ဇောင်းထက်

ဆေးအမည်
ဇောင်းထက် ၄၀ ဒဗလျူပီ
အစွမ်းရှိပစ္စည်း

Quinclorac + Bensulfuron methyl

ဆေးအမျိုးအစား

စပါးရွေးချယ်ပေါင်းသတ်ဆေး

အသုံးပြုရမည့်ပုံစံ

ရွက်ဖျန်း

သုံးစွဲနိုင်သော သီးနှံများ

စပါး။

သုံးစွဲရမည့် အချိန်

စပါးစိုက်ပြီး ၇ – ၃၀ ရက်အတွင် အသုံးပြုနိုင်သည်။

ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ပင်လုံးပြန့် အာနိသင်ရှိပြီး ပေါင်းမြက်အားလုံးကို အရွက်နှင့် အမြစ်မှကောင်းစွာစုပ်ယူပြန့်နှံ့နိုင်သည်။
  • Quinclorac – ပေါင်းပင် အရွက်၊ အမြစ်တို့မှစုပ်ယူပြီး ပင်လုံးပြန့်အာနိသင်ရှိသည်။ မြက်သီး၊ ဝမ်းဘဲစာ၊ ဒိုက်ဝမ်းပူကို နှမ်နှင်းနိုင်သည်။
  • Bensulfuron methyl – ပင်လုံးပြန့် အာနိသင်ရှိ ရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပြီး အရွက်၊ အမြစ်တို့မှ စုပ်ယူနိုင်ကာ ရွက်ပြန့်နှင့် မုန်ညင်းကို သတ်နိုင်သည်။
နှုန်းထား

ရေ၂၀ လီတာဝင် ဆေးဖျန်းပုံး ၁ ပုံးလျှင် မြင်းခေါင်း စတီးဇွန်း ၈ – ၁၀ ဇွန်း (၄၀၀ – ၅၀၀ ဂရမ်/ဧက) နှုန်းဖြင့် ၁ ဧကလျှင် ဆေးဖျန်းပုံး ၅- ၇ပုံးသုံးပါ။

သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက်

၃၀ – ၄၀ ရက်။

နှိမ်နှင်းနိုင်သော ပေါင်းများ

မြက်သီး၊ ဝမ်းဘဲစာ၊ ဒိုက်ဝမ်းပူ၊ ရွက်ပြန့်ပေါင်း နှင့် မုန်ညင်း။

အဓိကအကျိုးကျေးဇူးများ
  • မြက်၊ မြက်မုံညင်း၊ ရွက်ပြန့် အားလုံးကို အထိရောက်ဆုံးတစ်ပြိုင်နက်ထဲ သတ်နိုင်သည်။
  • မြက်သီးကိုအနှံထွက်ချိန်အထိ နှိမ်နှင်းနိုင်သည်။
  • စပါးပင် အရွယ်အစားအမျိုးမျိုးတွင် အပင်လောင်ခြင်း လုံးဝမရှိပါ။