ကတောက်ဆက်၊ လယ်ပဒူ၊ ကြိတ်မှန်၊ လယ်လေးညင်း၊ ပုဇွန်စာ၊ မြက်မုန်ညင်းစိမ်း၊ မြက်မုံညင်းဝါ၊ မြက်ကွမ်းသီးလေး၊ ဝက်လာ။

အဓိကအကျိုးကျေးဇူးများ
  • အညွှန်းပါနှုန်းထားအတိုင်း အသုံးပြုပါက စပါးပင် ထိခိုက်မှုမရှိပါ။
  • စပါးယောင်၊ ရွက်ပြန့်ပေါင်း၊ မြက်မုန်ညင်းပေါင်းများကို ကောင်းစွာနှိမ်နှင်းနိုင်သည်။
  • ‌စပါးပင်ထိခိုက်မှုမရှိ၊ အထွက်တိုးစေသည်။